Yearly Archives: 2015

ချစ်သူရှိကြောင်း မိဘတွေကို ပြရမှာမို့ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲခဲ့သူ

အသက် (၃၂)နှစ်ရှိပြီဖြစ်တဲ့ လျုန်ဟွန်း (Liu Hung )ဟာ သူငယ်ချင်းတစ်ယောက်ကို ချစ်သူအဖြစ် ဟန်ဆောင်ခိုင်းပြီး မိတ်ဆက်ပေးရင်ရပေမဲ့ အဲဒီနည်းကိုမသုံးပဲ မိန်းကလေးတစ်ယောက်ကို အကြမ်းနည်းနဲ့ ပြန်ပေးဆွဲပြီး လက်ထက်မယ်လို့ စဉ်းစားခဲ့သူပါ။ သူဟာ ပန်းခြံထောင့်တစ်နေရာမှာ ပုန်းအောင်းနေပြီး သူနဲ့သင့်တော်မယ့် အမျိုးသမီးတစ်ယောက်ကို စောင့်ဆိုင်းခဲ့ပါတယ်။ သူ့မိဘတွေ သဘောကျလောက်မယ့် မိန်းကလေးမျိုး...

မှန်ကန်တဲ့ စိတ်သဘောထားနဲ့ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားကို မွေးလိုက်ပါ။

ကဲ ဂန္ထဝင်ပရိသတ်ကြီးရဲ့ စာဖတ်ပရိသတ်တွေထဲမှာ ကိုယ့်ဘဝကို ပြန်သုံးသပ်ကြည်ဖူးတဲ့သူတွေများ ရှိလား။ အကယ်၍ တစ်ခါမှ မသုံးသပ်ကြည့်ရသေးရင်တော့ အောက်ဖက် က စာသားလေးတွေနဲ့ တိုက်ကြည့်လိုက်ဖို့ အကြံပေးပါရစေရှင့်။ သင့်မှာ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတဲ့ နှလုံးသားတစ်စုံရှိတယ်။ လောကဓံကို ရင်ဆိုဖို့အတွက် ခိုင်မာတဲ့ စိတ်ဓါတ်အင်အားတွေ ရှိတယ်။ သင်ဟာ သင့်စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်မယ့် အရေးအကြီးဆုံး...

Relationship တစ်ခုကို မစတင်ခင် မေးရမယ့် မေးခွန်း (၆)ခု

Relationship တစ်ခုကိုမစတင်ခင်မှာကိုယ့်ကိုယ်ကိုပြန်မေးသင့်တဲ့ အရေးကြီးမေးခွန်းတချို့ရှိပါတယ်။ သူနဲ့တူတူ relationship တစ်ခုကို နှစ်ဦးသဘောတူမတည်ဆောက်ခင်မှာ ဒီမေးခွန်းတွေကိုသေချာစဉ်းစားကြည့်ဖို့လိုပါတယ်။ ဒါမှချစ်သူနှစ်ဦးကတကယ်ကိုလိုက်ဖက်ညီလားမညီလားဆိုတဲ့ အကြံကောင်းတွေရရှိလာမှာဖြစ်ပါတယ်။ ၁။ သူနဲ့တူတူရှိနေချိန်မှာ စစ်မှန်တဲ့ကိုယ့်ပုံစံအတိုင်းရှိနိုင်ပါသလား။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့နေတဲ့အချိန်က ကိုယ့်ပုံစံမျိုးနဲ့မတူဘဲသူနဲ့ဆိုရင်ကိုယ်ကတခြားလူတစ်ယောက်လိုပြောင်းလဲနေပါသလား။ ဒါဆိုရင် ဘာလို့ကိုယ့်အမှန်တကယ်ပုံစံကိုမပြနိုင်ရတာလဲ။ သူကကိုယ့်အတွက် မှန်ကန်တဲ့လက်တွဲဖော်တစ်ယောက်ဖြစ်မယ်ဆိုရင် ကိုယ့်အတွေးတွေ၊ ကိုယ့်ရည်မှန်းချက်စိတ်ကူးတွေကိုသူနဲ့တူတူမျှဝေတဲ့နေရာမှာအမြဲသက်သောင့်သက်သာရှိနေသင့်ပါတယ်။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၂။ သူကိုအရှိအတိုင်းလက်ခံနိုင်ပါသလား။ သူ့လက်ရှိပုံစံအတိုင်းကိုယ်ကလက်မခံနိုင်ဘူးဆိုရင်တော့...

