Yearly Archives: 2015

ပျော်ရွှင်မှုကို အကြီးအကျယ် နှောက်ယှက်နေသော အဆိပ်သင့်အတွေးများ

၁။ အမှန်ကိုလက်မခံနိုင်ခြင်း။ ဘယ်လို ကိစ္စမျိုးဖြစ်စေ ကိုင်တွယ်ဖြေရှင်းတဲ့အခါ ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး အမှန်ကို လက်ခံနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှသာ ပြဿ      နာကို အမှန်ကန်ဆုံး ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ၂။ နည်းနည်းပေးပြီး များများလိုချင် နေခြင်း။ ကိုယ်က တစ်ခါပေးပြီးသွားရင် တဖက်လူပေးနိုင်တာထက် ပိုမျှော်လင့်တာမျိုးတွေကို ဒီဘက်ခေတ်မှာ ပိုအတွေ့များ...

သားလေး (၁၅) နှစ်အရွယ်မှာ သိစေချင်တဲ့ အရာလေးတွေ

လူငယ်လေးတွေအရွယ်ရောက်လာပြီဆို တစ်ခုခုတော့ပြောင်းလဲလာကြပါတယ်။ တစ်ချို့ကျတော့ စည်းစနစ်တကျနဲ့ လုပ်တဲ့အလုပ်ကိုလည်း တစ်စိုက်မတ်မတ် လုပ်ကိုင်တာမျိုးတွေ တွေ့ရတတ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း စိတ်တိုဒေါသထွက်လွယ်ကြပြီး ထစ်ကနဲဆို ရန်ဖြစ်တာမျိုး၊ ထိန်းမနိုင်သိမ်းမရ ဖြစ်တာမျိုး လေးတွေလည်း တွေ့ရပါတယ်။ အခု တစ်နှစ်သားလေးသာရှိသေးတဲ့ ကျွန်မရဲ့သားလေးလည်း ကြီးလာရင် ဘယ်လို ဖြစ်လာမလဲ ဆိုတာကို တွေးတွေရင်း ကျွန်မစိတ်ပူနေမိတယ်။...

ကိုယ့်ချစ်သူကသူ့ဘဝကို ကိုယ့်ထံမအပ်နှံနိုင်ခြင်း၏ အကြောင်း (၅)ချက်

ကိုယ်တွဲနေတဲ့ ချစ်သူကောင်လေးက တော်တော်လေးကိုကောင်းပါတယ်၊ တော်ပါတယ်။ ဒါပေမယ့် သူ့ဘဝကိုကိုယ့်ကိုအပ်နှံပြီး နှစ်ဦးသဘောတူလက်တွဲ ဖို့မဖြစ်နိုင်ရတာလဲ။ ကိုယ့်ဟာကိုယ်ပဲ အဖြေရှာနေရတဲ့ စိတ်ပျက်စရာအခြေအနေတစ်ခုပါ။ ဒီလိုအခြေအနေမျိုးနဲ့ ကြုံနေရရင်တော့ သူဘာလို့ဒီလိုဖြစ်ရတာလဲဆိုတာကို နည်းနည်းလေ့လာကြည့်ရအောင်။ လေ့လာဖော်ထုတ်နိုင်ပြီဆိုရင်တော့ ဘာဆက်လုပ်ရမလဲဆိုတာကို ဆုံးဖြတ်နိုင်ပြီပေါ့။ ၁။တစ်ဆင့်တက်ဖို့အဆင်သင့် မဖြစ်သေးလို့ပါ။ သူကကိုယ့်ကိုတော့ တကယ်ကို ကြိုက်နှစ်သက်ပါတယ်။ ကိုယ်နဲ့ချစ်သူဘဝကိုလည်း လုံးဝမြတ်နိုးတယ်။ ဒါပေမယ့်သူ့စိတ်ထဲမှာဒီကိစ္စကိုဆုံးဖြတ်ဖို့က...

သင့်အချိန်တွေ ဘယ်ရောက်သွားလဲ သိချင်ပါသလား။

အောက်ဖော်ပြပါ မေးခွန်းလေးတွေနဲ့သာ ပြန်ဆန်းစစ်ကြည့်လိုက်ပါ။ ၁။ တစ်ချိန်လုံး "ငါ့မှာ လုပ်စရာတွေ ပြည့်နေတာပဲ။ အားချိန်လည်း မရှိဘူး" ဆိုပြီး ညည်းတွားနေမိပြီလား။ ၂။ တစ်ချိန်လုံး အလုပ်တွေနဲ့ပြည့်နေတာပဲ။ ဒါပေမဲ့ အလုပ်တွင်ရဲ့လား ဆိုတာ ပြန်ဆန်းစစ်မိရဲ့လား။ ၃။ တစ်စုံတစ်ခု ကို ဆုံးဖြတ်ပြီးသွားတဲ့အခါ ရှေ့ကို လှမ်းကြည့်လား ဒါမှမဟုတ် နောက်ကို...

