(၂၁ )နှစ်မှာ ဘဝကိုပိုမိုအဓိပ္ပာယ်ပြည့်ဝစေမယ့် ဖြည့်စွက်ချက်(၂၁)ခု

0
1792

၁။ အမှားတွေဆီက သင်ခန်းစာယူပါ။

အမှားတွေဆီကနေ ဘဝအတွက် သင်ခန်းစာတွေယူပါ။ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဒီကနေ့ရဲ့အမှားဆိုတာ မနက်ဖြန်အတွက် ရယ်စရာပါ။

၂။ သမားရိုးကျထဲက ခွဲထွက်ကြည့်ပါ။

အသစ်အဆန်းတစ်ခုကို အစပြုရတာ မလွယ်ကူပါဘူး။ ဒါပေမဲ့ ဆန်းသစ်တဲ့အတွေ့အကြုံတွေ က သင့်ကိုပိုအမြင်ကျယ်စေပြီး အခွင့်အလမ်းသစ်တွေ ယူဆောင်လာပါလိမ့်မယ်။

၃။ နိုင်တဲ့ဝန်ပဲထမ်းပါ။

အလုပ်တွေအများကြီးကို မနိုင်ဘဲလုပ်တာဟာ ခွန်အားကို ဖြုန်းတီးရာရောက်ပါတယ်။ ကိုယ်နိုင်သလောက် အလုပ်လေးတွေကိုပဲ အကောင်းဆုံးအာရုံစိုက်ပြီးလုပ်ပါ။

၎။ ချစ်ခြင်းမေတ္တာတွေကို ထုတ်ဖော်ပြသပါ။

ကိုယ်ချစ်ရသူတွေကို ချစ်တဲ့အကြောင်း ပြောပြပါ။ တိုတောင်းတဲ့ဘဝမှာ ချစ်ရသူတွေကို ချစ်ကြောင်းဝန်ခံဖို့ အခွင့်အရေးက နောက်တစ်ကြိမ် ဘယ်တော့မှရောက်လာမယ်ဆိုတာ မသိနိုင်လို့ ဖြစ်ပါတယ်။

၅။ အပြောင်းအလဲကို လက်ခံပါ။

အပြောင်းအလဲဆိုတာ ရှောင်လွှဲလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အပြောင်းအလဲကို လက်ခံပြီး အလိုက်သင့်ဖြတ်သန်းတတ်ဖို့ ကြိုးစားလိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကြောက်စိတ်ကို ဖယ်ရှားပါ။

အကြောက်တရားဆိုတာ တိုးတက်မှုတွေဆီမရောက်အောင် ဟန့်တားထားတတ်တဲ့ အရာပါ။ ဒါကြောင့် ကြောက်စိတ်ကိုဖယ်ရှားလိုက်ပါ။

၇။ ဝေဖန်မှုကိုအလေးထားလွန်းတာလျှော့ပါ။

အခြားသူတွေဝေဖန်မှာကြောက်ပြီး ကိုယ်လုပ်စရာရှိတာကို မလုပ်ဘဲနေတာဟာ ကိုယ့်လုပ် နိုင်တဲ့ အရည်အသွေးတွေကို ဖြုန်းတီးပစ်တာနဲ့အတူတူပါပဲ။ ကိုယ်လုပ်တဲ့အလုပ်က မှန်ကန်တယ် ဆိုရင် ဝေဖန်မှုတွေကို အလေးမထားဘဲ ဆက်လုပ်သင့်ပါတယ်။

၈။ ရိုးသားပါ။

ရိုးသားမှုဆိုတာ စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တဲ့အရာပါ။ ဘဝအတွက်တန်ဖိုးဖြတ်လို့ မရပါ ဘူး။ ဒါကြောင့် ရိုးသားမှုနဲ့ ကိုယ့်ဘဝကိုယ် ငြိမ်းချမ်းစွာတည်ဆောက်လိုက်ပါ။

၉။ မိတ်ဆွေဖွဲ့ပါ။

ပေါင်းသင်းဆက်ဆံရေးကျယ်ပြန့်ရင် ဘဝကလည်း ပိုကျယ်ပြန့်ပါတယ်။ စိတ်ရင်းအမှန်နဲ့ အခြားသူတွေအပေါ်ဆက်ဆံမယ်ဆိုရင် ကိုယ့်အပေါ်စိတ်ရင်းမှန်တဲ့မိတ်ဆွေတွေ ပြန်ပိုင်ဆိုင်ရမှာပါ။ မိတ်ဆွေကောင်းတွေဆီကနေ ကိုယ့်ဘဝအတွက် သင်ယူလိုက်ပါ။

၁ဝ။ ကိုယ်ပိုင်အချိန်ထားပါ။

ဇာတ်ကားကြည့်ဖို့၊ ချစ်ခင်ရသူတွေနဲ့နေ့လည်စာအတူစားဖို့၊ တစ်ယောက်တည်းခရီး ထွက်ဖို့ ကိုယ့်ကိုယ်ကိုအချိန်ပေးပါ။ တစ်ယောက်တည်းနေတာဟာ အပန်းဖြေတာနဲ့လည်း တူပါတယ်။

၁၁။ စူးစမ်းလေ့လာပါ။

အရာအားလုံးကိုသိတဲ့သူဆိုတာ လောကကြီးမှာ မရှိပါဘူး။ ကိုယ့်ထက်သိတဲ့သူတွေဆီက ကိုယ်သိချင်တာတွေကို စူးစမ်းလေ့လာမေးမြန်းသင့်ပါတယ်။

၁၂။ ကိုယ့်အရည်အသွေးကို အသုံးချပါ။

ကိုယ့်မှာ မရှိတဲ့အရည်အချင်းတွေကို တောင့်တနေမယ့်အစား ကိုယ့်မှာရှိတဲ့အရည်အသွေး တွေကို အသုံးချပြီး ဘဝအောင်မြင်မှုဆီတက်လှမ်းလိုက်ပါ။

၁၃။ ချီးမွမ်းစကားပြောပါ။

ချီးမွမ်းစကားလေးတစ်ခွန်းက လိုအပ်နေသူအတွက် ကြီးမားတဲ့စိတ်ချမ်းသာမှုတစ်ခုကို ဖြစ်ပေါ်သွားစေတာကို မမေ့ပါနဲ့။ စိတ်ချမ်းသာတဲ့သူတွေများလာတဲ့အခါ လောကကြီးက ပိုပျော် စရာကောင်းလာမှာပါ။

၁၄။ အမြဲသင်ယူနေပါ။

ဘဝဆိုတာ အမြဲသင်ယူနေမှ ရှေ့ဆက်တိုးနိုင်တဲ့ခရီးတစ်ခုဖြစ်ပါတယ်။ သင်ယူမှုတွေ ရပ်ဆိုင်း လိုက်တဲ့နေ့ဟာ ဘဝရဲ့တိုးတက်မှုတွေ ရပ်တန့်သွားတဲ့နေ့ပါပဲ။ ဒါကြောင့် ပညာရပ်တစ်ခုခုကိုအမြဲသင် ယူနေလိုက်ပါ။

၁၅။ ဝါသနာကိုရှာဖွေပါ။

ဝါသနာပါတဲ့အလုပ်ကိုလုပ်ကိုင်ခြင်းဖြင့် ပိုမိုစိတ်ထက်သန်ပြင်းပြသလို အောင်မြင်သွားတဲ့အခါ ဘဝရဲ့ အကောင်းဆုံးဆုလဒ်ကို ခံစားရစေပါတယ်။

၁၆။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။

မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကို အလှဆုံးလို့ ပြောပါ။ တစ်နေ့တာကို ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ စတင်လိုက်ပါ။

၁၇။ အခြားသူတွေကို လက်တွဲခေါ်ပါ။

စိတ်ရောကိုယ်ပါ ချမ်းသာပျော်ရွှင်ဖို့ဆိုရင် လိုအပ်နေသူတွေကို လက်တွဲခေါ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်အကူအညီလိုအပ်နေသူတွေကို ကူညီပါ။ အကြံဉာဏ်ပေးပါ။ လက်တွဲခေါ်ပေးပါ။

၁၈။ အပျော်ခရီးထွက်ပါ။

အောင်မြင်မှုအတွက် ကြိုးစားရင်း ခြေကုန်လက်ပန်းကျတဲ့အခါ အပျော်ခရီးထွက်လိုက်တာက စိတ်ကိုအပန်းပြေစေပြီး နောက်ထပ်စိန်ခေါ်မှုတွေအတွက် ခွန်အားသစ်တွေတိုးစေပါတယ်။ ဒါကြောင့် အချိန်ယူပြီး ခရီးထွက်ပါ။

  ၁၉။ ကိုယ့်ကိုယ်ကိုပဲ ပြိုင်ဆိုင်ပါ။

ကိုယ့်ကိုယ်ကို မနေ့ကထက် ဒီနေ့ပိုတော်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။ ပိုကောင်း တဲ့ ရလဒ်တွေထွက်လာအောင် ပြုလုပ်သွားခြင်းဖြင့် အနာဂတ်မှာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ် လာမှာပါ။

၂ဝ။ စွန့်စားပါ။

ရှိတဲ့အောင်မြင်မှုလေးနဲ့ ဘဝကိုရောင့်ရဲကျေနပ်မနေပါနဲ့။ ရှေ့ဆက်တိုးဖို့ စွန့်စားလိုက်ပါ။

၂၁။ ကိုယ်ဖြစ်ချင်တာကို ရွေးချယ်ပါ။

ကိုယ်ဖြစ်ချင်တာကို စဉ်းစားပြီး ဖြစ်အောင်လုပ်ပါ။ တခြားသူတွေရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးရင်း ကိုယ့်ဘဝအချိန်တွေကို ဖြုန်းတီးတာမျိုး မပြုလုပ်ပါနဲ့။

အားလုံးလည်း အဓိပ္ပာယ်ပြည့်ဝပြီး ပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ ဆောင်းပါးလေး ကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။