ကြည်နူးစရာ ဘဝလေးပိုင်ဆိုင်နိုင်ဖို့ နည်းလမ်း (၇)သွယ်

ငွေကြေးက ပျော်ရွှင်စရာတွေ ယူဆောင်ပေးနိုင်တယ်လို့ လူတော်တော်များများက ယူဆကြပါတယ်။ ဒါပေမယ့် တခြားပျော်ရွှင်စရာလေးတွေ အများကြီးရှိပါသေးတယ်။ ကိုယ့်ကိုပျော်ရွှင်အောင် လုပ်ပေးနိုင်မယ့်အရာကို သိရှိဖို့နဲ့ အဲဒီအရာလေးတွေကို ဦးစားပေးဖို့ပဲလိုတာပါ။ ကိုယ့်ကို အမှန်တကယ် စိတ်ကျေနပ်စေမယ့်အရာက ကိုယ့်စိတ်အတွင်းထဲကပဲ လာတာပါလို့ ကျွန်မယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်အတွင်းစိတ်က ပျော်စရာတွေ၊ စိတ်ညစ်စရာတွေရဲ့ အရင်းအမြစ်ဖြစ်နေလို့ပါ။...

မိန်းကလေးများ လုပ်ငန်းခွင်တွင် တိုးတက်အောင်မြင်စေဖို့

လူမှုကွန်ယက် ဖေ့ဘွတ်၏ အမျိုးသမီးစွမ်းဆောင်ရှင် COO ရှယ်ရီးလ်ဆန်းဘတ် ( Sheryl Sandberg)ဟာ မိန်းကလေးတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတိုးတက်အောင်မြင်အောင် နေရမလဲဆိုတဲ့ လုပ်ငန်းခွင် အောင်မြင်ရေး အကြံပေးချက်တွေကို သူမရဲ့ ‘Lean In’ ဆိုတဲ့ စာအုပ်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။ ရှယ်ရီးလ် ဆန်းဘတ်...

နောက်မကျသွားခင် ကိုယ်ချစ်ခင်မြတ်နိုးသူများကို တန်ဖိုးထားဆက်ဆံသင့်ကြောင်း

သိပ်ချစ်ကြတဲ့ စန္ဒီတို့ ချစ်သူနှစ်ယောက် အိမ်ထောင်ကျပြီးတဲ့နောက် တစ်ယောက်ကိုတစ်ယောက် အသေးအဖွဲကိစ္စလေးတွေတောင် သည်းမခံနိုင်တော့ပဲ ပြဿနာတွေ ဖြစ်တတ်ကြတယ်။ တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပေမယ့်လည်း အမှားတွေကို ပြင်ဆင်ဖို့ မကြိုးစားကြပါဘူး။ စန္ဒီတို့ ကိုယ်တိုင်လည်း ဒီလိုဖြစ်နေရတာတွေကို မနှစ်သက်ပါဘူး။ ဒီလိုနဲ့ စန္ဒီတို့ အိမ်ထောင်ရေးဟာ တဖြည်းဖြည်နဲ့ ခြောက်ကပ် လာခဲ့ပါတယ်။ စန္ဒီတို့မင်္ဂလာနှစ်ပတ်လည်နေ့ရောက်တဲ့ရက်မှာ...

