Yearly Archives: 2015

ကိုယ့်ကိုယ်ကို အမြဲသတိပေးနေသင့်တဲ့ စကားစုလေးများ

၁။ အရာရာ နားလည်လက်ခံနိုင်ဖို့ လွတ်လပ်ပွင့်လင်းတဲ့ စိတ်နဲ့ ရပ်တည်မယ်။ ၂။ ငါ့ စိတ်နှလုံးသားထဲက တကယ် ဆန္ဒရှိတဲ့အရာတွေကိုပဲ အကောင်းဆုံး လုပ်ဆောင်မယ်။ ၃။ ငါ့ ကိုငါ အမြဲရိုးသားမယ်။ ဘယ်တော့မှ မလှည့်စားဘူး။ ၄။ ငါ့ ပျော်ရွှင်မှုဟာ ငါ့လက်ထဲမှာပဲ ရှိနေရမယ်။ ၅။ ငါ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ၊...

လူတွေရဲ့ သုံးသပ်ဝေဖန်ချက်တွေအပေါ် မခံစားသင့်ကြောင်းအကြောင်းအရင်း (၆)ချက်

လူတစ်ဦးတစ်ယောက်ဆီမှာ သုံးသပ်ဝေဖန်တဲ့ စကားတစ်ခွန်းကိုခံစားလိုက်ခြင်းဖြင့် ကိုယ့်ရဲ့တစ်နေ့တာကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုဝေဖန်သုံးသပ်ချက်ဟာ မနာလိုတာကြောင့်လဲ ဖြစ်နိုင်သလို မစဉ်းစားဘဲပြောဆိုလိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ်ပါ၊ ဒီအပေါ်မှာခံစားနေဖို့ မထိုက်တန်ပါဘူး။ ဒီလိုဝေဖန်သုံးသပ်ချက်တွေကို မခံစားသင့်ကြောင်းခိုင်လုံတဲ့ အကြောင်းပြချက်တွေ အများကြီးရှိပါတယ်။ အောက်မှာတော့ ကြီးမားခိုင်လုံတဲ့ အကြောင်းပြချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။သူတို့တွေမှာ အဆင်မပြေတဲ့နေ့တစ်နေ့ ဖြတ်သန်းခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ လူတွေရဲ့...

အပြုသဘောဆောင် အတွေးအခေါ်လေးများ အပိုင်း – ၂

အပြုသဘောဆောင် အတွေးအခေါ်လေးများ အပိုင်း - ၁ လေးကိုတော့ အရင်နေ့လေးကပဲ တင်ဆက်ခဲ့ပါတယ်။ အခုတော့ ဆက်လက်ပြီး အပိုင်း- ၂ ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ၁။ သင်အောင်မြင်နေတဲ့ အချိန်မှာတော့ လူတွေဟာ သင့်လောက်ကောင်းတဲ့သူ ကမ္ဘာပေါ်မှာ မရှိတော့လောက်တဲ့အထိ ချီးမွမ်းပါလိမ့်မယ်။ သင်ကျရှုံးပြီဆိုရင်တော့ သင့်လောက်...

ရင်ထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ (၁၁)

ဦးနှောက် အမှေးရောင်ရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ နောက်ဆုံး အချိန်ဖြစ်ပါတယ်။ သူမရဲ့ ဆွေမျိုးသားချင်းတွေရော၊ သူမရဲ့ သမီးလေးပါ မျက်ရည်လေးတွေစို့လို့ နောက်ဆုံးအချိန်ကို ထိုင်စောင့်နေကြရပါတယ်။ နာရီ အနည်းငယ်ကြာတဲ့ အခါမှာတော့ သူမ လောကကြီးကို အပြီးတိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါတယ်။ မိခင်ကို ဆုံးရှုံးလိုက်ရတဲ့ သမီးငယ်လေးဟာ ဝမ်းနည်းလွန်းလို့...

