Yearly Archives: 2015

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၈ ရက် မှ အောက်တိုဘာ ၄ ရက်နေ့အထိ)

၁။ မိဿ      ရာသီဖွား (Aries ) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ ဒီတစ်ပါတ်အတွင်း သင့်ရဲ့ ကံကြမ္မာက အကောင်းဘက်ကို ဦးတည်နေတာမို့ အလုပ်မှာ အကောင်းဆုံးထက် ကောင်းတဲ့ အရာတွေကို ပိုင်ဆိုင်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အားစိုက်ထုတ်မှုတော့...

သင့်အိမ်မက်တွေရဲ့ နောက်ကွယ်က အဓိပ္ပါယ်များ – အပိုင်း – (၁)

လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်မှာ အိမ်မက်ပေါင်း ၁၄၆ဝ မက်တယ်လို့ လေ့လာတွေ့ရှိသူတွေက ဆိုထားပါတယ်။ ဒါဟာ တစ်ညမှာ အိမ်မက် လေးခုလောက် မက်တဲ့သဘော ပါပဲ။ အောက်ဖက်မှာ ဖော်ပြထားတာတော့ ကျွန်မတို့ မက်လေ့မက်ထရှိတဲ့ အိမ်မက်တွေနဲ့ သူတို့နောက်ကွယ်က အဓိပ္ပါယ် လေးတွေအကြောင်း ပါပဲ။ ၁။ အမြင့်ပေါ်က ပြုတ်ကျတယ်လို့...

နှလုံးရောဂါကာကွယ်ရေးနဲ့ ကြက်သွန်နီ

ကြက်သွန်နီက ကျန်းမာရေးအတွက် အရမ်းအကျိုးရှိပြီး အထူးသဖြင့်တော့ နှလုံးကို ကာကွယ်ပေးပါတယ်။ ပြီးတော့ သွေးထဲက ကိုလက်စထရော(cholesterol) ကို လျော့ကျစေပြီး သွေးနီဥတွေရဲ့ ဆဲလ်နံရံတွေကိုလည်း ပိုပြီး သန်မာလာစေပါတယ်။ လေ့လာမှုတွေအရ ကြက်သွန်နီက အရိုးကိုလည်း သန်မာ စေပါတယ်။ ပြီးတော့ အသက်အရွယ်ရလာတဲ့ အမျိုးသမီးတိုင်း ခံစားရတဲ့ အရိုးပွခြင်းကိုလည်း ကာကွယ်ပေးပါတယ်။...

အချစ်ခရီးတစ်လျှောက်မှာ ရှောင်ရှားသင့်တဲ့ စိတ်ရဲ့ စေစားမှုများ

သင့်ရဲ့ relationship နဲ့ ပတ်သတ်လို့ အနာဂါတ်မှာ အကောင်းဆုံး အခွင့်အလမ်း ရချင်တယ်ဆိုရင် စိတ်အလိုလိုက်မှုတွေကို ရှောင်ရှားနိုင်ရပါမယ်။ အရင်က စိတ်အလိုလိုက်ပြီး လုပ်ခဲ့မိတယ့် လုပ်ရပ်လေးတွေ ရှိခဲ့ရင်လည်း စိတ်မပူပါနဲ့။ နေ့ရက်တိုင်းကို နေ့သစ်အဖြစ်မြင်ပြီး ဘဝကို လတ်လတ်ဆတ်ဆတ် ပြန်လည် စတင်နိုင်ပါသေးတယ်။ ရှောင်ရှားသင့်တဲ့ စိတ်ရဲ့...

မမေ့မလျော့ ကျေးဇူးတင်သင့်တဲ့ အချက် (၁၀) ချက်

ဘဝမှာ ကြိုးစားရုန်းကန်နေရတဲ့ အချိန်ဆိုတာ လူတိုင်းမှာရှိပါတယ်။ အဲဒီ အချိန်လေးတွေကို ခွန်အားအဖြစ် ပြောင်းလဲသွားစေဖို့ ကိုယ့်လက်ရှိပိုင်ဆိုင်မှုတွေနဲ့ ကိုယ်ရောက်နေတဲ့နေရာကို တန်ဖိုးထားပြီး ကျေးဇူးသိတတ်ဖို့လိုပါတယ်။ ကယ်…ကိုယ့်ဘဝမှာ ကျေးဇူးသိသင့်သိထိုက်တဲ့ အရာလေးတွေကို ပြန်တွေးသောကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ " ဘဝကို အပြည့်အဝ တွေ့ကြုံရင်ဆိုင်နိုင်ခြင်းကသာ ချမ်းသာမှုအစစ်ပါ။"- ဟင်နရီ ဒေးဗစ်...

