Yearly Archives: 2015

စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲ။

၁။       အကောင်းမြင်တတ်ပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်လေးတွေက အလင်းရောင်လေးတွေဖြာထွက်နေစေပါတယ်။ ကိုယ့်ကိုတောက်ပနေစေပါတယ်။ ၂။       ကိုယ့်မှာမပြည့်စုံတဲ့အချက်တွေ၊ ကိုယ်မနှစ်သက်တဲ့အချက်တွေ ရှိရင် အားလုံးကိုမေ့ပစ်လိုက်။ အဲဒါတွေအစားကိုယ့်မှာရှိနေတဲ့ ကိုယ်နှစ်သက်တဲ့၊ ကောင်းတဲ့ အချက်လေးတွေကိုပဲစဉ်းစားနေပေါ့။ ဒါဆို ပြုံးပျော်ပြီးယုံကြည်မှုရှိလာပါလိမ့်မယ်။ ၃။       ကိုယ်အကြိုက်ဆုံးရေမွှေးကို ရှာပြီးအမြဲဆွတ်ထားပါ။ လူတစ်ဦးတစ်ယောက်စီမှာ ထူးခြားတဲ့အနံ့လေးတွေ ရှိတတ်ကြတယ်မဟုတ်လား၊ ကိုယ့်ရဲ့ကိုယ်သင်းနံ့လေးကိုထူးခြားပြီးချိုမြနေတဲ့အနံ့လေး ဖြစ်နေအောင်ထားပြီးဆွဲဆောင်နိုင်ပါတယ်။ ၄။       လူတိုင်းကိုစိတ်ကျေနပ်အောင်...

ဂန္ထဝင်မဂ္ဂဇင်းအတွဲ (၁) ထွက်ရှိလို့လာပါပြီ။

ဂန္ထဝင်မဂ္ဂဇင်း အတွဲ (၁) ကို - မန္တလေးမြို့ရှိ ညိုစာပေ ၊ နဂါးစာပေ ၊ ထွန်းဦးစာပေနှင့် စိတ်ကူးချိုချို။ - ရန်ကုန်မြို့ရှိ ရာပြည့် ၊ စာပေလောက ၊ စိတ်ကူးချိုချိုနှင့် အင်းဝ။ တို့တွင် အလွယ်တကူ သွားရောက် ဝယ်ယူဖတ်ရှုနိုင်ပါပြီရှင်။

အသက်သုံးဆယ်ရောက်တဲ့အခါမှာမှ သတိထားမိမယ့် အမူအကျင့်များ

အသက် ၃ဝ ရောက်တဲ့အခါမှာ သင်သတိမထားမိတဲ့ အံ့သြဖို့ကောင်းတဲ့ အမူအကျင့်လေးတွေ ရှိလာတတ်ပါတယ်။ အဲ့ဒီအချက်အလက်လေးတွေကို ပရိတ်သတ်ကြီး သတိထားမိနိုင်စေဖို့ ဂန္တဝင်မဂ္ဂဇင်းမှ တင်ဆက်ပါသည်။ ၁။ မိတ်ဆွေအပေါင်းအသင်း နည်းပါးလာပါလိမ့်မယ်။ သင့် အသက် ၃ဝ မှာ မိတ်ဆွေ သူငယ်ချင်းတွေကို စီစစ် ပေါင်းသင်းတတ်တဲ့ အရည်အသွေးတွေ တိုးတက်နေပါပြီ။ သင့်စိတ်ထဲမှာ...

မိမိချစ်သူက ရိုးသားတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြတဲ့ အချက် (၆)ချက်

တကယ်မိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ အရာရာပြည့်စုံတဲ့ အမျိုးသားမျိုးပေါ့။ ဒီလိုချစ်သူကောင်လေးတစ်ယောက် ရရှိတာကြောင့် သူငယ်ချင်းတွေကိုလည်း သူ့အကြောင်း ပြောမိမှာပါပဲ။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ နည်းနည်းလေး မတင်မကျ ဖြစ်နေတာလေး ရှိနေတယ်။ သူကတကယ် လေးစားဖို့ကောင်းတဲ့ ချစ်သူဟုတ်ရဲ့လား။ ကိုယ့်အပေါ် ရိုးသားရဲ့လား၊ မြတ်နိုးတန်ဖိုးထားရဲ့လားဆိုတဲ့ သံသယလေးတွေပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ...