ကမ္ဘာခြားနေတဲ့ချစ်ခြင်း

အရင်တုန်းကတော့ လူတွေဟာ သူတို့ရဲ့အချစ်ကို ကိုယ့်မြို့၊ကိုယ့်ပတ်ဝန်းကျင်မှာပဲ ရှာခဲ့ကြပါတယ်။ ဒါကြောင့် ဝေးကွာနေကြတယ်ဆိုတာမျိုး ချစ်သူနှစ်ဦးကြားမှာ မရှိခဲ့ကြဘူးလေ။ ဒီနေ့ခေတ်မှာတော့ များစွာပြောင်းလဲခဲ့ပါပြီ။ လူတွေက ကိုယ့်ရဲ့ ဖူးစာကို ကမ္ဘာကြီးရဲ့နေရာတိုင်းမှာ ရှာဖွေတွေ့ရှိနိုင်ကြပြီလေ။ ဟိုးတုန်းကတော့ ရေခြားမြေခြားချစ်ခြင်းတွေကို တားမြစ်ခဲ့ကြပေမယ့် online ပေါ်ကနေချစ်သူဖြစ်ကြတယ်ဆိုတာ ယနေ့မှာတော့ခေတ်ရေစီးကြောင်းတစ်ခုလို ဖြစ်နေပါပြီ။ ဒီလို...

အမာရွတ်ကင်းစင်ပြီး လှပတဲ့ အသားအရေလေးပိုင်ဆိုနိုင်စေဖို့

သင့်အရေပြားမှာ ရှိနေတဲ့ အမာရွတ်တွေ ပျောက်ဖို့ အလှပြင်ဆိုင်သွားမယ် ဆိုရင်တော့ ငွေအများကြီးကုန်မှာ သေချာသလောက်ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလို ငွေအကုန်မခံနိုင်တဲ့ သူတွေအတွက် အကုန်အကျ သက်သာပြီး အလှပြင်ပစ္စည်းတွေလို ဘေးထွက်ဆိုးကျိုး မရှိတဲ့ နည်းလမ်းလေးတွေကို ဂန္တဝင်မှ တင်ဆက်ပေးချင်ပါတယ်။ သင့်တော်တဲ့ နည်းလမ်း၊ နှစ်သက်တဲ့ နည်းလမ်းလေးတွေ...

ဘ၀ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရှာဖွေခြင်း

ရည်ရွယ်ချက်တွေ၊ ပန်းတိုင်တွေ၊ ဦးတည်ချက်တွေ ဒါတွေကအားလုံးကိုတော့ ငယ်ကတည်းက ခဏခဏကြားဖူးကြမှာပါ။ ဒါပေမယ့် နောက်ဆုံးအချိန်ကျရင် အောင်မြင်မှုတွေရရှိစေမှာလား၊ နောင်တတွေရရှိစေမှာလားဆိုတာ ပရိသတ်ကြီး စဉ်းစားမိရဲ့လား။ တစ်ရက်ပြီးတစ်ရက် စိတ်ကူးတွေ၊ ရည်ရွယ်ချက်တွေမရှိပဲနဲ့ ရောက်တဲ့ရာရာကုန်ဆုံးနေမိလား။ ကိုယ့်ဘ၀ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို ရှာဖွေနေတယ်ဆိုရင် ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကိုတော့ ထုတ်ဖော်ဖို့လိုပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့အလုပ်ကို ဖော်ထုတ်တဲ့နေရာမှာ ပန်းပုဆရာတစ်ယောက်ကို ဥပမာထားပါ။...

ခင်ပွန်းသည်နဲ့ ငွေကြေးကိစ္စ စကားများခြင်း ရှောင်ရှားရန် နည်းလမ်း (၆)သွယ်

ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာမရှိတဲ့ အိမ်ထောင်ရေးဆိုတာ အမှန်တကယ်တော့ ဖြစ်နိုင်ပါတယ်။ စာဖတ်သူကတော့ ဒါကိုမဖြစ်နိုင်ဘူးလို့ ထင်ရင်ထင်နေပါလိမ့်မယ်။ အထူးသဖြင့် သင်နဲ့ သင့်ခင်ပွန်းက ငွေရေးကြေးရေးဆိုင်ရာကို နေ့စဉ် အငြင်းပွားနေရတယ် ဆိုရင်ပေါ့။ အောက်ဖော်ပြပါ နည်းလမ်းလေးတွေကို လိုက်နာကြည့်လိုက်ပါ။ စကားများစရာတွေတောင် မေ့ကောင်းမေ့သွားနိုင်ပါတယ်။ ကိုယ့်ခင်ပွန်းသည်နဲ့ ငွေကြေးကို ဘယ်လိုစီမံရမလဲဆိုတာ...

