Yearly Archives: 2015

နေ့ရက်ဆိုးတွေကို အနိုင်ယူ ကျော်လွှားနိုင်ဖို့

နေ့ရက်ဆိုး ဆိုတာကလည်း သံသရာ လည်နေသလိုပါပဲ။ ရောက်လာလိုက်၊ ပျောက်သွားလိုက်နဲ့ပါ။ ဒါကို လူတိုင်း ကြုံဖူးကြမှာပါပဲ။ ဒီတော့ နေ့ရက်ဆိုးတွေနဲ့ ကြုံရတဲ့အခါ စိတ်အေးအေး ထားနိုင်ဖို့ကသာ အရေးကြီးတာပါ။ အသက်ကိုဝဝရှူ ပြီး ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်တာမျိုး၊ ကိုယ်အရမ်းနှစ်သက်တဲ့ စာအုပ်ဖတ်တာမျိုး၊ သင်စိတ်ဝင်စားတဲ့ အရာတွေအတွက် အချိန်ကောင်းကောင်းပေးတာမျိုတွေက...

ကျေးဇူးမသိရင်နေ၊ ကျေးဇူးမကန်းမိစေဖို့ (ရင်နင့်ဖွယ်ဇာတ်လမ်းလေး တစ်ပုဒ်)

လူနှစ်ယောက်ဟာ အလွန်ပြင်းထန်တဲ့ အဖျားရောဂါ ကိုယ်စီနဲ့ ဆေးရုံရောက်နေခဲ့ကြတယ်။ ယူထားတဲ့ အခန်းလေးက တူနေတာမို့ တစ်ခန်းတည်းမှာ အတူတူ နေထိုင်ပြီး ဆေးကုသမှု ခံယူနေကြရတယ်။ တစ်ယောက်ကတော့ အခန်းရဲ့ တစ်ခုတည်းသော ပြတင်းပေါက်ဘေးမှာ အိပ်စက်ရပြီး အခြားတစ်ယောက်ကတော့ အတွင်းဘက်ကုတင်မှာ အိပ်ရတယ်။ ပြီးတော့ သူ့ရောဂါက ပြတင်းပေါက်ဘက်က...

ကိုယ့်ထင်မြင်ယူဆချက်နဲ့ ဘာကိုမှ မဆုံးဖြတ်သင့်ကြောင်း (ဟာသလေးတစ်ပုဒ်)

လေဆိပ်မှာ ဟယ်လီကော်ပတာ တစ်စီး ရပ်ထားတယ်ဆိုတာကို ကြားတာနဲ့ တေဇဆိုတဲ့ ကောင်လေးက ဟယ်လီကော်ပတာဆီသို့ အပြေးခရီးနှင်ပါတော့တယ်။ လေယာဉ်ရပ်နားစခန်းမှာ ရပ်ထားတဲ့ ဟယ်လီကော်ပတာ ပေါ်တက်ပြီး “သွားစို့ ” ဆိုပြီး အော်လိုက်တယ်။ လေယာဉ်မှူးလည်း လေယာဉ်ပေါ် ကသောကမျော တက်ပြီး စမောင်းပါတော့တယ်။ အတန်ငယ်မောင်းနှင်ပြီးတဲ့ အချိန်မှာတော့ တေဇက လေယာဉ်ပိုင်းလော့ကို “တောင်ကြားနားရောက်ရင်...

ဘဝခရီးကို အတူလျှောက်လှမ်းသင့်တဲ့ ယောင်္ကျားကောင်းဆိုတာ

လူတိုင်းမှာ မတူညီတဲ့ အချစ်ခရီလမ်း၊ ပုံပြင် ကိုယ်စီ ရှိကြပါတယ်။ တစ်ချို့ အတွက်တော့ သူတို့ အချစ်ခရီးက ရုပ်ရှင်တွေထဲက ဂန္တဝင်မြောက် အချစ်တွေလို ပါပဲ။ တစ်ချို့ အတွက်ကတော့ ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလိုနဲ့။ တစ်ချို့တွေအတွက် ကျပြန်တော့လည်း အံ့သြရလောက်အောင်ကို နှစ်ယောက်မရှိ ဆိုသလို ပြိုင်စံရှားပြီး...