မိသားစု ရှိသူတိုင်း အလေးအနက်ထား ဖတ်သင့်တဲ့ အဖြစ်အပျက်လေးတစ်ခု

နှစ်ယောက်ပေါင်းမှ တစ်ဘဝ ရပ်တည်နေကြတဲ့ သားအဖနှစ်ယောက်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးပါ။ သားလေးဖြစ်သူဟာ နေ့တိုင်း ဖခင်ဖြစ်သူပြန်အလာ ကို တံခါးဝမှာ အမြဲ ထိုင်စောင့် နေတတ်တယ်။ တစ်နေ့မှာတော့ ဖခင်ဖြစ်သူပြန်လာလာချင်း " ဖေဖေ သားတစ်ခုလောက် မေးလို့ရမလား " ဆို မေးလိုက်တယ်။ ဒါနဲ့...

အသားရေ ဝင်းလဲ့တောက်ပစေမယ့် သစ်သီး (၅)မျိုး

နေ့စဉ် အစားအသောက်တွေထဲမှာ သဘာဝသစ်သီးတွေစားတဲ့ အလေ့အထလေးတစ်ခု ရှိဖို့လိုအပ်ပါတယ်။ သဘာဝ သစ်သီးတွေဟာ အသားအရေကို ရေဓါတ်ပြန်လည် ဖြည့်တင်းပေးပြီး စိုပြည်ဝင်းပလာစေပါတယ်။ သဘာဝအသီးတွေ စားသုံးခြင်းက ဘေးထွက်ဆိုးကျိုး မရှိတဲ့အပြင် အကုန်အကျ သက်သာစေပါတယ်။ အဆိပ်အတောက် မဖြစ်စေတဲ့အပြင် ကျန်းမာရေးအတွက်လဲများစွာ အထောက်အကူ ဖြစ်စေတဲ့အတွက် အောက်ပါ အသီးလေးတွေရဲ့...

ဘဝဆိုတာ တစ်ခါတစ်လေ မထင်မှတ်ထားတာတွေနဲ့ ပြည့်နှက်နေတတ်တယ် ဆိုတာကို ပြသွားသော ဇာတ်လမ်းလေးတစ်ပုဒ်။

တစ်ခါတုန်းက လူတစ်ယောက်ဟာ သင်္ဘောမှောက်ပြီး ကျွန်းတစ်ကျွန်းပေါ်မှာ သောင်တင်နေခဲ့ပါတယ်။ သူဟာ နေ့တိုင်းပဲ သူကိုကယ်မယ့်သူရောက်လာဖို့ ဆုတောင်းနေခဲ့တယ်။ ဒါပေမယ့်လည်း အချိန်အတော်ကြာတဲ့အထိ သူ့ကို ကူညီမယ့်သူ တစ်ယောက်မှ ရောက်မလာခဲ့ပါဘူး။ သူဟာ လပေါင်းများစွာကြာတဲ့အထိ ဖြစ်သလိုပဲ ကျွန်းအနားမှာရှိတဲ့ စားစရာလေးတွေကို ရှာဖွေစားသောက် နေထိုင်နေခဲ့ပါတယ်။ သူရှာဖွေထားတဲ့ လိုအပ်တဲ့ အသုံးအဆောင်လေးတွေကို...

မိန်းကလေးတစ်ယောက် သူ့ချစ်သူကို အရမ်းတွယ်တာနေပြီဆို

၁။ အာရုံတွေဟာ အမြဲတမ်း သူ့အကြောင်းတွေနဲ့ ပြည့်နှက်နေတတ်တယ်။ ၂။ သူအနားမှာ မရှိတဲ့ အချိန်တွေဆို အလိုလိုနေရင်း ဝမ်းနည်း အားငယ်နေတတ်တယ်။ ၃။ ငါးမိနစ်ခြား တစ်ခါလောက် ကိုယ့်ကို ဆက်သွယ်လာဖို့ မျှော်လင့်နေတတ်တယ်။ ၄။ ကိုယ့် နေ့စဉ်ဘဝက သူမပါရင် မပြည့်စုံတော့ဘူး။ ၅။ သူနဲ့ ပတ်သက်ရင် အရာရာ ဆန္ဒတွေ...