အမျိုးသမီးများနှင့် အိမ်မွေးတိရိစ္ဆာန်လေးများ

ကျွန်မငယ်တုန်းက အိမ်ဘေးနားမှာ အပျိုကြီး တစ်ယောက်ရှိတယ်။ သူမက ကြောင်လေးတွေ ၁၅ကောင်နဲ့အတူ နေတယ်လေ။ တကယ် (၁၅)ကောင်ရှိပါတယ်။ သူမတို့မိသားစုဝင်တွေထက်တောင် ကြောင်လေးတွေက ပိုများနေသေးတယ်။ ကျွန်မလည်းငယ်သေးတယ်ဆိုတော့ ရယ်စရာ၊ ပေါကြောင်ကြောင်တစ်ခုလို မြင်ခဲ့တယ်။ ဒါပေမယ့် အခုတော့ ကျွန်မဒီအကြောင်းအရာလေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ် စရေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခွေးလေးတွေ၊...

ဖွင့်မပြောပေမယ့် ကိုယ့်လက်တွဲဖော် လိုချင်တောင့်တနေသော အရာ (၆)ခု

ကျွန်မတို့ရဲ့လက်တွဲဖော်အမျိုးသားတွေ ကျွန်မတို့ဆီကအမှန်တကယ်လိုချင်တောင့်တနေတဲ့ အရာလေးတွေ သူတို့စိတ်ထဲမှာ ရှိတတ်ကြပါတယ်။ ဒါပေမယ့်သူတို့ ဒါတွေကိုဘယ်တော့မှ ထုတ်ဖော်မပြောပါဘူး။ ဒီနေ့တော့ အားလုံးရှင်းရှင်းလင်းလင်းဖြစ်သွားအောင် ကျွန်မတို့ရဲ့ လက်တွဲဖော်အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်နေတဲ့ဆန္ဒလေးတွေကို ကြည့်လိုက်ကြရအောင်။ ၁။       ရိုသေလေးစားမှုခံရခြင်း အမျိုးသားတွေအားလုံးအတွက် အရေးအကြီးဆုံးနဲ့ မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုဖြစ်ပါတယ်။ သူ့အတွေးတွေ၊ သူ့စကားလုံးတွေ၊ သူ့အပြုအမူတွေဟာအရေးပါတယ်၊ အလေးအမြတ်ထားတယ်ဆိုတာသူသိအောင်ပြပါ။ ကိုယ့်လက်တွဲဖော်အမျိုးသားကို နှစ်ဦးကြားမှာဖြစ်စေ၊ လူအများကြားမှာဖြစ်စေအမြဲရိုသေလေးစားပါ။ ၂။      ...

မေလမှာ မွေးဖွားသူတို့၏ ထူးခြားသော ပင်ကိုယ်အရည်အသွေးများ

၁။ ခေါင်းမာပြီး စိတ်ဓါတ်မာကြောကြတယ်။ ၂။ ဘာလုပ်လုပ် တက်တက်ကြွကြွနဲ့ လုပ်တတ်ကြတယ်။ ၃။ စဉ်းစားတွေးခေါ်နိုင်စွမ်းအား ကောင်းကြတယ်။ ၄။ မေလဖွားတွေဟာ စွဲဆောင်မှုရှိသူတွေပီပီ သူတို့ကို လူတွေ စိတ်ဝင်တစားရှိတာကို နှစ်သက်ကြတယ်။ ၅။ တစ်ခုခုဆို လေးလေးနက်နက် ခံစားတတ်ကြတယ်။ ၆။ ရုပ်ရည် ရူပကာ ထူးခြားသလောက် စိတ်ထားလေးတွေလည်း လှကြတယ်။ ၇။ ရည်ရွယ်ချက် ခိုင်မာပြတ်သားကြတယ်။...

ဒီဇိုင်နာ မပုံ့ နဲ့ (၅) မိနစ်တာ

အစ်မ အောင်မြင်မှုတွေက တကယ့်ကို အံ့မခန်း လောက်စရာပဲ။ ဒီလောက် အပြိုင်အဆိုင်များတဲ့ ကြားထဲက ဒီဇိုင်နာလောကမှာ အဆင့်အတန်းရှိရှိ နာမည်တစ်လုံးနဲ့ ရပ်တည်ဖို့ ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ Work-Life Balance ကို ညီမျှအောင် နေထိုင်ရပ်တည်နေတဲ့ အတုယူဖွယ် အစ်မ အကြောင်းလေးတွေ ဂန္ထဝင်...