အလေးအနက်ထားသင့်တဲ့ ကလေးငယ်တို့၏ စကား

မိဘတွေအနေနဲ့ သင့်ကလေးငယ်တွေပြောတဲ့ အရာမှန်သမျှကို ဘယ်လိုအကြောင်းအရာပဲ ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ သေးငယ်တဲ့ စကားပဲဖြစ်နေပါစေ ဂရုတစိုက် နားထောင်ပါ။ ငယ်ရွယ်တဲ့အချိန် ပြောတဲ့ အသေးအဖွဲလေးတွေကို အရးမကြီးပါဘူးဆိုပြီး ဂရုတစိုက်ရှိမနေရင် သူတို့ကြီးလာတဲ့အချိန် တကယ့်အရေးပါတဲ့ အကြောင်းအရာတွေကိုလဲ ဖွင့်ဟတိုင်ပင်လာဖို့ မမျှော်လင့်ပါနဲ့။ ဘာလို့လဲဆိုတော့ သူတို့အရွယ်နဲ့သူတို့ အရာအားလုံးက အရေးကြီးနေတာမို့ပါ။...

အချစ်စစ် အချစ်မှန်ကို ဖော်ပြသွားသော ဖြစ်ရပ်လေးတစ်ခု

ကျွန်မ နာမည် အန်နာပါ။ ကျွန်မ အသက် (၁၄) နှစ်ရှိပါပြီ။ ကျွန်မတို့မှာ မိသားစုလေးယောက်ရှိပါတယ်။ ညီမငယ်လေးရယ်၊ ဖေဖေရယ်၊ မေမေရယ် ကျွန်မရယ်ပါ။ ကျွန်မတို့ မိသားစုမှာ ရှိတဲ့ အဖေနဲ့အမေရဲ့ ပြုမူ ဆက်ဆံပုံတွေကို ကျွန်မ တစ်ဖြည်းဖြည်း သံသယဝင်မိနေပါတယ်။ မေမေ အောက်ပိုင်းသေပြီးကတည်းက ဖေဖေက...

သမီးလေးအတွက် – ဘဝနေနည်းအကြံပေး

၁။ မိဘစကားကို အမြဲနားထောင်ပါ။ မိဘဆိုတာဘယ်တော့မှ သမီးလေးရဲ့ဘဝကို လမ်းမှားညွှန်ပြပေးမှာ မဟုတ်ဘူးလေ။ မိဘတွေက သမီးလေးဆန္ဒတွေနဲ့ စိတ်ဝင်စားတာတွေကို ထည့်မစဉ်းစားကြဘူးလို့ တစ်ခါတစ်လေ သမီးထင်မိကောင်းထင်မိလိမ့်မယ်။ ဒါပေမယ့် သမီးလေးဆန္ဒကို အမြဲထည့်စဉ်းစားပါတယ်။ ၂။ ကိုယ့်ပုံစံအတိုင်းကိုယ်နေဖို့ သမီးလေးမတွန့်ဆုတ်ပါနဲ့။ သမီးဘယ်လိုပဲဖြစ်ဖြစ်မိသားစုနဲ့ မိတ်ဆွေစစ်တွေက သမီးလေးကိုလက်ခံပြီးသားပါ။ ၃။ သမီးဘာပဲလုပ်လုပ် မိန်းကလေးတစ်ယောက်ပီပီ ကျက်သရေရှိရှိလေးလုပ်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ...

သင့်လက်ချောင်း ပုံသဏ္ဍန်လေးတွေက ပြောပြမယ့် သင့်အကြောင်း

ဒီတစ်ပတ်မှာ လက်ချောင်းပုံသဏ္ဍန်လေးတွေ ကတစ်ဆင့် လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို လေ့လာတဲ့ အကြောင်းကို ဂန္ထဝင်မဂ္ဂဇင်းမှ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ အောက်ဖက်မှာတော့ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ လက်ပုံစံတွေနဲ့ တစ်ပုံချင်းစီကို ကိုယ်စားပြုတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးလေးတွေကို ဖော်ပြထားပါတယ်။ ကဲ ဂန္ထဝင်ရဲ့ ပရိသတ်ကြီးလည်း မိမိတို့လက်လေးတွေကို ခုံပေါ်တင်ပြီး လက်ချောင်းလေးတွေက ပြောတဲ့...