နေ့စဉ်ဘဝ အဆင်ပြေစေဖို့ တွန်းလှန်ပစ်ရမယ့် စိတ်အစွဲများ

ကျွန်မတို့ဟာ တစ်ခါတစ်လေ ကိုယ့်အတွေးတွေနဲ့ကိုယ် ပိတ်နေမိတတ်ပါတယ်။ ကျွန်မတို့ အတွေးတွေ ကို မပြောင်းလဲနိုင်သေးသရွေ့ ဘာကိုမှ ပြောင်းလဲလို့ မရနိုင်ပါဘူး။ ကျွန်မတို့ စိတ်ထဲမှာ တစ်ဝဲလည်လည်စိုးမိုးနေတဲ့ အတွေးတွေကတော့ ၁။ အရာအားလုံး အဆင်ပြေပြေ ဖြစ်နေစေဖို့ မျှော်လင့်နေခြင်း။ ကြီးမားတဲ့ အောင်မြင်မှုတွေအားလုံးက အချိန်နဲ့ အားစိုက်ထုတ်မှု အသင့်အတင့် လိုအပ်ပါတယ်။ ဘယ်တော့မှ...

ယောက်ျားတို့ နားမလည်နိုင်တဲ့ မိန်းမတို့ရဲ့ ခံစားမှု တစ်စိတ်တစ်ဒေသ

၁။ မိန်းမနှင့် လေးနက်မှု Relationship တစ်ခုမှာ မိန်းမနဲ့ ယောက်ျား တစ်ယောက်ကိုတယောက် ထပ်တူထပ်မျှချစ်ကြတယ် ဆိုရင်တောင် အကြောင်းတစ်ခုခုကြောင့် အဆင်မပြေလို့ လမ်းခွဲကြတဲ့အခါမျိုးမှာ ယောက်ျားတွေအတွက်ကတော ရှေ့ဆက်ရမဲ့ လမ်းကို သက်တောင့်သက်သာ ဆက်လျှောက်လှမ်း နိုင်ကြပါတယ်။ မိန်းမတွေဘက်ကိုကြည့်ရင် ရုပ်ပိုင်းဆိုင်ရာအားဖြင့်တော့ တိုးတက်မှုတွေ အထိုက်အလျောက်ရှိလာပေမယ့် သူတို့ဘဝတစ်လျှောက်လုံး အထီးကျန်စွာ...

အမျိုးသမီးတိုင်း ဆောင်ထားသင့်သော အလှပြင်ပစ္စည်း (၈) မျိုး

၁။     အရောင်ရင့်သော နှုတ်ခမ်းနီ နှုတ်ခမ်းသားလေးတွေ အရောင်တောက်နေမယ်ဆိုရင် မျက်နှာကို မိတ်ကပ်သိပ်မလိမ်းထားရင်တောင် အရောင်အသွေးလေးဖြာထွက်နေမှာပါ။  ၂။     အနက်ရောင် Eyeliner အနက်ရောင် အ၀တ်အစားလေးတွေလိုပဲ အိုင်းလိုင်နာ (eyeliner) အနက်လေးတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပြီးဘယ်အရာနဲ့မဆိုလိုက်ဖက်ညီပါတယ်။ မျက်လုံးအလှကို ပိုသိသာစေပြီး မျက်တောင်လေးတွေကို ထူလာသယောင် ဖန်တီးပေးနိုင်ပါတယ်။ ၃။     Eye shadow...

အထူး ရှောင်ကြဉ်ရမယ့် ချစ်သူနှစ်ဦးကြား တောင်းဆိုမှုများ

မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် မိမိချစ်သူအတွက် အရာရာပေးဆပ်ဖို့ အဆင်သင့် ဖြစ်နေတတ်ပါတယ်။ ပေးဆပ်ခြင်းဟာ အရာအားလုံးကို အဆင်ပြေချောမွေ့စေမှာ မှန်ပေမဲ့ မိမိစိတ်ခံစားမှု၊ တန်ဖိုးထားမှုတွေကို ချိုးနှိမ်ပြီး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်တွေ ဆုံးရှုံးရလောက်တဲ့ အထိ ပေးဆပ်ဖို့တော့ မသင့်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်ပဲ...