ဘဝမှာ အရေးပါတဲ့သူတွေက ပြစ်ပယ်လိုက်လို့ စိတ်ညစ်နေလား။ အပိုင်း (၂)

မနေ့ကဘဲ ဘဝမှာ အရေးပါတဲ့သူတွေက ပြစ်ပယ်လိုက်လို့ စိတ်ညစ်နေလား အပိုင်း (၁) ကို ဖော်ပြပြီးပါပြီ။ ဒီနေ့တော့ အပိုင်း (၂) ကို ဆက် ဖော်ပြသွားမှာ ဖြစ်ပါတယ်။ ကယ်… ဂန္ထဝင် စာဖတ်ပရိသတ်ကြီးတို့ ဖတ်လိုက်ကြရအောင်နော်။ ၁။ တစ်စုံတစ်ယောက်က ပေးခဲ့တဲ့ဒါဏ်ရာတွေကို မြင်ရင် ကိုယ့်ကို ဒီအခြေအနေပြန်ရောက်လာအောင်...

မကြာခဏဗိုက်ဆာနေရခြင်း၏ အကြောင်းအရင်း (၇)ချက်

တခါတလေဘယ်လောက်အစာစားစားဘာမှမစားထားသလိုချက်ချင်းလက်ငင်းဗိုက်ပြန်စာတတ်ကြတယ်လေ။ ဗိုက်ထဲမှာတွင်းနက်ကြီးကအစာတွေအားလုံးကိုစုပ်ယူနေသလိုမျိုးပေါ့။ ဒီလိုမျိုးပရိတ်သတ်တို့ အနည်းနဲ့အများခံစားဖူးကြမှာပါ။ကျွန်မတို့ အခုလိုမျိုးဗိုက်ခဏခဏပြန်ဆာနေရတဲ့ အကြောင်းအရင်းတွေရှိပါတယ်။ ဒီနေ့တော့ ဒီပြဿနာအရင်းအမြစ်တွေကိုရှာဖွေပြီးခဏခဏဗိုက်မဆာတော့အောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာဖတ်ကြည့်လိုက်ရအောင်။ ၁။ကျွန်မတို့ ရေဓာတ်ခမ်းခြောက်နေတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းရဲ့လက္ခဏာတွေကတော့ အားအင်လျော့နည်းလာတာတွေ၊ အိပ်ငိုက်လာတာတွေပေါ့။ ဒီလက္ခဏာတွေကဗိုက်ဆာရင်ပြတဲ့လက္ခဏာတွေနဲ့ ဆင်တူနေပါတယ်။ ဒါကြောင့် အမှန်တကယ်လိုအပ်နေတာရေဖြစ်နေပေမယ့်လည်း ကျွန်မတို့ကဗိုက်ဆာတယ်လို့ ထင်နေတတ်ကြပါတယ်။ဒီလိုမျိုးအထင်လွှဲမှားနေတာမျိုးမဖြစ်ရအောင် ဗိုက်ဆာတယ်လို့ ခံစားလာရတဲ့အခါ  တစ်ခုခုစားမယ်လို့ မဆုံးဖြတ်ခင် (၁၀)မိနစ်လောက်အကြိုမှာရေတစ်ခွက် အဝသောက်လိုက်ပါ။...

သွေးလှူခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ

ဘယ်လိုစွမ်းအားရှင်ကမှ သင့်ကို သူရဲကောင်းအဖြစ် ချက်ချင်းပြောင်းလဲ မပေးနိုင်ပါဘူး။ သို့ပေမယ့်လည်း အပ်လေးတစ်ချက်နဲ့ အချိန်အနည်းငယ်အတွင်းမှာ သင့်ကို သူရဲကောင်းအသွင် ပြောင်းပေးနိုင်တဲ့ အရာရှိပါတယ်။။ ဒါကတော့ သွေးလှူခြင်းပါပဲ။ တစ်ကြိမ်သွေးလှူရုံနဲ့ လူ (၃) ယောက်လောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်တဲ့ သူရဲကောင်းတစ်ယောက် အသွင်ကိုပေါ့။ သွေးလှူခြင်းဟာ လက်ခံသူ...

အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာအကြောင်း သိထားသင့်သည့်အချက်များ

သားအိမ်ခေါင်းကင်ဆာရောဂါဟာ အဖြစ်များပြီး အမျိုးသမီးများအတွက် ချိန်းခြောက်မှုတစ်ခုလိုဖြစ်နေပါတယ်။ သားအိမ်ခေါင်းကင်ဆာရောဂါ ကိုကြောက်စရာရောဂါတစ်ခု အဖြစ်သတ်မှတ်ပြီး လျစ်လျူရှုမထားကြဘဲ ပုံမှန်စစ်ဆေးနေကြ စမ်းသပ်မှုတစ်ခုလို စစ်ဆေးကြပြီး ကြိုတင်ကာကွယ်ကြမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာရောဂါဟာ မှေးမိန်ပျောက်ကွယ်သွားမှာပါ။ သားအိမ်ခေါင်းကင်ဆာ အများစုမှာ ရေယုန်ဖြစ်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုး Human papilloma Virus (ခေါ်)HPV ကူးစက်ခံရ၍ ဖြစ်သည်။ HPV...

အမျိုးသမီးတစ်ယောက် ဖြစ်ရခြင်း၏ အကျိုးကျေးဇူး (၉)ချက်

အမျိုးသားတွေက သူတို့မှာရှိတဲ့ ကြွက်သားဗလတွေ၊ စက်ပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ ယောက်ျားမာနအပြည့် ရှိကြပါတယ်။ ဒါပေမယ့် သူတို့မှာ ဘာတွေမရှိဘူးလဲဆိုတာကိုတော့ သူတို့မသိကြဘူး။ ကျွန်မတို့အမျိုးသမီးတွေ မလုပ်နိုင်တာ အနည်းငယ်ရှိပေမယ့် ကျွန်မတို့ လုပ်နိုင်တာတွေကတော့ အများကြီးရှိပါတယ်။ အမျိုးသမီးဖြစ်ရတာ ပျော်စရာကောင်းပါတယ်။ ဒါနဲ့ အမျိုးသားတွေ မှာမရှိတဲ့ ကျွန်မတို့အမျိုးသမိးဖြစ်ရခြင်းရဲ့ ကောင်းကျိုးလေးတွေကို...

အမျိုးသမီးတွေမှာ ယေဘုယအားဖြင့်တွေ့ရတဲ့ စိတ်နေသဘောထား (၅)ရပ်

တချို့လူ့အဖွဲ့စည်းတွေကတော့ ကြိုတင်ခန့်မှန်းလို့ရတဲ့ စိတ်နေသဘောထားတွေကို ယုံကြည်ကြပါတယ်။ တချို့စိတ်နေသဘောထားတွေကတော့ မှန်ချင်မှမှန်ပေမယ့် တချို့တွေကတော့ တကယ်မှန်ကန်ပါတယ်။ အမျိုးသမီးတွေမှာ အချိန်တွေကြာလာလည် တွေ့ရဆဲဖြစ်တဲ့ စိတ်နေသဘောထားတွေကို အမျိုးသမီးများ၏စိတ်နေသဘောထားများလို့ ခေါင်းစဉ်တပ်လိုက်ပါတယ်။ ဒါတွေကတော့ များတော့အားဖြင့် မှန်ကန်ကြောင်း သက်သေပြထားပါတယ်။ မှန်ကန်လေ့ရှိတဲ့ အမျိုးသမီးတွေရဲ့ စိတ်နေသဘောထားတွေကို လေ့လာကြည့်ရအောင်။ ၁။အမျိုးသမီးတွေက စိတ်ထိခိုက်လွယ်ကြတယ်။ ကျွန်မတို့ အမျိုးသမီးတစ်ယောက်စီမှာ...

သူငယ်ချင်းသံယောဇဉ်ကို ဘယ်လိုပြုပြင်ထိန်းသိမ်းမလဲ။

သူငယ်ချင်းနဲ့သက်ဆိုင်တဲ့ ဒုက္ခတွေဆိုတာ ကျောင်းမှာတင် ပြီးဆုံးသွားတာ မဟုတ်ပါဘူး။ တခါတရံ အမှားတွေလုပ်မိပြီး သူငယ်ချင်းရဲ့ ခံစားချက်ကို ထိခိုက်စေတာတွေလည်း ဖြစ်တတ်ပါတယ်။ အခုတော့ ကျွန်မတို့တွေက အရွယ်ရောက်ကြပြီလေ။ ကိုယ်လုပ်ခဲ့မိတဲ့ အမှားတွေက ရည်ရွယ်ပြီးလုပ်တာ မဟုတ်မှန်းလည်း သိနေကြတော့ တစ်ယောက်ကို တစ်ယောက် ခွင့်လွတ်နိုင်ကြပါတယ်။ အခုပြောပြပေးမှာကတော့ မှားခဲ့တာတွေကို...

သိန်းငှက်တစ်ကောင်လို ကောင်းကင်မှာပျံသန်ဖို့ အဆင်သင့် ဖြစ်ကြပြီလား

"ကမ်းပါးစွန်းကိုလာခဲ့ကြပါ” "ကျွန်တော်တို့ကြောက်ပါတယ်" "ကမ်းပါးစွန်းကိုလာခဲ့ကြပါ” ကမ်းပါးစွန်းကို လာခဲ့ကြသောအခါ တွန်းချခြင်းခံရပြီး ကောင်းကင်ထက်ကို ပျံတက်သွားကြသည်။ Guillaume Apollinaire ခေါ်ပြင်သစ်ကဗျာဆရာတစ်ဦး၏ ရေးသားဖော်ပြချက်ကို ကောက်နှုတ်ထားပါသည်။ ကျွန်မ အလွန်နှစ်သက်ခဲ့တဲ့ သင်ခန်းစာယူဖွယ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို စာဖတ်ပရိတ်သတ်ကြီးကို မျှဝေချင်ပါသည်။ မိမိကိုယ်ကို ကြက်ပေါက်ကလေးဟု ထင်နေသောသိန်းငှက်လေးတစ်ကောင် အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့…… ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ တနေ့မှာ ကြက်မွေးမြူတဲ့လယ်သမားကြီးတစ်ဦးက သူ့ရဲ့ကြက်ခြံအနီးမှာ...

ကြွယ်ဝချမ်းသာလိုပါသလား။ ဒီနည်းလမ်းလေးတွေ လိုက်နာကြည့်ပါ။

လောကမှာ ငွေးကြေးဥစ္စာ မပြည့်စုံချင်သူဆိုတာ မရှိသလောက်ပါပဲ။ သို့ပေမယ့် တစ်ချို့လူတွေက ပြည့်စုံကြွယ်ဝနေပြီး တစ်ချို့က ဆင်းရဲချို့တဲ့နေကြတာကတော့ ငွေကို ဘယ်လို စီစစ်သုံးစွဲလဲ၊ ရှာဖွေထားသမျှကို ဘယ်လို ထိန်းသိမ်းလဲ ဆိုတာတွေနဲ့ အများကြီး သက်ဆိုင်နေပါတယ်။ အောက်ဖက်မှာတော့ ငွေကြေးပြည့်စုံကြွယ်ဝသူတို့ မှာ တွေ့ရတဲ့ အမူအကျင့် တစ်ချို့ကို ကိုးကားပြီး...

ရင်ထဲထိ စူးနစ်သွားစေမယ့် ဖြစ်ရပ်မှန်လေးများ (၁၂)

သားဖြစ်သူဟာ မိခင်အိုကြီးကို အစားအသောက် ကောင်းလေးတွေ ကျွေးချင်တာကြောင့် လူစည်ကားတဲ့ စားသောက်ဆိုင်တစ်ခုမှာ ညစာစားဖို့ ခေါ်သွားခဲ့ပါတယ်။ မိခင်အိုကြီးဟာ အသက် အရမ်း ကြီးလွန်းတာတစ်ကြောင်း၊ အားနည်းပြီး တုန်ချိနေတာ တစ်ကြောင်းမို့ အစားအသောက်တွေကို သေသေသပ်သပ် မစားနိုင်တော့ပါဘူး။ အင်္ကျီတွေပေါ် ဟင်းတွေဖိတ်ကျ၊ စားပွဲပေါ် အစားအသောက်တွေ မှောက်လို့မှောက်နဲ့ အတော်ကို...

မျိုးရိုးလိုက်သော ရောဂါများအကြောင်း သိကောင်းစရာလေးများ

ဆရာဝန်တွေ ဆေးစစ်တဲ့အခါ ရောဂါနဲ့ ပတ်သက်ပြီး မိသားစုရဲ့ နောက်ခံသမိုင်းကြောင်းကို မေးတာ အကြောင်းမဲ့ မဟုတ်ပါဘူး။ မျိုးရိုးကြောင့် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ သင့်ကို ကူးစပ်နိုင်ခြင်း ရှိမရှိ မေးမြန်းခြင်း ဖြစ်ပါတယ်။ အောက်ဖက်မှာ ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ရေးသားတင်ဆက်ထားတာတွေကတော့ မျိုးရိုးလိုက်ခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါလေးတွေအကြောင်းနဲ့ပတ်သက်ပြီး ဆောင်ရန်ရှောင်ရန်လေးတွေ ပဲဖြစ်ပါတယ်။ ၁။...

အောင်သမာဓိမှ မဇင်နဲ့ (၅)မိနစ်တာ အမေအဖြေ

မဇင် မင်္ဂလာပါ အစ်မ။ အခုဆို အစ်မတို့ အောင်သမာဓိရွှေဆိုင်က အများနဲ့မတူတဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။ အစ်မကလည်း စီးပွားရေးလုပ်ငန်းတွေမှာ တက်ကြွစွာ လုပ်ဆောင်နေရုံတင် မကဘဲ အခြား Activities တွေမှာလည်း မျှတစွာ ပျော်ရွှင်ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ ညီမတို့ ဂန္ထဝင်...

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇွန်လ (၂၂) ရက်နေ့မှ (၂၈) ရက်နေ့အထိ)

၁။ မိဿရာသီဖွား (Aries ) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ ဒီတစ်ပတ်မှာ အလုပ်နဲ့ ပတ်သက်ပြီး စိန်ခေါ်မှုတွေ အများကြီး ကြုံရပါလိမ့်မယ်။ ကိုယ်အစွမ်းအစ ရှိသလောက် ကြိုးစားပါက ထိပ်ဆုံးထိ ရောက်မယ့် ကာလဖြစ်ပါတယ်။ စကားအပြောအဆို ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။...

ရေခဲသေတ္တာထဲ ထည့်မသိမ်းသင့်တဲ့ အစားအစာ (၁ဝ)မျိုး

၁။ ထောပတ်သီး မမှည့်သေးတဲ့ ထောပတ်သီးတွေကို ရေခဲသေတာထဲ ထည့်ဖို့မသင့်တော်ပါဘူး။ မှည့်ပြီးလို့ ခွဲစိတ်ပြီးသွားရင်တော့ ထည့်လို့ရပါတယ်။ ၂။ အာလူး အာလူးကို ရေခဲသေတ္တာထဲ ထားခြင်းက အာလူးထဲမှာပါဝင်တဲ့ ကစီဓါတ်တွေကို သကြားဓါတ်တွေ အဖြစ်အလျှင်အမြန် ပြောင်းလဲစေပါတယ်။ အေးနေတဲ့ သဲကြမ်းပေါ်မှာထားတာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ ၃။ ခရမ်းချဉ်သီး ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲမှာ ထားခြင်းက မူရင်းအရသာကို...