လူ့ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ဆန်းဆန်းပြားပြား၊ ရှာရှာဖွေဖွေဗဟုသုတလေးတွေ…

0
44

၁။ မျက်လုံးတွေဟာ မွေးကတည်းကအရွယ်အစားဖြစ်ပေမဲ့ နှာခေါင်းနဲ့နားတွေကတော့ အရွယ်နဲ့အ လိုက် ဖွံ့ဖြိုးလာတယ်။

၂။ လူတိုင်းမှာ မတူညီတဲ့ကိုယ်နံ့ကိုယ်စီရှိပေမဲ့ အမြွှာတွေကတော့ အနံ့ချင်းတူကြတယ်။

၃။ လူ့နှာခေါင်းဟာ အနံ့ပေါင်း ၅ဝဝဝဝ ကျော်ကို မှတ်မိနိုင်ပြီး အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီးအနံ့ခံကောင်းတယ်။

၎။ ခန္ဓာကိုယ်က အမွှေးအမျှင်တွေထက် မျက်နှာပေါ်က အမွှေးအမျှင်တွေက ပိုရှည်လွယ်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ လူတိုင်းရဲ့လျှာမှာ ဘယ်သူနဲ့မှမတူတဲ့ လက်ဗွေရာလို ကိုယ်ပိုင်အမှတ်အသားကိုယ်စီရှိကြတယ်။

၆။ လူတစ်ယောက်ရဲ့တစ်သက်တာလုံးထွက်တဲ့တံတွေးတွေက ရေကူးကန်နှစ်ကန်ပြည့်အောင် ဖြည့် နိုင်တယ်။

၇။ နာရီဝက်အတွင်း ခန္ဓာကိုယ်ကထွက်တဲ့အပူတွေဟာ ရေဂါလံဝက်ကို ပွက်ပွက်ဆူစေနိုင်တယ်။

၈။ တခြားသူကသာ ကိုယ့်ကိုကလိထိုးလို့ရပြီး ကိုယ့်ကိုယ်ကို ယားအောင်ကလိထိုးလို့မရတာက ခန္ဓာ ကိုယ်လှုပ်ရှားမှုနဲ့ အသိဉာဏ်က ချိန်သားကိုက်နေလို့ဖြစ်တယ်။

၉။ လန်းဆန်းနိုးထနေတဲ့အခါ လူ့ဦးနှောက်ဟာ မီးသီးတစ်လုံးကို လင်းစေနိုင်တဲ့ လျှပ်စစ်စွမ်းအားကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

၁ဝ။ လက်သန်းကို ဖြတ်ပစ်လိုက်ရင် လက်တစ်စုံလုံးရဲ့သန်မာမှု ၅ဝ% ကို ဆုံးရှုံးသွားတယ်။

၁၁။ လူတစ်ယောက်အသက်ရှင်နေထိုင်စဉ်အတွင်း တစ်သက်တာမှတ်ဉာဏ်ထဲမှာ အချက်အလက် ပေါင်း ၁ ကွာဒရီလီယံ (1 quadrillion) ကျော်အထိ သိမ်းဆည်းထားနိုင်တယ်။

၁၂။ မကြာခဏအိပ်မက်မက်တဲ့လူတွေဟာ IQ မြင့်မားတဲ့သူတွေဖြစ်တယ်။

၁၃။ မမျိုးဥဆိုတာ ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုသာဖြစ်ပြီး သာမန်မျက်စိနဲ့ မြင်နိုင်တယ်။

၁၄။ ကိုယ်အလေးချိန်ပေါ်မူတည်ပြီး ရေသောက်ပေးရင် ၂လအထိအစာမစားဘဲ အသက်ရှင်နိုင်တယ်။

၁၅။ ကြောက်နေတဲ့အခါ နားဖာချေးပိုထွက်တယ်။

၁၆။ နှာချေမှုတစ်ခုက တစ်နာရီအတွင်း မိုင်တစ်ရာကျော်ရောက်နိုင်တယ်။

၁၇။ မျက်နှာပူနွေးမှုကို ခံစားရတဲ့အခါ အစာအိမ်နံရံပါ အလိုလိုပူနွေးလာတယ်။

၁၈။ ကလေးငယ်တွေမှာ အရွယ်ရောက်သူတွေထက် အရိုး ၆ဝ ပိုများတယ်။

၁၉။ အစာအိမ်ထဲက အစာချေဖျက်ပေးတဲ့အက်ဆစ်ဟာ ဘက်ထရီအက်ဆစ်လိုပဲပြင်းထန်ပြီး စတီးလ် တွေကိုတောင် ချေဖျက်နိုင်တယ်လို့ ယူဆကြတယ်။

သိမှတ်ဖွယ်ရာဗဟုသုတလေးတွေကို မျှဝေဖို့ SHARE လိုက်ပါဦးနော်။

Leave a Reply