သင့်အရေပြားကို ပျက်စီးစေတဲ့ အံ့သြစရာအချက် (၁၃)ချက် – အပိုင်း (၁)

၁။ မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်ခြင်း မိတ်ကပ်မဖျက်ဘဲ အိပ်ယာဝင်ခြင်းက ဘက်တီးရီးယား ပိုးမွှားတွေ ကူးစက်နိုင်ပြီး ချွေးပေါက်တွေ ပိတ်ကာ ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းအုံးပေါ်မှာ မိတ်ကပ်တွေ ပေကုန်တာကြောင့် စိတ်ညစ်ရပါတယ်။ ကိုယ့်အိပ်ယာဘေးမှာ မိတ်ကပ်ဖျက်တဲ့ တစ်သျှုးအစိုလေးတွေ ထားထားပါ။ ဒါမှ အိပ်မယာမဝင်ခင် အန္တရာယ်များတဲ့ မိတ်ကပ်တွေကို ဖယ်ရှားဖို့...

အလိုကြီးရင် အရနည်းတတ်သော အချစ်ရေးများ

လွန်ကဲတဲ့ မျှော်လင့်ချက်တွေ၊ စိတ်ကူးယဉ်ဆန်လွန်းတာတွေက အချစ်ရေးကို လွယ်လွယ်ကူကူ ပျက်ဆီးသွားစေနိုင်ပါတယ်။ အဲဒီလို လက်တွေ့မဆန်တဲ့  စိတ်ကူးစိတ်သန်းတွေ၊ မထားရှိသင့်တဲ့ အတွေးတွေကို ဒီဆောင်းပါးလေးထဲမှာဖော်ပြပေးလိုက်ပါတယ်။ လိုက်ပါဖတ်ရှုပြီး လိုအပ်သလို ဆင်ခြင်တွေးဆရင်း အချစ်ရေးမှာ ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ အချိန်မရွေး မပြောဘဲနဲ့ သိနေဖို့ မျှော်လင့်တယ်။ သင့်လက်တွဲဖော်ဟာလည်း လူသားတစ်ဦးပဲလေ။...

မိတ်ကပ်နဲ့ ဖန်တီးမရသော အလှစစ် (၆) မျိုး

မိန်းကလေးတွေထင်ကြတာက အလှအပဆိုတာ အလှပြင်ပစ္စည်းတွေထည့်ထားတဲ့ မိတ်ကပ်အိတ်တွေထဲမှာလို့ပါ။ အလှစစ်ဆိုတာ နှုတ်ခမ်းနီ တစ်တောင့်၊ မျက်တောင်ကော့တံ တစ်ချောင်း၊ မျက်နှာချေ တစ်ခု အပေါ်မှာ မမူတည်ပါဘူး။ အလှစစ်နဲ့ ပက်သက်ပြီး ဒီဆောင်းပါလေးမှာ စာဖတ်သူတို့အတွက် အကြံပြု ပြောပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ စိတ်ဓာတ်အင်အား မိန်းကလေး...

ညှို့အားပြင်းတဲ့ Smoky Eyes လေးတွေဖန်တီးကြစို့

ညှို့အားပြင်းတဲ့ Smoky Eyes လေးတွေလောက် ဆွဲဆောင်မှုအပြည့်နဲ့ လှပခေတ်မီတဲ့ မျက်ဝန်းမျိုးရှိနိုင်မယ် မထင်တော့ပါဘူး။ ပြီးတော့ ဘယ်တော့မှလဲ ခေတ်ကုန်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့်လဲ ဒီနေ့ခေတ် မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ Smoky Eyes ခြယ်ထားတဲ့ နာမည်ကြီး မော်ဒယ်လ်တွေရဲ့ ညို့အားအပြည့်ရှိတဲ့ မျက်ဝန်းလေးတွေ တွေ့မြင်နေရတာလေ။ ဤဆောင်းပါးကို...