ခြေထောက်လှလှလေးတွေမှာ အရည်ကြည်ဖုလေးတွေ မဖြစ်ရလေအောင်

သင့်ခြေထောက်မှာ အရည်ကြည်ဖု ဖြစ်စေ၊ ပြည်တည်ဖုလေး ဖြစ်စေ တစ်ဖုလောက်ရှိရုံနဲ့တင် သင်ရဲ့ တစ်နေ့တာနေထိုင် သွားလာမှုကို အနှောင့်ယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဂန္ထဝင်ပရိတ်သတ်ကြီး ဒီပြဿနာကြောင့် စိတ်မညစ်ရလေအောင် အောက်ဖက်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြထားပါတယ်။ ၁။ ဖိနပ်အသစ်ဝယ်ရင် သတိထားပါ။ ဖိနပ်အသစ်ဝယ်တဲ့ အခါ ကြီးလွန်းနေတာ၊ ကျပ်လွန်းနေတာတွေက ဖိနပ်ပေါက်ပြီး...

နာချေတဲ့ ပုံစံလေးတွေက ပြောနေသော သင့်အတွင်းစိတ်ထား

၁။ အားရပါးရ နာချေတတ်တယ် ဆိုရင် သင်က သြဇာအာဏာရှိတဲ့သူ တစ်ယောက်ဖြစ်ပြီး သူတစ်ပါးကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ သင်က ပွင့်လင်းမှုရှိတယ်။ သူတစ်ပါးကို အကောင်းမြင်စိတ် ရှိတယ်။ လုပ်စရာရှိတာကို ကောက်ကာငင်ကာ လုပ်တတ်ပြီး စိတ်ကူးယဉ်တတ်တဲ့ သူလည်း ဖြစ်တယ်။ သင်က တွေးခေါ်တတ်တဲ့သူ တစ်ယောက်လည်း ဖြစ်တယ်။ မိတ်သစ်ဖွဲ့ရတာကို...

လမ်းခွဲရာမှာ ရှောင်ကြဉ်အပ်သော အပြုအမူများ

ကိုယ်နဲ့ ဘယ်လိုမှ လက်တွဲလို့ မဖြစ်နိုင်တော့ဘူးဆိုရင် အရင်က ဘယ်လောက်ပဲ ချစ်ခဲ့ကြပါစေ လမ်းခွဲကြရမှာပါပဲ။ တစ်ချိန်က သိပ်ချစ်ခဲ့တဲ့ ချစ်သူတွေ ဖြစ်ကြတာကြောင့် လမ်းခွဲခြင်းကို ရင်ဆိုင်ရာမှာ အတော်ခက်ခဲပါလိမ့်မယ်။ လူနှစ်ယောက် တစ်သက်တာလုံး လက်ပြနှုတ်ဆက်တဲ့ အချိန်လေးက သိပ်ကို အရေးကြီးနေတာကြောင့် တစ်ယောက်နဲ့ တစ်ယောက် လမ်းခွဲတဲ့အခါ...

အင်္ဂါနေ့လေးအတွက် ရယ်မောစရာ ဟာသလေးများ – အပိုင်း – ၅

၁။ အသာလုပ်ပါဟ… ဆရာကြီး။ ဂျော့ရှ် ဝါရှင်တန်(George Washington) က သူ့အဖေရဲ့ ချယ်ရီပင်ကို ပုဆိန်နဲ့ ခုတ်ပစ်ရုံတင် မကဘဲ သူ့အပြစ်လည်း သူဝန်ခံလိုက်တယ်။ ကဲ… ငါ့တပည့်… သူ့အဖေက ဘာလို့ သူ့ကို မရိုက်လဲ သိလား… တပည့်။ သူ့လက်ထဲမှာ ပုဆိန်ကြီး ကိုင်ထားသေးလို့ နေမှာပေါ့...

သင့်မှာဒီလိုအကျင့်ဆိုးတွေရှိနေရင် ခုပဲစွန့်ပစ်လိုက်ပါတော့

၁။ ကိုယ့်ကိုယ်ကို သံသယစိတ်တွေ များနေခြင်း။ ၂။ အရာရာ မကောင်းမြင်တတ်ခြင်း။ ၃။ ကျရှုံးမှုကို စိုးရိမ်ကြောင့်ကြနေခြင်း။ ၄။ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေကို မစွန့်လွှတ်နိုင်ခြင်း။ ၅။ အတင်းအဖျင်း ပြောဆိုတတ်ခြင်း။ ၆။ တစ်ပါးသူကို အပြင်းအထန် ဝေဖန်တတ်ခြင်း။ ၇။ စိတ်ထိန်းချုပ်မှု ကင်းမဲ့နေခြင်း။ ၈။ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များ စားသုံးခြင်း။ ၉။ ပျင်းရိနေခြင်း။ ၁ဝ။ ကိုယ့်ကိုယ်ကို...