အမျိုးသမီးတိုင်း မဖြစ်မနေ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု (၅) မျိုး

ဘယ်လောက်ပဲ ကျန်းမာရေးလိုက်စားတယ် ပြောပြော အချို့ ရောဂါတွေဟာ သာမန်အခြေအနေမျိုးနဲ့ မသိမြင်နိုင်၊ သတိမထားမိနိုင်ပါဘူး။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေကို ဂရုတစိုက်နဲ့ စစ်ဆေးမှုလေးတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အောက်ဖက်မှာတော့ အချိန်နဲ့အမျှ ဂရုတစိုက် စစ်ဆေးနေဖို့လိုအပ်တဲ့ အမျိုးသမီးတို့ အဖြစ်များတဲ့ ရောဂါအမျိုးအစားလေးတွေကို ဖော်ပြထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင်...

ကိုယ့်ကိုတကယ်မချစ်တဲ့ ချစ်သူတစ်ယောက်နဲ့ လက်တွဲနေရပြီဆို

လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ချစ်မြတ်နိုးကြပြီး ကြည်နူးပျော်ရွှင် နေကြသူတွေရှိသလို ကိုယ့်ကိုတစ်ကယ်မချစ်တဲ့ သူတစ်ယောက်နဲ့ ပတ်သက်မိလို့ အမြဲစိတ်မချမ်းမမြေ့ ဖြစ်နေရသူတွေလည်း အများကြီးရှိပါတယ်။ အောက်ဖက်မှာ ဖော်ပြထားတာကတော့ ကိုယ့်ကိုတစ်ကယ် မချစ်တဲ့သူတစ်ယောက်နဲ့ လက်တွဲနေတဲ့ အချိန်ခံစားရမယ့် ဝိသေသလေးတွေပဲဖြစ်ပါတယ်။ ၁။ အမြဲလိုလို စိတ်ပျက်ဝမ်းနည်းဖွယ်ရာတွေ နဲ့ပဲ ကြုံနေရတယ်။ ညစာအတူစားဖို့ ဒါမှမဟုတ် ညဘက်ဖုန်းပြောကြဖို့...

သမီးလေးအတွက် ခါးသီးလှတဲ့ အမှန်တရားတွေရဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိဖို့ အကြံပေးစာ

ဘဝဆိုတာ တခါတရံမှာ ခက်ခဲကြမ်းတမ်းလွန်းပါတယ် သမီး။ သမီးလေးဘက်က ဘာမှမတတ်နိုင်ဘဲ လက်လွှတ်လိုက်ရမှာတွေလည်း အများကြီးရှိပါတယ်။ သမီးလေး မထိန်းချုပ်နိုင်တဲ့ အရာတွေက သမီးလေး ထိန်းချုပ်နိုင်တဲ့အရာတွေကို အနှောက်အယှက်ပြုတာမျိုး ခွင့်မပြုလိုက်ပါနဲ့။ အကောင်းမြင်စိတ်လေးထားပြီး သမီး ဒီနေ့မှာလုပ်နိုင်တဲ့ အရေးကြီးတဲ့အရာပေါ်မှာပဲ အာရုံစိုက်လုပ်ပါ။ နောင်တမရပါနဲ့၊ နောက်ပြန်လှည့်မကြည့်ပါနဲ့။ သမီးလေးဘဝကို ယုံကြည်ချက်အပြည့်နဲ့...

ဘဝမှာ ကြည်နူးဖွယ် အကောင်းဆုံး အချိန်လေးများ

၁။ အားသွန်ခွန်စိုက် ကြိုးစားပြီး ပထမဆုံးရခဲ့သော လုပ်အားခနဲ့ မိဘတွေကို ကန်တော့သောအချိန်။ ၂။ ဝေးကွားသွားသော သူငယ်ချင်းများအကြောင်း တွေးမိရင်း ကြည်နူး မျက်ရည်လေးများ လည်နေသောအချိန်။ ၃။ ငယ်ဘဝက အမှတ်တရ ဓါတ်ပုံလေးတွေကိုကြည့်ရင်း ပြုံးပျော်နေသောအချိန်။ ၄။ ရင်ထဲမှာ ကြိတ်မိတ်ခံစားနေရတာတွေကို ယုံကြည်စိတ်ချရသော သူငယ်ချင်းတစ်ဦးနဲ့ လွတ်လပ်စွာ ရင်ဖွင့်ခွင့်ရသောအချိန်။ ၅။ ကိုယ်ချစ်ရသောသူ၏...

မသန္တာလှိုင်နဲ့ (၅) မိနစ်တာ အမေးဖြေ

မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူများရဲ့ "5-Minute Biography of Successful Women" ကို ဂန္တဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်လိုက်ပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့မော်ဒလ်လောကမှာ ထိပ်တန်းရောက် အောင်မြင်ပြီးဖြစ်တဲ့ မသန္တာလှိုင် @ Christie Mackenzie ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။...