အိမ်ထောင်ရှိအမျိုးသမီးတစ်ဦးဖြစ်ရခြင်း၏ အကျိုးကျေးဇူးများ

ဒီနေ့ခေတ်မှာ အမျိုးသမီးတစ်ဦးကို လက်ထပ်ဖို့ အတွက် အိမ်တွင်းမှု ကျွမ်းကျင်နိုင်နင်းမှဆိုတဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ အယူဆတွေ မရှိတော့ပါဘူး။ ဒီနေ့ခေတ် အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေကို အိမ်တွင်းမှု တစ်ခု လုပ်တတ်ရုံ အမျိုးသမီးတွေကိုဘဲ ရှာဖွေနေကြတာမျိုး မဟုတ်တော့ပါဘူး။ ခုခေတ်မိန်းကလေးတွေကတော့ သူတို့တတ်နိုင်တဲ့ ဘက်ကနေ အလုပ်လုပ်ကြရင်း အိမ်ထောင်တာဝန်တွေကို ထမ်းဆောင်နေကြပါပြီ။...

အမုန်းရောဂါကို အချစ်ဆေးဆရာနဲ့ ကုသကြပါစို့

နှစ်ပေါင်းလေးဆယ်ကြာ ချစ်ချစ်ခင်ခင် နေလာခဲ့တဲ့လယ်သမား ညီအစ်ကို နှစ်ယောက်ဟာ တစ်နေ့မှာ တစ်ယောက်နဲ့တစ်ယောက်ကြား အပေးအယူမမျှတာနဲ့ အထင်လွဲကုန်ကြပြီး ပဋိပက္ခတစ်ခု ဖြစ်ခဲ့ကြပါတယ်။ သူတို့ဟာ ဟိုးအရင် နှစ်လေးဆယ်လုံးလုံး လယ်ထွန် ဖို့လိုအပ်တဲ့ စက်ကိရိယာတွေ အတူမျှဝေသုံးစွဲကြ၊ လယ်လုပ်သားတွေနဲ့ လယ်လုပ်ငန်းတွေကို အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာပါ။ အရင်က ဘယ်လောက်ပဲ စည်းလုံးခဲ့...

ကမ္ဘာကျော်ဖို့ မလိုပါဘူး။ မြန်မာဆန်ရင် လုံလောက်ပါတယ်။

မိန်းမတွေကို နှစ်သက်ဖွယ်ကောင်းတဲ့ အလှတရားတွေနဲ့ ဘုရားသခင်က ဖန်ဆင်းပေးခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အောက်ဖက်မှာ ဖော်ပြထားတဲ့ နိုင်ငံတွေမှာ နေထိုင်တဲ့ မိန်းကလေးတွေဟာ ကမ္ဘာမှာ အလှဆုံး သူတွေလို့ သတ်မှတ်ရလောက်အောင် လှပကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် မိန်းကလေးတွေရဲ့ အလှဟာ လူမျိုး၊ အသက်အရွယ်၊ နေထိုင်ရာ...

မဖြစ်မနေ သိထားသင့်တဲ့ ဘဝနေနည်းဆိုင်ရာ သင်ခန်းစာလေးများ

ဘဝဆိုတာ အမြဲမပြတ် သင်ယူနေရတဲ့ စာသင်ခန်း တစ်ခုလိုပါပဲ။ ကျွန်ုပ်တို့ ကိုယ်တိုင်ရဲ့ အတွေ့အကြုံတွေကသော်လည်းကောင်း အခြားသူတွေရဲ့ အဖြစ်အပျက်တွေကနေ သော်လည်းကောင်း သင်ယူနေကြရပါတယ်။ အခြေအနေတွေဟာ ကိုယ့်ခံယူမှု၊ ကိုင်တွယ်ဖြေရှင်းမှုတွေ အပေါ်မှာ မူတည်ပြီး အကောင်းအဆိုး ရလာဒ်တွေ ဖြစ်လာရတာပါ။ ဒါကြောင့် အခြေအနေတိုင်းကို အကောင်းမွန်ဆုံး ရပ်တည်ဖြေရှင်းနိုင်ဖို့ အောက်ဖော်ပြပါ...