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (စက်တင်ဘာလ ၂၁ ရက် မှ ၂၇ ရက်နေ့အထိ)

၁။ မိဿ      ရာသီဖွား (Aries ) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ ဒီတစ်ပတ်အတွင်း ကိုယ်တစ်ချိန်လုံး ပြောချင်နေပြီး ပြောမထွက်တဲ့ စကားတွေ ရုတ်တရက် ထွက်သွားတတ်ပါတယ်။ သင့်ဘဝမှာ အရေးပါတဲ့ relationship အတွက် အချိန်ပေး ရတာမျိုးလေးတွေ ရှိတတ်ပါတယ်။...

သင့်စိတ်ဓာတ်ခွန်အားကို လှုံ့ဆော်ပေးမယ့် အတွေးအခေါ်လေးတစ်ခု

မိတ်ဆွေတို့မှာ မနက်တိုင်း ဒေါ်လာ (၈၆,၄ဝဝ) ထည့်ပေးတဲ့ ဘဏ်အကောင့်တစ်ခု ရှိတယ်ဆိုပါစို့။ အဲဒီငွေတွေကို ကုန်အောင်သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ နောက်ရက် မနက်မိုးလင်းတာနဲ့ လက်ကျန်ငွေတွေ ပယ်ဖျက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ဒီလိုနဲ့ပဲ နေ့စဉ်နေ့တိုင်း သင့် အကောင့်မှာ ၈၆,ဝဝဝ တိတရှိနေမယ် ဆိုပါစို့။ ဘယ်သူပဲဖြစ်ဖြစ် အကောင့်ထဲမှာ...

မှန်ကန်သင့်မြတ်တဲ့ ဘဝနေထိုင်မှုပုံစံဆိုတာ

အပြိုင်အဆိုင်များလှတဲ့ ပတ်ဝန်းကျင်မှာ လုပ်ငန်းဆောင်တာတွေကို ဟာကွက်မရှိ လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ သို့ပေမယ့် မိသားစုဘဝနဲ့ လူမှုဆက်ဆံရေးတွေ လစ်ဟင်းသွားလောက်တဲ့ထိ အလုပ်က လွှမ်းမိုးနေတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ခုခု လုပ်ဆောင်တော့မယ်ဆို တွေးတောဆင်ခြင်ဖို့လိုအပ်တာ မှန်ပါတယ်။ သို့ပေမယ့် အတွေးကနေ လက်တွေ့အကောင်အထည်ဖော်ဖို့ကိုလည်း မေ့ထားလို့မရပါဘူး။ ကိုယ်စားချင်တဲ့ အစားအသောက်လေးတွေ စားလို့ရပါတယ်။ သို့ပေမယ့် ကျန်းမာရေးနဲ့...

ထာဝရ အလှတရားတွေကို ပိုင်ဆိုင်ဖို့ ဘာလုပ်ရမလဲ

၁။ လွတ်လပ်ပွင့်လင်းတဲ့ အပြုံးလေးတွေ အမြဲ ရှိနေပါ။ ၂။ ကောင်းတဲ့ဂုဏ်သတင်းလေးတွေနဲ့ အမြဲသင်းပျံ့နေပါ။ ၃။ အဝတ်အစားရွေးချယ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ စတိုင်ကျလှပဖို့ရွေးချယ်ပါ။ ၄။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်သမျှ အကြောင်းအရာတွေနဲ့ မျက်ခြေမပျက်ရှိနေပါ။ ၅။ မိမိကိုယ်တိုင်ရော မိမိပတ်ဝန်းကျင်ကိုပါ အမြဲကြင်နာနွေးထွေးပါ။ ၆။ အီလက်ထရွန်းနစ် ပစ္စည်းတွေ မပါဘဲ ခံစားပျော်ရွှင်လို့ရတဲ့ စိတ်ဝင်စားမှု/ဝါသနာ အနည်းဆုံး...

ယောင်္ကျားကောင်းဆိုတာ…

၁။ ကိုယ့်လက်တွဲဖော်ကို ဘယ်လိုလေးစားတန်ဖိုးထားရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။ လေးစားမှုဆိုတာ relationship တစ်ခုကို ပိုပြီး ခိုင်မာလာစေဖို့နဲ့ ပိုပြီး ရှင်သန်လာစေဖို့ပါ။ ယောင်္ကျားကောင်းဆိုတာ ကိုယ့် လက်တွဲဖော်အပေါ် ဘယ်လို လေးစားတန်ဖိုးထားရမလဲ ဆိုတာ သိကြသလို ထိုက်တန်တဲ့ လေးစားမှု၊တန်ဖိုးထားမှုတွေ ပေးဖို့အတွက်လည်း အသင့်ရှိနေတတ်ပါတယ်။ ၂။ ပွေရှုပ်တာကို...

