Relationship တစ်ခုကို ပိုပြီးခိုင်မာလာစေဖို့ နည်းလမ်း (၄)သွယ်

0
4569

ဘဝမှာ အချစ်ဆိုတဲ့အရာကို တည်မြဲစေတာဘယ်အရာလဲ။ ချစ်ခြင်းမေတ္တာဆိုလည်း ဟုတ်ပါတယ်။ ရိုသေလေးစား တန်ဖိုးထားခြင်းဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုဆိုတာ အဲဒါတွေနဲ့ပဲလည်း မလုံလောက်ပါဘူး။ Relationship တစ်ခုခိုင်မြဲစေဖို့၊ လုံခြုံဖို့၊ ဂရုတစိုက်ရှိဖို့နဲ့ နှစ်ဦးသဘောတူ ညီညတ်နေကြဖို့လည်း လိုသေးတယ်လေ။ တစ်ဦးအပေါ်တစ်ဦး စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာတွေက သာမန်ပါပဲ။ ဒါပေမယ့် relationship တစ်ခုကို ခိုင်မြဲချင်ရင်တော့ မကျေနပ်တာတွေ၊ ဒေါသတွေကို စုပုံထားတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

၁။       အထပ်ထပ်ငြင်းခုန်နေကြတဲ့အခါမျိုးတွင်

လက်တွဲဖော်အပေါ် အကြီးအကျယ်ပေါက်ကွဲမယ့်အစား သူ့ဆီကို ချဉ်းကပ်ပြီး သာသာလေးဖက်လိုက်ပါ။ ဒီလိုလုပ်ဖို့က နဲနဲတော့ ရဲဆေးတင်ဖို့လိုတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဒီလိုလေးလုပ်လိုက်တာနဲ့ ခံစားချက်တွေကို ဘယ်လိုပျော့ပြောင်းသွားစေတယ်ဆိုတာ အံ့သြဖွယ် တွေ့ရပါလိမ့်မယ်။

၂။       အရေးပေါ်အခြေအနေမျိုး ကြုံလာခဲ့ရင်

ကိုယ့်လက်တွဲဖော် မေမေက  နှလုံးရောဂါဖောက်ပြီ ဆိုကြပါစို့။ ဒီလိုအခြေအနေမျိုးကြုံခဲ့ရင် “ဘာအကူအညီပေးရမလဲ၊ ကျွန်မဘာလုပ်ပေးရမလဲ” စသဖြင့်မေးနေမယ့်အစား ကိုယ်တိုင်ဆုံးဖြတ်ပြီး လုပ်သင့်တာတွေ လုပ်ဆောင်ပေးပါ။ ဥပမာ ကားလက်မှတ်သော်လည်းကောင်း၊ လေယာဉ်လက်မှတ်သော်လည်းကောင်း ဖြတ်ပေးမယ်၊ သူ့အတွက် အဝတ်အစားပြင်ဆင်ပေးမယ် စတာတွေပေါ့။ ဒီလိုအရေးကြုံရတဲ့ လူတွေက ဘာလုပ်ရမယ်ဆိုတာ မစီမံနိုင်တော့ဘူးလေ။ ကိုယ့်ဘက်က ဖြေသိမ့်ကမ်းလှမ်းရင်တောင် သိပ်ပြီးမထိရောက်ဘူး။  ဒါကြောင့် ကိုယ်တိုင်ဆုံးဖြတ်ပြီး ကူညီသင့်တာ စီစဉ်ကူညီပေးလိုက်ပါ။

၃။       ချိန်းတာကို နောက်တစ်ကြိမ်ထပ်နောက်ကျခဲ့ရင်

ကိုယ်က အချိန်ကိုတန်ဖိုးထားတဲ့အတွက် ဒီလိုနောက်ကျတာတွေက မလေးစားပြုရာကျကြောင်း သူ့ကိုပြောပြပါ။ သူက အရင်ကနောက်ကျဖူးလို့ သူ့ကို ကလဲ့စားချေတဲ့အနေနဲပ နောက်ကျပြတာမျိုးမလုပ်ပါနဲ့။ သူ့ကိုသတိပေးပြီး နောက်တစ်ခါ အချိန်မှန်လာရန် ပြောပါ။ မဟုတ်ရင်လည်း စီစဉ်ထားတာကို သူ့ကို စောင့်မနေဘဲဆက်လုပ်လိုက်ပါ။ (ဥပမာ ရုပ်ရှင်ကြည့်ဖို့ချိန်းထားတာ နောက်ကျရင် သူ့ကိုထားခဲ့ပြီး တစ်ယောက်တည်းသွားကြည့်လိုက်) နောက်ကျရင် ဘယ်လိုကျန်ရစ်ခဲ့ကြောင်း သူ့ကိုပြလိုက်ပါ။

၎။ သူ့ရဲ့အကျင့်ဆိုးလေးတွေက ကိုယ့်ကို အနေခက်စေခဲ့ရင်

ကိုယ့်လက်တွဲဖော်က ဒီဟာသတစ်ခုကိုပဲ ထပ်ခါထပ်ခါပြောနေတဲ့အချိန် ကိုယ့်အမူအရာတွေက စိတ်ကုန်ဟန်၊ စိတ်ရှုပ်ဟန်ပြတာတွေ မလုပ်ပါနဲ့။ သူပြောနေတဲ့ ဟာသက မရယ်ရရင်တောင် ကိုယ်ကသူနဲ့တူတူရောပြီး ဟာသလေး ရယ်ရအောင် ဖြည့်စွက်ပေးပါ။ မဟုတ်ရင်လည်း ဘယ်သူမှ မရယ်ရင် ကိုယ်ကရယ်ပေးလိုက်ပါ။ သူနဲ့ကိုယ်က အုပ်စုတစ်စုလို စုစည်းနေရမှာကို ဆိုလိုတာပါ။