မင်္ဂလာပွဲတွေမှာ ကြုံတွေ့ရတဲ့ အမူအကျင့်အမျိုးမျိုးနဲ့ ဆွေမျိုးသားချင်း (၁ဝ) မျိုး

မင်္ဂလာဆောင်တဲ့ အချိန်ဆိုတာ ဆွေမျိုးတွေ စုံစုံလင်လင်နဲ့ သိပ်ကိုပျော်စရာ ကောင်းလှတဲ့ အချိန်တစ်ခုပါပဲ။ ဝမ်းကွဲမောင်နှမတွေဆိုတာလည်း ကျန်တဲ့အချိန်ဘယ်လောက်ပဲ မတည့်ကြပါစေ မင်္ဂလာဆောင်နေတဲ့ အချိန်လေးမှာတော့ စည်းစည်းလုံးလုံး ပျော်ပျော်ရွှင်ရွှင် ရှိနေကြစမြဲပါ။ သူတို့တွေကြောင့်ပဲ မင်္ဂလာပွဲလေးဟာ ပိုမို သက်ဝင်မြူးကြွနေတယ် ဆိုရင်တောင် မမှားပါဘူး။ အောက်ဖက်မှာ ဖော်ပြထားတာကတော့ မင်္ဂလာပွဲတစ်ခုမှာ တွေ့ရတတ်တဲ့...

ခွေးတစ်ကောင်ရဲ့ ပြုစုယုယမှုအောက်မှာ ကြီးပြင်းခဲ့တဲ့ ကလေးငယ်လေး

၂၀၀၄ခုနှစ်မှာ ၃လသား အရွယ် ကလေးတစ်ယောက်ကို မိဘတွေက ခွေးတစ်ကောင်နဲ့ အတူတူစွန့်ပစ်ခဲ့ပါတယ်။ ကလေးနာမည်က အန်ဒရီ တော်စတွိုင်း (Andrei Tolstyk) ပါ။ ကောင်လေးဟာ ဝေးကွာလွန်းလှတဲ့ ဆိုက်ဘေးရီးယားလို နေရာမျိုးမှာ အသက် ၇နှစ်အရွယ်အထိ ဘဝကို ခက်ခက်ခဲခဲ ခွေးတစ်ကောင်ကို အဖော်ပြုရင်း ရှင်သန်နေခဲ့ပါတယ်။ ဤဆောင်းပါးကို...

အချိန်အတိုင်းအလိုက် တန်ဖိုးကို သိချင်ရင် ဘယ်သူတွေကို မေးမလဲ

- တစ်နှစ်ရဲ့ တန်ဖိုးကို သိချင်ရင်… စာမေးပွဲ ကျတဲ့ ကျောင်းသားကို မေးကြည့်လိုက်ပါ။ - တစ်လရဲ့ တန်ဖိုးကို သိချင်ရင်… လမစေ့ဘဲ မွေးထားတဲ့ ကလေးရဲ့ မိဘတွေကို မေးကြည့်လိုက်ပါ။ - တစ်ပတ်ရဲ့ တန်ဖိုးကို သိချင်ရင်… အပတ်စဉ် သတင်းစာရဲ့ အယ်ဒီတာကို မေးကြည့်လိုက်ပါ။ - တစ်ရက်ရဲ့ တန်ဖိုးကို သိချင်ရင်… တစ်မိသားစုလုံးကို လုပ်ကျွေးနေရတဲ့...

ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီး ပိုမိုသာယာလှပ လာစေဖို့

၁။ ကိုယ်ယူထားတာထက် ပိုပေးနိုင်အောင်ကြိုးစားပါ။ ၂။ ကိုယ်တစ်ယောက်တည်းကောင်းဖို့ ဆိုတာထက် အများကောင်းကျိုးအတွက် စဉ်းစားလုပ်ဆောင်ပါ။ ၃။ လူမှုဆက်ဆံရေးမှာ တစ်ဦးနဲ့တစ်ဦး အတားအဆီးဖြစ်မယ့် နံရံတွေ တည်ဆောက်မယ့်အစား တံတားတွေကို တည်ဆောက်ပါ။ ၄။ ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ အရာတွေကို ကြေကွဲဝမ်းနည်း နေမယ့်အစား အရာရာ အကောင်းမြင်စိတ်နဲ့ ဖြေသိမ့်တတ်ပါ။ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ...

သိမ်ငယ်နေတဲ့အခါ သင့်ကို ထွေးပိုက်ပေးမယ့် ခြုံစောင် ရောက်လာပါပြီ

အနုပညာရှင် မီယာ စီနလီ (Mia Cinelli) ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားတဲ့အခါ ခင်ပွန်းသည်ရဲ့ ကြင်နာနွေးထွေးတဲ့ အပြုအမူတွေကို အမြဲ သတိတရ ရှိနေခဲ့ပါတယ်။ ဒါ့ကြောင့် အဲဒီနွေးထွေးမှုတွေလိုပဲ ထွေးပွေ့ယုယမှုမျိုး ပေးနိုင်တဲ့ အနွေးစောင် တစ်မျိုး ဖန်တီးခဲ့ပါတယ်။ သူမရဲ့တီထွင်မှုကိုတော့ "The Weight"...

ချစ်ခြင်းမေတ္တာနဲ့ ကတိသစ္စာရဲ့ ပြယုဂ် စေ့စပ်လက်စွပ်လေး အကြောင်း

တစ်ဦးက တစ်ဦးကို လက်ထက်ခွင့်တောင်းတဲ့အခါမှာ သင်္ကေတလေးအနေနဲ့ လက်စွပ်လေးတွေကို ပေးပြီး တောင်းလေ့ရှိပါတယ်။ အဲလို လက်စွပ်ကိုလည်း စေ့စပ်လက်စွပ်လို့ နာမ သမုတ်ပေးတတ်ကြတယ်။ အဲဒီလက်စွပ်လေးတွေက စိန်တွေ၊ ကျော်မြတ်ရတနာတွေနဲ့ စီခြယ်ထားတာပဲဖြစ်ဖြစ် ထူးခြားတဲ့ သတ္ထုကွင်းလေးပဲဖြစ်ဖြစ် ဓလေ့ထုံးစံအရ ပေးကြတာပါ။ ဒါပေမယ့် ဘာလို့ဒီလက်စွပ်လေးနဲ့ လက်ထက်ခွင့်တောင်းရတာလဲ ဆိုတာ...

စိတ်ဓါတ်ခိုင်မာတဲ့ သူတွေမှာ တွေ့ရတဲ့ အောင်စိတ်များ

စိတ်ပိုင်းဆိုင်ရာ ရင့်ကျတ်မှုဆိုတာ မွေးကတည်းက ပါလာတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်တိုင်မွေးမြူမှ တဖြည်းဖြည်း ရင့်ကျက်လာမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓါတ်ရင့်ကျက်တဲ့သူတွေမှာ သူတို့တိုးတက်ရာတိုးတက်ကြောင်း အမြဲ လုပ်ဖြစ်နေတဲ့ အလေ့အကျင့်လေးတွေ အများကြီး ရှိပါတယ်။ အောက်ဖက်မှာတော့ စိတ်ဓါတ်ခိုင်မာတဲ့ သူတွေမှာ တွေ့ရတဲ့ အမူအကျင့်လေးတွေကို ဂန္ထဝင်ပရိတ်သတ်ကြီး အတွက် မျှဝေပေးလိုက်ရပါတယ်။ ၁။...