မတည်မြဲတဲ့ လောကကြီးမှာ စိတ်ဓာတ်ကလေးထားတတ်သူများ ဖြစ်စေဖို့…

ကလေးလေးတစ်ယောက်က ဒူးကိုထောက်ပြီး ပလက်စတစ်ပုံးလေးနဲ့ သဲမြေပေါ်မှာ ဆော့ကစားနေတယ်။ သူက ပလက်စတစ်ပုံးလေးထဲကို သဲမြေတွေထည့်ပြီး ရဲတိုက်လေးတစ်ခု ပုံပေါ်လာအောင် ဆောက်နေတာပါ။ ဒီ အင်ဂျင်နီယာငယ်လေး ဆောက်လိုက်တော့ သဲပုံလေးကနေ ရဲတိုက်လေးလို ဖြစ်သွားတော့တယ်။ ကလေးလေးက တစ်နေကုန် သူ့အလုပ်သူပဲ ဆက်လုပ်နေတယ်။ သူက ပတ်ပတ်လည်မှာလည်း ကျုံးနံရံလေးတွေ လုပ်နေတယ်။...

သင့်အိမ်ထောင်ရေး လမ်းကြောင်းကပြောနေသော သင့်အကြောင်း

A.   အိမ်ထောင်ရေးလမ်းကြောင်းက အပေါ်ဘက်ကို ထောင်တက်နေတယ်ဆိုရင် အဲ့ဒါက သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ အိမ်ထောင်သည် ဘဝနဲ့တွေ့ဆုံရတော့မှာပါ။ အဲ့ဒါက ပျော်ရွှင်မှုရဲ့ လက္ခဏာလေးပါပဲ။ ဤဆောင်းပါးကို ဂန္တဝင်မဂ္ဂဇင်း မှတင်ဆက်ပါသည်။ B.   အိမ်ထောင်ရေးလမ်းကြောင်းက အပေါ်ဘက်ကို ကိုင်းထွက်သွားတယ်ဆိုရင် သင်က မကြာခင် ချမ်းမြေ့တဲ့ အိမ်ထောင်သည် ဘဝကိုရောက်တော့မှာပါ။ သင်က အကောင်းကြိုက်တတ်ပြီး အချစ်ရေး...

Relationship တစ်ခုမှာ သတိထား ရှောင်ကျဉ်သင့်တဲ့ စိတ်နေစိတ်ထားလေးများ။

သာယာတဲ့ Relationship တစ်ခုဖြစ်လာဖို့ဆိုတာ အဲဒီRelationship အပေါ်မှာထားတဲ့ ခံယူချက်တွေက သိပ်ကို အရေးပါနေပါတယ်။ ချစ်သူနှစ်ဦးဆိုလည်း တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ထိ တန်ဖိုးထားလဲ၊ သည်းခံနားလည်နိုင်လဲ၊ တစ်ယောက် အိမ်မက်ဆန္ဒတစ်ယောက် ဘယ်လောက် ပါရမီဖြည့်နိုင်လဲ ဆိုတာတွေက သိပ်ကို အရေးကြီးပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ခံယူချက်လေးတွေနဲ့ ခိုင်မာတဲ့ Relationship...

၄၈။ နှလုံးသား-အာဟာရ

ပြီးပြည့်စုံတဲ့ relationship ဆိုတိုင်း ပြဿနာတွေ၊ အခက်အခဲတွေ မရှိတာမျိုး မဟုတ်ပါဘူး။ အဲဒီခက်ခဲတဲ့ အချိန်တွေကို အတူဖြတ်ကျော်ရတာတောင် တစ်ယောက်ကိုတစ်ယောက် ဖေးဖေမမနဲ့ ကြင်နာနွေးထွေး တတ်သူတွေပဲဖြစ်ပါတယ်။ -အမည်မသိ (Unknown)

အပေါ်ယံကြည့်ပြီး လူတစ်ယောက်ကို ကောက်ချက်မချသင့်ကြောင်း ဖြစ်ရပ်လေးတစ်ခု

အသက် (၂၄) နှစ်အရွယ် ကောင်လေးတစ်ယောက်ရယ်၊ သူ့အဖေဖြစ်သူရယ် ရထားလေးနဲ့ ခရီးထွက်ကြတယ်။ လက်ထပ်ပြီးကာစ ဖြစ်ပုံရတဲ့ စုံတွဲတစ်တွဲဟာ သူတို့ သားအဖရဲ့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေကြပါတယ်။ (၂၄) နှစ်အရွယ်ကောင်လေးက ပြတင်းပေါက်ကနေ ငေးရင်း "အိုး… ဖေဖေ ကြည့်ပါအုံး၊ သစ်ပင်ကြီးတွေ ကျွန်တော်တို့ နောက်မှာကျန်ခဲ့ပြီ။"...