အဆင်မပြေမှုတွေ တစ်နေ့ကျတွေ့တဲ့အခါ

0
272

ဘဝမှာ အဆင်မပြေမှုတွေ ကြုံတွေ့ရတဲ့အခါ စိတ်ဟာဗျာပါဒတွေနဲ့ လွှမ်းခြုံနေပြီး ကမ္ဘာကြီးတစ်ခုလုံးအဆုံးသတ်သွားသလိုခံစားရတတ်ပါတယ်။ ရှုံးနိမ့်မှုတွေ၊ ပါယ်ထားသလိုခံစားရတဲ့ ခံစားမှုတွေနဲ့ နေ့ရက်တွေက အထီးကျန်ဆန်နေတတ်ပါတယ်။ ဒါပေမဲ့ စာချစ်သူတို့ရေ…

အဆင်မပြေမှုတွေဆိုတာ ဘဝကောင်းကင်ကြီးမှာ ခဏတာရောက်လာတဲ့အရာလေးတွေပါ။ ကောင်းကင်ကြီးမှာတောင် ပြာတဲ့နေ့နဲ့ မှိုင်းရီတဲ့နေ့တွေရှိသလို ဘဝကောင်းကင်မှာလည်း အဆင်မပြေမှုတွေနဲ့ ပျော်ရွှင်မှုတွေက တစ်လှည့်စီရောက်လာနေမှာပါပဲ။ “ရယ်တစ်လှည့် ငိုတစ်လှည့်ရှိတယ်” ဆိုတဲ့ လောကဓမ္မတာမှာဒုက္ခတွေကလည်း မမြဲပါဘူးနော်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့်အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ….

သူတို့ကို ဧည့်သည်လိုပဲ သဘောထားပါ။ ဧည့်သည်ဆိုတာ အိမ်တွင်းရေးကို စွက်ဖက်ခွင့်မရှိသလို အခက်အခဲတွေကြောင့် စိတ်နှလုံးတွေ အထိခိုက်မခံပါနဲ့။

ရှုံးနိမ့်မှုတွေကြုံတွေ့ရတဲ့အခါ လူတွေကိုယ့်ကိုဘယ်လိုမြင်ကြမလဲ ဆိုတဲ့အတွေးက ပိုပြီးတော့ ပူလောင်စေပါတယ်။ လူတိုင်းဟာ မိမိဘဝမှာ ရုန်းကန်လှုပ်ရှားနေရတာဖြစ်တာကြောင့် သင့်အကြောင်းကို ဘယ်သူမှ အချိန်အကြာကြီးစိတ်မဝင်စားအားပါဘူး။ ဒါကြောင့် ရှုံးနိမ့်မှုတွေကို ကိုယ်ကိုယ်တိုင်ရဲ့အားနဲ့ ကျော်လွှားပြီး အနာဂတ်ကို လျှောက်လှမ်းပါ။

အဆင်မပြေမှုတွေ ကြုံတွေ့ရတာနဲ့ပဲ မိမိကိုယ်ကို ကံဆိုးမိုးမှောင်ကျနေသူလို့ သဘောမထားပါနဲ့။ ကံကောင်းမှုတွေကြောင့် လူဖြစ်လာခဲ့တဲ့ဘဝမှာ မိမိရဲ့ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးဖို့သာ အရေးကြီးပါတယ်။

စာချစ်သူတို့ရေ…

ဘဝကောင်းကင်ကြီးမှာ လသာလာခဲ့ရင် ဗိုင်းငင်ကြမယ်။

မိုးရွာခဲ့ရင်  အပင်လေးတွေ စိုက်ပျိုးကြမယ်။

နေသာခဲ့ရင် စပါးလှန်းကြမယ်။

ဘဝရဲ့ အခြေအနေတိုင်းကို မိမိအတွက် အကျိုးရှိအောင် အသုံးချသွားမယ်ဆိုရင် အဆင်မပြေမှုတွေတစ်နေ့ကျတွေ့ခဲ့ရင် အကျိုးများပြီး ပိုမိုကောင်းမွန်တဲ့ ဘဝတွေကို တက်လှမ်းနိုင်မှာပေါ့နော်။

ကဲ… ချစ်ပရိသတ်ကြီး … အဆင်မပြေမှုတွေကြောင့် ထိုင်ငိုင်မနေနဲ့ အနာဂတ်ဆီကို အတူတူလျှောက်လှမ်းကြမယ်။

Leave a Reply