ချစ်သူဟောင်းရဲ့ အမှတ်တရပစ္စည်းတွေ ဖျောက်ဖျက်ရ ခက်နေပါသလား။

စာဖတ်ပရိသတ်တို့ရေ… ချစ်သူနဲ့ ပြတ်စဲစမှာ သူနဲ့ပတ်သက်တဲ့ အမှတ်တရ ပစ္စည်းတွေကြောင့် အနှောင့်အယှက်ဖြစ်ရတာ၊ သတိမရချင်တဲ့ အတိတ်တွေ သတိရနေတာမျိုးတွေ ဖြစ်နေပါသလား။ ဒီလိုဒုက္ခတွေက ကင်းဝေးချင်တယ်ဆိုရင်တော့ ဒီ www.neverlikeditanyway.com ဆိုတဲ့ Website လေးကတစ်ဆင့် သင့်မေ့ဖျောက်ပစ်ချင်တဲ့ ပစ္စည်းတွေကို ရောင်းချလို့ ရပါတယ်။ ဒီဆိုက်ပေါ်တင်ပြီး ရောင်းလိုက်တဲ့ လက်စွပ်တစ်ကွင်းဆို...

လက်ထပ်ခွင့်ကို သဘောမတူခင် ကိုယ့်ကိုယ်ကို ပြန်မေးသင့်သော မေးခွန်း (၄)ခု

ချစ်လို့ပဲဖြစ်ဖြစ် စီစဉ်ပေးလို့ပဲဖြစ်ဖြစ် လက်ထပ်ဖို့ ဆန္ဒရှိတာ သေချာရဲ့လား။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချနိုင်ဖို့အတွက် အောက်ဖော်ပြပါ မေးခွန်းလေးခုကို ဖြေကြည့်လိုက်ပါ။ ၁။မိဘကိုစိတ်ချမ်းသာ စေချင်လို့လား။ ပိုပြီး ခေတ်မှီတိုးတက်လာခဲ့ပေမယ့် တချို့အမျိုးသမီးတွေက မိဘတွေစိတ်တိုင်းကျ စီမံရာအတိုင်း လိုက်နာကြပါတယ်။ တချို့မိခင်တွေဆိုရင် သားသမီးတွေ အရွယ်မရောက်ခင်ကတည်းက သင့်တော်မယ့်လူ ရှာဖွေလို့ပြီးနေပါပြီ။ ဒါပေမယ့် မိဘတွေကျေနပ်အောင်...

ဖုန်းလေးကို ခဏမေ့ထားသင့်တဲ့ (၆)ချက်

နည်းပညာတိုးတက်တဲ့ ခေတ်မှာ လူတိုင်းလက်ထဲမှာ ဖုန်းလေးတွေ ကိုင်ထားကြပါတယ်။ ကိုယ်နှစ်သက်ရတဲ့ ဖုန်းထဲက အရာလေးတွေကို တစ်မိနစ် မကြည့်ရရင်တောင် မနေနိုင်တဲ့ပုံ ပေါ်နေပါတယ်။ တခါတရံကျရင်လည်း အလုပ်က ဖုန်းကို အဆက်မပြတ်ခေါ်နေတာကြောင့် ဖုန်းက လိုအပ်ပါတယ်။ ဒါပေမယ့် အလုပ်ကကိုယ့်ကို အနှောက်အယှက်တော်တော်ပေးလာရင် ဖုန်းကို ပိတ်ထားလိုက်ပါ။ တစ်နေ့မှာ...

သမီးလေးအတွက် – ဘဝပေးသင်ခန်းစာများ

မေမေက ပညာရှိတွေနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ သမီး၊ ဒါပေမယ့် မေမေ့ဘဝနဲ့ရင်းပြီးတော့ သင်ခန်းစာတွေ သင်ယူခဲ့ပါတယ်။ ပထမဆုံးမေမေနားလည်ခဲ့တာက မေမေတို့အားလုံးဟာ တူညီတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတာပါပဲ။ သေခြင်းတရား၊ သစ္စာဖောက်ခံရခြင်းတွေ၊ ကွာရှင်းပြတ်စဲခြင်း၊ နှလုံးသားနာကျင်ခံစားရခြင်းတွေ၊ ဖျားနာခြင်းတွေနဲ့ ငွေရေးကြေးရေး အခက်အခဲတွေပေါ့။ ဒါတွေကတော့ ရှောင်လွဲလို့မရတဲ့ ဒုက္ခဆင်းရဲတွေပါ သမီးရယ်။...

၄၄။ နှလုံးသား-အာဟာရ

အခြားသူတွေ သဘောကျ နှစ်သက်ဖို့ ကိုယ့်အရှိတရားတွေ ပြုပြင်နေထိုင်ဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကို လိပ်ပြာလုံနေဖို့က အဓိကပါ။