နှစ်ဟောင်းမှာ ချန်ထားသင့်တဲ့ စရိုက်လေးများ

ဂန္တဝင်ပရိသတ်ကြီးတို့ နှစ်သစ်တစ်ခုကို အပြောင်းအလဲကောင်းလေးတွေနဲ့ စတင်လိုက်ကြရအောင်။ မှန်ကန်တဲ့ လုပ်ရပ်တွေအပေါ်မှာ သေချာအာရုံစူးစိုက်ပြီး စွမ်းအင်အပြည့်နဲ့ လုပ်ဆောင်လိုက်ကြရအောင်။ အမှားတွေကို အတိတ်မှာထားခဲ့ပြီး စိတ်သစ်၊ကိုယ်သစ်နဲ့ ဘဝသစ်စဖို့ နှစ်သစ်ဆိုတာ အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအတွက် နှစ်သစ်ကူးမတိုင်ခင် ကိုယ့်ဆီရှိနေတဲ့ အကျင့်ဆိုးလေးတွေကို နှစ်ဟောင်းမှာ ချန်ထားခဲ့ကြရအောင်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။...

စွဲမက်ဖွယ်ကောင်းအောင် ဆွဲဆောင်နိုင်တဲ့ အမျိုးသမီးဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲ။

၁။       အကောင်းမြင်တတ်ပြီး အမြဲတမ်းလန်းဆန်းတက်ကြွနေတဲ့ ဟန်ပန်လေးတွေက အလင်းရောင်လေးတွေဖြာထွက်နေစေပါတယ်။ ကိုယ့်ကိုတောက်ပနေစေပါတယ်။ ၂။       ကိုယ့်မှာမပြည့်စုံတဲ့အချက်တွေ၊ ကိုယ်မနှစ်သက်တဲ့အချက်တွေ ရှိရင် အားလုံးကိုမေ့ပစ်လိုက်။ အဲဒါတွေအစားကိုယ့်မှာရှိနေတဲ့ ကိုယ်နှစ်သက်တဲ့၊ ကောင်းတဲ့ အချက်လေးတွေကိုပဲစဉ်းစားနေပေါ့။ ဒါဆို ပြုံးပျော်ပြီးယုံကြည်မှုရှိလာပါလိမ့်မယ်။ ၃။       ကိုယ်အကြိုက်ဆုံးရေမွှေးကို ရှာပြီးအမြဲဆွတ်ထားပါ။ လူတစ်ဦးတစ်ယောက်စီမှာ ထူးခြားတဲ့အနံ့လေးတွေ ရှိတတ်ကြတယ်မဟုတ်လား၊ ကိုယ့်ရဲ့ကိုယ်သင်းနံ့လေးကိုထူးခြားပြီးချိုမြနေတဲ့အနံ့လေး ဖြစ်နေအောင်ထားပြီးဆွဲဆောင်နိုင်ပါတယ်။ ၄။       လူတိုင်းကိုစိတ်ကျေနပ်အောင်...

ဂန္ထဝင်မဂ္ဂဇင်းအတွဲ (၁) ထွက်ရှိလို့လာပါပြီ။

ဂန္ထဝင်မဂ္ဂဇင်း အတွဲ (၁) ကို - မန္တလေးမြို့ရှိ ညိုစာပေ ၊ နဂါးစာပေ ၊ ထွန်းဦးစာပေနှင့် စိတ်ကူးချိုချို။ - ရန်ကုန်မြို့ရှိ ရာပြည့် ၊ စာပေလောက ၊ စိတ်ကူးချိုချိုနှင့် အင်းဝ။ တို့တွင် အလွယ်တကူ သွားရောက် ဝယ်ယူဖတ်ရှုနိုင်ပါပြီရှင်။

မိမိချစ်သူက ရိုးသားတဲ့လူတစ်ယောက် မဟုတ်ဘူးဆိုတာ ပြတဲ့ အချက် (၆)ချက်

တကယ်မိုက်တဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ကောင်းတွေ့နိုင်ပါတယ်။ အရာရာပြည့်စုံတဲ့ အမျိုးသားမျိုးပေါ့။ ဒီလိုချစ်သူကောင်လေးတစ်ယောက် ရရှိတာကြောင့် သူငယ်ချင်းတွေကိုလည်း သူ့အကြောင်း ပြောမိမှာပါပဲ။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ နည်းနည်းလေး မတင်မကျ ဖြစ်နေတာလေး ရှိနေတယ်။ သူကတကယ် လေးစားဖို့ကောင်းတဲ့ ချစ်သူဟုတ်ရဲ့လား။ ကိုယ့်အပေါ် ရိုးသားရဲ့လား၊ မြတ်နိုးတန်ဖိုးထားရဲ့လားဆိုတဲ့ သံသယလေးတွေပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ...