Yearly Archives: 2015

အမျိုးသမီးတိုင်း မဖြစ်မနေ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု (၅) မျိုး

ဘယ်လောက်ပဲ ကျန်းမာရေးလိုက်စားတယ် ပြောပြော အချို့ ရောဂါတွေဟာ သာမန်အခြေအနေမျိုးနဲ့ မသိမြင်နိုင်၊ သတိမထားမိနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကို ဂရုတစိုက်နဲ့ စစ်ဆေးမှုလေးတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အောက်ဖက်မှာတော့ အချိန်နဲ့အမျှ ဂရုတစိုက် စစ်ဆေးနေဖို့လိုအပ်တဲ့ အမျိုးသမီးတို့ အဖြစ်များတဲ့ ရောဂါအမျိုးအစားလေးတွေကို ဖော်ပြထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်...

ကိုယ့်ကိုတကယ်မချစ်တဲ့ ချစ်သူတစ်ယောက်နဲ့ လက်တွဲနေရပြီဆို

လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်မြတ်နိုးကြပြီး ကြည်နူးပျော်ရွှင် နေကြသူတွေရှိသလို ကိုယ့်ကိုတစ်ကယ်မချစ်တဲ့ သူတစ်ယောက်နဲ့ ပတ်သက်မိလို့ အမြဲစိတ်မချမ်းမမြေ့ ဖြစ်နေရသူတွေလည်း အများကြီးရှိပါတယ်။ အောက်ဖက်မှာ ဖော်ပြထားတာကတော့ ကိုယ့်ကိုတစ်ကယ် မချစ်တဲ့သူတစ်ယောက်နဲ့ လက်တွဲနေတဲ့ အချိန်ခံစားရမယ့် ဝိသေသလေးတွေပဲဖြစ်ပါတယ်။ ၁။ အမြဲလိုလို စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေ နဲ့ပဲ ကြုံနေရတယ်။ ညစာအတူစားဖို့ ဒါမှမဟုတ် ညဘက်ဖုန်းပြောကြဖို့...

သမီးလေးအတွက် ခါးသီးလှတဲ့ အမှန်တရားတွေရဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိဖို့ အကြံပေးစာ

ဘဝဆိုတာ တခါတရံမှာ ခက်ခဲကြမ်းတမ်းလွန်းပါတယ် သမီး။ သမီးလေးဘက်က ဘာမှမတတ်နိုင်ဘဲ လက်လွှတ်လိုက်ရမှာတွေလည်း အများကြီးရှိပါတယ်။ သမီးလေး မထိန်းချုပ်နိုင်တဲ့ အရာတွေက သမီးလေး ထိန်းချုပ်နိုင်တဲ့အရာတွေကို အနှောက်အယှက်ပြုတာမျိုး ခွင့်မပြုလိုက်ပါနဲ့။ အကောင်းမြင်စိတ်လေးထားပြီး သမီး ဒီနေ့မှာလုပ်နိုင်တဲ့ အရေးကြီးတဲ့အရာပေါ်မှာပဲ အာရုံစိုက်လုပ်ပါ။ နောင်တမရပါနဲ့၊ နောက်ပြန်လှည့်မကြည့်ပါနဲ့။ သမီးလေးဘဝကို ယုံကြည်ချက်အပြည့်နဲ့...

ဘဝမှာ ကြည်နူးဖွယ် အကောင်းဆုံး အချိန်လေးများ

၁။ အားသွန်ခွန်စိုက် ကြိုးစားပြီး ပထမဆုံးရခဲ့သော လုပ်အားခနဲ့ မိဘတွေကို ကန်တော့သောအချိန်။ ၂။ ဝေးကွားသွားသော သူငယ်ချင်းများအကြောင်း တွေးမိရင်း ကြည်နူး မျက်ရည်လေးများ လည်နေသောအချိန်။ ၃။ ငယ်ဘဝက အမှတ်တရ ဓါတ်ပုံလေးတွေကိုကြည့်ရင်း ပြုံးပျော်နေသောအချိန်။ ၄။ ရင်ထဲမှာ ကြိတ်မိတ်ခံစားနေရတာတွေကို ယုံကြည်စိတ်ချရသော သူငယ်ချင်းတစ်ဦးနဲ့ လွတ်လပ်စွာ ရင်ဖွင့်ခွင့်ရသောအချိန်။ ၅။ ကိုယ်ချစ်ရသောသူ၏...

မသန္တာလှိုင်နဲ့ (၅) မိနစ်တာ အမေးဖြေ

မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူများရဲ့ "5-Minute Biography of Successful Women" ကို ဂန္တဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်လိုက်ပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့မော်ဒလ်လောကမှာ ထိပ်တန်းရောက် အောင်မြင်ပြီးဖြစ်တဲ့ မသန္တာလှိုင် @ Christie Mackenzie ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။...

ချစ်သူဟောင်းရဲ့ အမှတ်တရပစ္စည်းတွေ ဖျောက်ဖျက်ရ ခက်နေပါသလား။

စာဖတ်ပရိသတ်တို့ရေ… ချစ်သူနဲ့ ပြတ်စဲစမှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရတာ၊ သတိမရချင်တဲ့ အတိတ်တွေ သတိရနေတာမျိုးတွေ ဖြစ်နေပါသလား။ ဒီလိုဒုက္ခတွေက ကင်းဝေးချင်တယ်ဆိုရင်တော့ ဒီ www.neverlikeditanyway.com ဆိုတဲ့ Website လေးကတစ်ဆင့် သင့်မေ့ဖျောက်ပစ်ချင်တဲ့ ပစ္စည်းတွေကို ရောင်းချလို့ ရပါတယ်။ ဒီဆိုက်ပေါ်တင်ပြီး ရောင်းလိုက်တဲ့ လက်စွပ်တစ်ကွင်းဆို...

လက်ထပ်ခွင့်ကို သဘောမတူခင် ကိုယ့်ကိုယ်ကို ပြန်မေးသင့်သော မေးခွန်း (၄)ခု

ချစ်လို့ပဲဖြစ်ဖြစ် စီစဉ်ပေးလို့ပဲဖြစ်ဖြစ် လက်ထပ်ဖို့ ဆန္ဒရှိတာ သေချာရဲ့လား။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့အတွက် အောက်ဖော်ပြပါ မေးခွန်းလေးခုကို ဖြေကြည့်လိုက်ပါ။ ၁။မိဘကိုစိတ်ချမ်းသာ စေချင်လို့လား။ ပိုပြီး ခေတ်မှီတိုးတက်လာခဲ့ပေမယ့် တချို့အမျိုးသမီးတွေက မိဘတွေစိတ်တိုင်းကျ စီမံရာအတိုင်း လိုက်နာကြပါတယ်။ တချို့မိခင်တွေဆိုရင် သားသမီးတွေ အရွယ်မရောက်ခင်ကတည်းက သင့်တော်မယ့်လူ ရှာဖွေလို့ပြီးနေပါပြီ။ ဒါပေမယ့် မိဘတွေကျေနပ်အောင်...

ဖုန်းလေးကို ခဏမေ့ထားသင့်တဲ့ (၆)ချက်

နည်းပညာတိုးတက်တဲ့ ခေတ်မှာ လူတိုင်းလက်ထဲမှာ ဖုန်းလေးတွေ ကိုင်ထားကြပါတယ်။ ကိုယ်နှစ်သက်ရတဲ့ ဖုန်းထဲက အရာလေးတွေကို တစ်မိနစ် မကြည့်ရရင်တောင် မနေနိုင်တဲ့ပုံ ပေါ်နေပါတယ်။ တခါတရံကျရင်လည်း အလုပ်က ဖုန်းကို အဆက်မပြတ်ခေါ်နေတာကြောင့် ဖုန်းက လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်ကကိုယ့်ကို အနှောက်အယှက်တော်တော်ပေးလာရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ တစ်နေ့မှာ...

သမီးလေးအတွက် – ဘဝပေးသင်ခန်းစာများ

မေမေက ပညာရှိတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ သမီး၊ ဒါပေမယ့် မေမေ့ဘဝနဲ့ရင်းပြီးတော့ သင်ခန်းစာတွေ သင်ယူခဲ့ပါတယ်။ ပထမဆုံးမေမေနားလည်ခဲ့တာက မေမေတို့အားလုံးဟာ တူညီတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါပဲ။ သေခြင်းတရား၊ သစ္စာဖောက်ခံရခြင်းတွေ၊ ကွာရှင်းပြတ်စဲခြင်း၊ နှလုံးသားနာကျင်ခံစားရခြင်းတွေ၊ ဖျားနာခြင်းတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေပေါ့။ ဒါတွေကတော့ ရှောင်လွဲလို့မရတဲ့ ဒုက္ခဆင်းရဲတွေပါ သမီးရယ်။...

၄၄။ နှလုံးသား-အာဟာရ

အခြားသူတွေ သဘောကျ နှစ်သက်ဖို့ ကိုယ့်အရှိတရားတွေ ပြုပြင်နေထိုင်ဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကို လိပ်ပြာလုံနေဖို့က အဓိကပါ။

အမျိုးသမီးနေရာမှာ အမျိုးသားများ အစားထိုးလိုက် ခဲ့ရင်…

နာမည်ကြီးခဲ့တဲ့ ကြော်ငြားပိုစတာလေးတွေ အကြောင်းပြောပြချင်ပါတယ်။ Ducati Panigale 1199 မော်တော်ဆိုင်ကယ်၏ အံ့သြစရာကောင်းတဲ့ ကြော်ငြာအစီအစဉ်လေးတစ်ခုပါ။ Portland, Oregon ရှိ Motocorsa အရောင်းကိုယ်စားလှယ်တစ်ခုမှ ယောက်ျားနဲ့ မိန်းမတွေရဲ့ ကိုယ်စီကိုယ်စီ အရေးပါပုံကို ဥပမာလေးကို ယူပြီး ဒီလိုကြော်ငြာမျိုး ပြုလုပ်ခဲ့ကြပါတယ်။ မိန်းကလေးမော်ဒယ်လေးများ၏ သွေးဆောင်ဖျားယောင်နေသော...

ပျိုမေတို့၏ ဓမ္မတာမမှန်ခြင်းကို ဖြေရှင်းပေးနိုင်သော အိမ်တွင်းဆေးစွမ်းကောင်း(၅)မျိုး

ဓမ္မတာမမှန်ခြင်းတွေ၊ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲခြင်းတွေက ပျိုမေတို့ရဲ့ဘ၀မှာ ရာသီပေါ်ကာစကနေစပြီး သွေးဆုံးသည်အထိ ဒုက္ခပေးနေတတ်ကြတယ်။ ဘယ်လောက် စိတ်ဒုက္ခရောက်ရောက် ရင်ဆိုင်ဖြေရှင်းရမှာဖြစ်လို့ ပျိုမေတို့အတွက် နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ ဆေးဖက်ဝင်အပင်များ (Teas and herbs) လက်ဖက်နက်၊ လက်ဖက်စိမ်း ၊လက်ဖက်ဖြူ တို့ထဲကမှ...

သာယာသော ဆက်ဆံရေး တစ်ခု ဖန်တီးလိုပါသလား

၁။ အကောင်းမမြင်တဲ့ သူတွေအနားကနေ သင့်ကိုယ်သင် လွတ်လပ်ခွင့်ပေးလိုက်ပါ။ ၂။ ကိုယ့်ဘဝထဲက ထွက်ခွာပြီးသား သူတွေကို စိတ်ထဲကပါ ထွက်ခွာခွင့်ပေးလိုက်ပါ။ ၃။ အဓိပ္ပါယ်မဲ့ နာကြင်စရာ အဖြစ်အပျက်တွေကို မေ့ဖျောက်ပစ်လိုက်ပါ။ ၄။ လူတိုင်းကို လေးစာမှု၊ ကြင်နာမှုတွေ ရှေ့ထားပြီးဆက်ဆံလိုက်ပါ။ ၅။ အရာအားလုံးကို အရှိအတိုင်းလက်ခံနိုင်အောင် ကြိုးစားလိုက်ပါ။ ၆။ လူတွေကို အတတ်နိုင်ဆုံး အားပေးကူညီပါ။...

၄၃။ နှလုံးသား-အာဟာရ

ကိုယ်တိုင်မကြုံဖူး၊ မခံစားဖူးဘဲ အခြားသူတွေရဲ့ ဘဝကို ဝေဖန်ဆုံးဖြတ်ခြင်း မပြုပါနဲ့။ လမ်းရဲ့အချိုးအကွေ့ဆိုတာ လျှောက်လှမ်းသူသာ အသိဆုံးမို့ပါ။

၄၂။ နှလုံးသား-အာဟာရ

လောကမှာ ဘယ်အရာကမှ မတည်မြဲပါဘူး။ ဒီတော့ ဒုက္ခတွေ့ကြုံတွေ့နေရလို့ စိတ်ဓါတ်ကျမသွားလိုက်ပါနဲ့။ အဲဒါလဲ မမြဲပါဘူး။

၄၁။ နှလုံးသား-အာဟာရ

ဖြေရှင်းနိုင်တဲ့ ပြဿ     နာတစ်ခုအတွက် စိုးရိမ်ခြင်းဆိုတာ မလိုအပ်ပါဘူး။ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုရင်ရော… စိုးရိမ်နေလို့ ဘာထူးလာမှာလဲ။

ပျော်ရွှင်ဆင်နွှဲ အတာရေသဘင်ပွဲ

သင်္ကြန်ပွဲတော် (အတာရေသဘင်ပွဲတော်)ကို ရှေးအရင်ကတည်းကရင် အခုချိန်အထိ မြန်မာနိုင်ငံမှာ ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် အချိန်တွေ ကုန်လွန်လာတာနဲ့အမျှ အပြောင်းအလဲများစွာ ကြုံတွေ့ခဲ့ပါတယ်။ ကျွန်မတို့တစ်နှစ်တာရဲ့ (၃၆၅)ရက်မှာ ဒီပွဲတော်ကျင်းပတဲ့ (၄)ရက်က ကျွန်မတို့အတွက် အလွန်အရေးပါဆဲပါပဲ။ ဧပြီလလယ်မှာ ရောက်ရှိလာမယ့် ပျော်စရာအကောင်းဆုံး နှစ်သစ်ကူးပွဲတော်လေးပါ။ သင်္ကြန်ရက်များက ကျောင်းပိတ်ရက်၏ တစ်စိတ်တစ်ပိုင်း...