ကွန်ပျူတာလောကမှ အမျိုးသမီးများ၏ အခန်းကဏ္ဍ

Ada Lovelace (၁၃၁၅.၁၂.၁၀-၁၈၅၂.၁၁.၂၇) အဲဒါ လဗ်လေ့စ်(Ada Lovelace) ဟာ အဲဒီခေတ်က အမျိုးသမီးမြို့စားဘွဲ့ခံတစ်ဦးဖြစ်ပြီး အင်္ဂလိပ်လူမျိုး သင်္ချာပညာရှင်တစ်ဦး လည်းဖြစ်ပါတယ်။ သူမဟာစာအုပ်များလည်းရေးသားပြီး အန်နာလိုက်တီကယ် အင်ဂျင်(Analytical Engine) ဆိုတဲ့ ကွန်ပျူတာအကြောင်းကို ရေးသားထားသော စာအုပ်လေးကတော့ သူမကိုလူသိများ စေခဲ့ပါတယ်။ သူပြုစုထားသော မှတ်စုများက ပထမဆုံးစက်နှင့်ဖြေရှင်းလို့ရသော...

Relationship အခြေအနေက ကျန်းမာရေးကို ဘယ်လိုထိခိုက်စေနိုင်သလဲ။

Psychosomatic Medicine ဂျာနယ်မှ လက်တလောဖော်ပြထားတဲ့ လေ့လာမှုအရ အဆင်မပြေတဲ့ relationship တွေက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ Pittsburgh University မှာ သုတေသနပြုသူတွေက ကျန်းမာတဲ့ လူပေါင်း (၂၈၁)ယောက်ကို လေ့လာခဲ့ပါတယ်။ သူတို့ဟာ အဆင်မပြေတဲ့ relationship...

သမီးလေးအတွက် – လောကကြီးကို စိုးရိမ်ပူပန်မနေသင့်ကြောင်း အကြံပေး

လောကမှာ စိတ်ဆင်းရဲစရာ ဖြစ်ရပ်လေးတွေအများကြီး ဖြစ်ပျက်နေပေမယ့်လည်း သမီးလေးအနေနဲ့ မစိုးရိမ်သင့်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ မေမေတို့အားလုံးက လောကကြီးကို ငြိမ်းချမ်းဖို့ အလိုရှိကြပါတယ်။ ဒါပေမယ့်လည်း ဖြစ်မှမလာတာပဲ သမီးရယ်။ ဒါကြောင့် လောကကြီးအတွက် စိတ်ပူပင်မနေသင့်တဲ့ အချက်လေးတွေကို မေမေဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။မေမေတို့...

ပိုပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အပိုင်း -၂

ပိုပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အပိုင်း- ၁ လေးကို ယခင်အပတ်ကမှ တင်ဆက်ခဲ့ပါတယ်။ အခုတော့ ဒီအဆက်တွဲလေး အပိုင်း-၂ ကို ဂန္တဝင် စာဖတ်ပရိသတ်တို့အတွက် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပုံမှန်တွေ့နေကြ သူငယ်ချင်း ၄ ယောက်လောက် အနည်းဆုံး ရှိပါစေ။ ၂။  အနာဂတ်အတွက် အစီအစဉ်ဆွဲထားပါ။ ၃။ ပိုင်ဆိုင်မှုတွေကို စနစ်တကျ...

သင့် Facebook ပရိုဖိုင်း (profile) ပုံက ပြောနေသော သင့်အကြောင်း

၁။ ဆယ်လ်ဖီ( ကင်မရာဘက်ကို ရှေ့တည့်တည့်ကြည့်ခြင်း) သင်က ကိုယ့်ကိုယ်ကို အကောင်းဆုံးမြင်ချင်တယ်။ သင်က စည်းကမ်း တိကျပြီး ကိုယ့်ကိုယ်ကို အထင်ကြီးတတ်ပြီး လူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံရတာကို ကြိုက်တယ်။ ၂။ ဆယ်လ်ဖီ (ကင်မရာကို မကြည့်ပဲ တစ်ခြားဘက်ကို ကြည့်နေတယ်ဆိုရင်) သင့်ကို ယုံကြည်တဲ့ သူတွေကို သင်ဘယ်တော့မှ...