လောကကြီးအကြောင်း နောကြေနေပြီဖြစ်သော လူတစ်ယောက်ပြောပြထားတဲ့ မှတ်သားစရာများ – အပိုင်း (၁)

လောကကြီးဆီကနေ သင်ယူခဲ့ရတာတွေကတော့… ၁။ တစ်စုံတစ်ယောက်က ကိုယ့်ကို ချစ်လာအောင် အတင်း လုပ်ယူလို့မရပါဘူး၊ အတတ်နိုင်ဆုံးကတော့ သူတစ်ပါး အချစ်ခံရအောင်သာ နေတတ်ဖို့ပါပဲ။ ၂။ ကိုယ့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်ပါစေ လူတိုင်းဆီက ထပ်တူညီတဲ့ ဂရုစိုက်မှုတွေ ပြန်မမျှော်လင့်မိဖို့ အရေးကြီးပါတယ်။ ၃။ ယုံကြည်မှုဆိုတာကို အကြာကြီး တည်ဆောက်ရပေမယ့်လည်း တစ်စက္ကန့်လောက် အတွင်းမှာတင်...

မိဘနှင့်သားသမီးကြား ပဋိပက္ခဖြေရှင်းရာမှာ ရှောင်ကျဉ်သင့်သည်များ

မိဘနဲ့သားသမီးကြား ပဋိပက္ခဆိုတာ မကြုံချင်လဲအမြဲကြုံနေရမယ့် သဘာဝတစ်ခုပါ။ သားသမီးတွေဟာ အရွယ်ရောက်လာတာနဲ့ အမျှ သူတို့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေနဲ့ လွတ်လပ်စွာ ရပ်တည်ချင်တာကြောင့် မိဘတွေရဲ့ ထိန်းချုပ်မှုတွေကို ငယ်စဉ်ကလို တသွေမတိမ်း လိုက်နာတော့မှာ မဟုတ်ပါဘူး။ ဒီတော့ မိဘတွေအနေနဲ့ သင့်သားသမီးတွေနဲ့ တစ်ခုခု ထိပ်တိုက် ဖြေရှင်းစရာကြုံလာရပြီ ဆိုရင် အောက်ဖော်ပြပါ အပြုအမူတွေကို...

အကောင်းဆုံးသော ကိုယ်ပိုင်ဘဝလေး တစ်ခု တည်ဆောက်လိုပါသလား

၁။ တခြားသူတွေရဲ့ ခန္ဓာကိုယ် အချိုးအစားတွေအပေါ် အရမ်းအာရုံစိုက်ပြီး ကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်မနေပါနဲ့။ ၂။ ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ အနှစ်သက်ဆုံး အစိတ်အပိုင်းတွေ အတွက် ကျေနပ်ဂုဏ်ယူ လိုက်ပါ။ ၃။ ကိုယ်သဘောကျ နှစ်သက်တဲ့ ကိုယ့်အကြောင်းလေးတွေကို မနက်တိုင်း ချရေးပါ။ ၄။ ဘယ်အရာကမှ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလောက် အဆင်ပြေ ချောမွေ့မနေဘူးဆိုတာ...

အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်သောအကြောင်းအရင်း(၇)ခု

ချစ်သူစုံတွဲတွေမှာဆက်လက်မချစ်နိုင်တော့တဲ့ အကြောင်းပြချက်တွေတော့ တစ်မျိုးဆီရှိကြမှာပါ။ ဘယ်သူကမှ ဒီ relationship ကြီးမှာအချစ်တွေပြောင်းလဲသွားလိမ့်မယ်လို့ သိနိုင်မှာလဲ။ ဒါပေမယ့် တချို့အခြေအနေတွေမှာအချစ်ဆိုတာအမြဲထာဝရမရှိနေပါဘူး၊ မထင်မှတ်ဘဲနဲ့ relationship ကြီးကိုအဆုံးသတ်လိုက်ရတာမျိုးရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်လို့ အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းလေးတွေကိုလေ့လာကြည့်လိုက်ရအောင်။ ၁။     လူတွေရဲ့ ပြောင်းလဲခြင်း တခါတရံမှာတစ်စုံတစ်ရာအကူးအပြောင်းကြောင့် လူတွေကပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကြောင့် အရင်ကချစ်ခင်မြတ်နိုးတဲ့ ချစ်သူပုံစံလည်းပြောင်းလဲသွားပါတယ်။...

တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာလေးများ အပိုင်း (၂)

အရင် အပတ်ကတော့ တန်ဖိုးအရှိဆုံး ဘဝသင်ခန်းစာလေးများ အပိုင်း (၁) ကို တင်ဆက်ခဲ့ပါတယ်။ အခုတော့ ဆက်လက်ပြီး အပိုင်း (၂) ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဂန္တဝင် စာဖတ်ပရိသတ်တို့...  ဖတ်ကြည့်လိုက်ရအောင်နော်။  ၁။ "ကိုယ်ဘယ်ကလာလဲ" ဆိုတာထက် "ကိုယ်ဘယ်ကိုသွားနေတာလဲ” က ပိုအရေးပါတယ်။ ၂။ ယုံကြည်မှုတစ်ခု...

အတိတ်တွေကို မေ့ပစ်ဖို့ ခက်ခဲနေလား

အတိတ်က ဖြစ်ရပ်တွေကို မေ့ပစ်ဖို့ကြိုးစားရတာက သိပ်ကိုခက်ခဲပါတယ်။ အထူးသဖြင့် ကိုယ် အရမ်းတန်ဖိုးထားခဲ့ရတဲ့ ဆက်ဆံရေးတွေကိုပေါ့။ အမှတ်မရချင်ပေမဲ့ ဖျောက်ဖျက်ရခက်နေတဲ့ ဖြစ်ရပ်တွေကို မေ့ပစ်ဖို့ အောက်ပါ အချက်လေးတွေနဲ့ စတင်လိုက်ပါ။ ၁။ အဆက်အသွယ် အားလုံး ဖြတ်တောက်လိုက်ပါ။ ၂။ အမှတ်ရစရာ အဖြစ်အပျက်တွေကို စိတ်ထဲကနေ တတ်နိုင်သမျှ ထုတ်ပစ်လိုက်ပါ။ ၃။ အမှတ်တရ...

တစ်နေ့စာအတွက် အတွေးမှန်လေးများ

ဒီနေ့တစ်ရက်… သင့်ရဲ့ သောကတွေ မေ့ထား၊ လက်ရှိအချိန်လေးကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ။ ဒီနေ့တစ်ရက်… သူများတွေကို သင့်စိတ်တိုင်းကျ ပုံစံသွင်းနေမယ့်အစား သင့်ကိုသင် ပုံစံကျအောင် လုပ်လိုက်ပါ။ ဒီနေ့တစ်ရက်… သင့်ရဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ ညည်းညူမနေမိဖို့ ကြိုးစားကြည့်လိုက်ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက သင်တိုးတက်လာဖို့ လေ့လာစရာတွေပါပဲ။ ဒီနေ့တစ်ရက်… သင့်အနားကသူတွေကို အပြစ်ရှာနေမယ့်အစား...

ဘဝကို အရိုးရှင်းဆုံး ဖြတ်သန်းဖို့

၁။ ကိုယ့်ကို စိတ်ညစ်စေမယ့်အရာတွေကို အပြီးသတ် ထွက်ခွာခွင့် ပေးလိုက်ပါ။ ၂။ အလုပ်မှာရှိတဲ့ စိတ်ရှုပ်စရာတွေကို အလုပ်မှာပဲ ထားခဲ့လိုက်ပါ။ ၃။ အမှန်တရားကို ချစ်မြတ်နိုးပါ။ ၄။ ငြင်းပယ်ရမယ့် အခြေအနေတွေမှာ ငြင်းပယ်တတ်ပါ။ ၅။ နားလည်မှုရှိရှိ နားထောင်တတ်ပါ။ ၆။ လိုအပ်လျှင် အကူညီတောင်းပါ။ ၇။ လိုချင်တပ်မက်မှု တတ်နိုင်သမျှ လျှော့ချပါ။ ၈။ အတိတ်ကို ပြန်လည်...