Yearly Archives: 2015

နှစ်ပေါင်း (၆ဝ) ကြာ တည်တံ့တဲ့ ချစ်ခြင်းရဲ့ တစ်ခုတည်းသော လျို့ဝှက်ချက် (ဟာသလေးတစ်ပုဒ်)

တစ်ယောက်ကိုတစ်ယောက် သိပ်ကိုချစ်မြတ်နိုးကြတဲ့ အဖိုးအဖွား နှစ်ယောက်ဟာ နှစ်ပေါင်း(၆ဝ) ကျော်ထိ အတူတကွ ပေါင်းသင်း နေထိုင်ခဲ့ကြပါတယ်။ နှစ်ပေါင်း (၆၀) လုံး သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် လျို့ဝှက်ထားတာ မရှိလောက်အောင် ပွင့်လင်းစွာ ဆက်ဆံခဲ့ကြပါတယ်။ ဘယ်လိုအကြောင်းအရာမျိုး မဆို တစ်ယောက်ကိုတစ်ယောက် ဖွင့်ဟတိုင်ပင်လေ့ ရှိကြပါတယ်။ ဒါပေမယ့် အဖွားအိုရဲ့...

နာမည်ကျော် ပုဂ္ဂိုလ်တွေပြောခဲ့တဲ့ အချစ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာ

၁။ relationship ရှိနေပေမယ့်လည်း ကိုယ်ကိုယ့်ကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ကြိုးစားပါ။ လူနှစ်ယောက် ပေါင်းစည်းခြင်းက လက်တွဲဖော်ပဲ ဖြစ်သင့်ပါတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်ဖို့ မသင့်ပါဘူး။ - ကတ်ထရီနာ ဒဗလူ (Katrina W) ၂။ တစ်စုံတစ်ယောက်ကြောင့် ခံစားရဖူးတိုင်း နောက်လူကလည်း ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့...

ဆံသားတွေပျက်စီးပြီး ခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။

အရမ်း စိတ်ပူမနေပါနဲ့။ ဒါဟာ သင်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ဆံသားနူးညံ့မှုကို ဂရုစိုက်တဲ့ သူဖြစ်နေပါစေ အနည်းဆုံးတော့ ဆံပင်နှစ်ခွလေးတွေ ဖြစ်တတ်ပါတယ်။ ခြောက်သွေ့မှုမရှိပဲ အားပြည့်လန်းဆန်းတဲ့ ဆံနွယ်လေးတွေဖြစ်ဖို့အတွက် အခု ဂန္ထဝင်က တင်ဆက်သွားမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း လေးတွေနဲ့ စတင်ပြုပြင်...

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇူလိုင် ၂၆ မှ သြဂုတ် ၂ ရက်နေ့အထိ)

၁။ မိဿ      ရာသီဖွား (Aries) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ သင့်အတွက် အခုအချိန်ဟာ ကံကြမ္မာရဲ့ လှည့်စားမှုတွေကို ခံရတော့မယ့် အချိန်ဖြစ်နေပါတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ အငြင်းပွားရတတ်ပါတယ်။ ဒီအချိန်မှာ အငြင်းပွားတာက နှစ်ဖက်လုံးအတွက် အကျိုးယုတ်ဖို့ပဲ ရှိတာကြောင့် တတ်နိုင်သမျှ စိတ်ကိုထိန်းချုပ်ထားပါ။...

ချစ်သူထံ မပို့သင့်သော မက်ဆေ့ခ်ျ (၅)စောင်

၁။တခြားကောင်မလေး ရှိလား။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီလိုမက်ဆေ့ခ်ျမျိုး မပို့မိပါစေနဲ့။ ရူးကြောင်ကြောင်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။ တခြားကောင်မလေး တကယ်ရှိနေတာ သေချာတယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း ပြောတာပိုကောင်းပါတယ်။ ဒီလိုအကြောင်းအရာမျိုးက မက်ဆေ့ခ်ျကနေတဆင့် စကားပြောဖို့ မသင့်တော်ပါဘူး။ ဒီလိုအကြောင်းမျိုးပြောချင်တယ်ဆိုရင် ခေါင်းအေးအေးထားပြီး သေသေချာချာ ပြတ်ပြတ်သားသား စဉ်းစားပြီး တိုက်ရိုက်သွားပြောပါ။ မက်ဆေ့ခ်ျမပို့ပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၂။ထေ့ငေါ့တဲ့...

လက်ထပ်ခြင်းအပေါ် ထားရှိတဲ့ မိန်းကလေးတို့၏ သဘောထား

မိန်းမတစ်ယောက် သူတို့ဘဝတစ်ခုလုံးကို ရင်းနှီးမြှပ်နှံပြီး ကြင်သူဇနီးမယားအဖြစ် ခံယူဖို့ ဆုံးဖြတ်တဲ့အခါ အခြေခံစိတ် (၅)မျိုး ရှိပါတယ်။ ၁။ မိခင်စိတ် မွေးကတည်းက ပါလာတဲ့ သနားညှာတာတတ်တဲ့စိတ် ၊နွေးထွေးကြင်နာလိုစိတ်၊ မိခင်တစ်ယောက်ရဲ့ ကာကွယ်လိုတဲ့စိတ်နဲ့ တစ်သက်လုံး မိမိချစ်သူကို ချစ်မြတ်နိုးသွားချင်တာကြောင့်ပါ။ ၂။ လုံခြုံစိတ်ချလိုစိတ် မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို လက်ထပ်လိုက်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ အားကိုလိုမှုထက် စိတ်ပိုင်းဆိုင်ရာ...

ခင်ပွန်းသည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလေး ဖြစ်စေဖို့

ကျွန်မတို့ မီးဖိုခန်းထဲမှာ ရေတွေစိမ့်နေတာ ညကသတိထားမိလိုက်တယ်။ ကျွန်မခြေထောက် အောက်ကရေအိုင်ကို ကြည့်ခြင်းအားဖြင့် တစ်နေရာရာက ရေယိုစိမ့်မှုဖြစ်နေပြီဆိုတာ သေချာတာပါတယ်။ ဒီည သူ ပင်ပန်းလာလို့ ဒီအပေါက်ကို မဖာထေးဖြစ်ရင် တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာမှာပါ။ ဒီယိုစိမ့်နေတဲ့ ရေပေါက်ကိုသာ မဖာထေးဘဲ (၁၀)နှစ်လောက် ကြာအောင် ပစ်ထားလိုက်မယ်ဆို ကျွန်မတို့...

လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့သူ

၁။ အသက်ကြီးလို့ ပါးရည်နားရည်တွေ တွဲကျလာရင်တောင် ဒါဟာ ဘဝတစ်လျှောက်လုံး သူနဲ့အတူ ရယ်မောပျော်ရွှင်ခဲ့တဲ့ သင်္ကေတတစ်ခုဟု ထင်ဟပ်စေသူ။ ၂။ သင်နဲ့မခွဲအတူ ရှိနေရတာကို အမြဲဂုဏ်ယူ နေတတ်သူ။ ၃။ သင့်ပျော်ရွှင်မှုကို သူ့ပျော်ရွှင်မှုသဖွယ် တန်ဖိုးထားအလေးပေးတတ်သူ။ ၄။ နှစ်ဦးကြား ဆက်ဆံရေးကို အပြုသဘောနဲ့ အမြဲဖော်ပြနေတတ်သူ။ ၅။ သူ့ရဲ့ အနာဂတ်ပုံဖော်ရာမှာ သင့်ကို...

မီးဖိုချောင်ထဲက ပုရွက်ဆိတ်တွေကြောင့် သောကရောက်နေရပါသလား။

  ပုရွက်ဆိတ်တွေကို ဖယ်ရှားဖို့ ဓာတုဆေးတွေက အစွမ်းထက်တယ် ဆိုပေမယ့် ပတ်ဝန်းကျင်က လူတွေနဲ့ အိမ်မွေးတိရိစ္ဆာန် တွေကိုလည်း ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ဒီတော့ သဘာဝနည်းလမ်းလေးတွေ ရွေးချယ်တာက ပိုသင့်တော်ပါတယ်။ မီးဖိုချောင်ရဲ့ တိုင်တွေမှာ၊ အိမ်ရဲ့လျှောက်လမ်းတွေမှာ ပုရွက်ဆိတ်တွေ ပြည့်ကျပ်နေတာ တွေ့ဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးအတွက် ငွေကုန်ကြေးကျ သက်သာစေမယ့် နည်းလမ်းလေးတွေကို...

တစ်ဖက်သက်ချစ်ခြင်း၏လက္ခဏာ (၅)ရပ်

အချစ်ဇာတ်လမ်းလေးထဲမှာ ကိုယ့်အချစ်က တစ်ဖက်သက်ဖြစ်နေတယ်လို့ ခံစားနေရပါသလား။ ဒီလိုဆိုရင် အချစ်ခရီးလမ်းဟာ ပူဆွေးခံစားမှုတွေဆီကို ဦးတည်နေတာကြောင့် ပြန်စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဒီ relationship က လိုအင်တွေမပြည့်ဝဘူးဆိုတဲ့ ခံစားချက်မျိုးပေးနိုင်သလိုကိစ္စတိုင်း၊ အရာရာတိုင်းကို ပြုလုပ်နေရတာကိုယ်တစ်ယောက်တည်းလို့လည်း ခံစားစေနိုင်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာရပ်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ လိုအပ်နေပါပြီ။ ၁။ ကိုယ်ကပဲအဆက်အသွယ်စလုပ်ရတယ်။ မက်ဆေ့ခ်ျပို့တာဖြစ်ဖြစ် ဖုန်းဆက်တာဖြစ်ဖြစ်...

အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်းများ

အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ပြဿနာကို အဖြေရှာ ကြည့်တော့ များသောအားဖြင့် လက်ရှိ အိမ်ထောင်ရေးမှာ သူတို့ မပျော်ပိုက်ကြတော့ လို့ပါ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိတို့ အမျိုးသားတွေရဲ့ လိုအပ်ချက်တွေကို သိရှိပြီး အချိန်မှီ ပြင်ဆင်လို့ ရအောင် ဂန္ထဝင်မဂ္ဂဇင်းမှ ဒီစာစောင်လေးကို မျှဝေပေးလိုက်ရပါတယ်။ အိမ်ထောင်သည်...

သင့်မျက်နှာက ပြောသော သင့်အကြောင်း

သင့်ရဲ့ မျက်နှာအသွင်အပြင်ကနေ သင့်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရနိုင်ပါ့မလား။ ရနိုင်ပါတယ်။ အကြောင်းကတော့ အင်္ဂရုပ် ကျွမ်းကျင်ပညာရှင်တွေက လူတွေရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီး သူတို့ရဲ့ စိတ်တွေ၊ အမူအကျင့်တွေကို အကဲခတ်နိုင်တဲ့ ပညာရပ်ကို မျှဝေထားခဲ့လို့ပါ။ အောက်ဖက်မှာတော့ မျက်နှာပေါ်က အစိတ်အပိုင်းလေးတွေရဲ့ ပုံသဏ္ဍန်အလိုက် လူတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့...

စိတ်ဆင်းရဲမှုတွေ ဝေးလွင့်သွားစေမယ့် အားဆေးလေးများ အပိုင်း – ၂

၁။ ချစ်ခြင်းမေတ္တာကြီးမားမှု။ မနေ့က ကျွန်တော်သိပ်ချစ်ရတဲ့ ခွေးလေး ကားတိုက်ခံရတယ်ဗျာ။ ကျွန်တော် သူ့ဘေးမှာထိုင်ပြီး သူ့ကို ပွေ့ဖက်ထားမိတယ်။ မျက်ရည်တွေလည်း ကျနေမိတယ်။ ဝမ်းအနည်းဆုံးကတော့ သူမသေခင် ဝေဒနာတွေ ခံစားနေရတဲ့ ကြားကနေ သူ့လျှာလေးနဲ့ ကျွန်တော့် မျက်ရည်တွေကို သုတ်ပေးသွားတာပါပဲဗျာ။ ၂။ ငကန်းသေလျှင် ငဆွေပေါ်လိမ့်မယ်။ ဒီနေ့ မနက် ၇...

တစ်ခုခုကို ငြင်းဆန်တော့မယ်ဆိုရင် ကိုယ့်ကိုယ်ကို ဒါလေးတွေ ပြန်မေးကြည်ပါ။

ဂန္ထဝင်ရဲ့ ပရိသတ်ကြီးရေ… ဘဝမှာ အချိန်မရှိလို့ဆိုပြီး အလုပ်တာဝန်တွေကို ငြင်းဆန်ခဲ့ရတဲ့ အချိန်တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ အဲဒီလို တာဝန်တစ်ခုကို ငြင်းဆန်လိုက်ပေမယ့် အခြားလည်းဘာမှ မယ်မယ်ရရ မလုပ်ဖြစ်တာမျိုးတွေလည်း ကြုံဖူးကြမယ် ထင်ပါရဲ့။ ဒီလိုမဖြစ်ရအောင် တစ်ခုခုငြင်းဆန်တော့မယ်ဆိုရင် အဲဒီအလုပ်က ကိုယ့်အတွက် တစ်ကယ်အရေးပါလား မပါဘူးလားဆိုတာ ပြန်သုံးသပ်ဖို့လိုအပ်ပါတယ်။ ဥပမာ -...

အရာရာ မတည်မြဲတဲ့ လောကကြီးမှာ သင့်အတွက် တစ်ခုတည်းသော ရွေးချယ်မှုက…

အစိုးမရတဲ့ အနတ္တ ကမ္ဘာကြီးမှာ သင့်ကိုယ်သင် အလိုမကျတွေဖြစ်ပြီး အပြစ်တင်နေမိပြီလား။ တစ်စုံတစ်ယောက်အပေါ် မုန်းတီး နာကျည်းနေပြီလား။ ဒေါသမာန်မာနတရားတွေနဲ့ပဲ ပြည့်နှက်နေပြီလား ဆိုတာ သင့်ကိုယ့်သင် မေးခွန်းထုတ်ကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ တစ်ကယ်လို့ အဲဒီအရာတွေကို သင်ဆုပ်ကိုင်ထားမိပြီဆိုရင်တော့ သင့်စိတ်တွေ ပူလောင်တာက လွဲလို့...

ယောက္ခမတွေနဲ့ ဘယ်လိုပြေလည်အောင် ဆက်ဆံမလဲ။

အိမ်ထောင်သည်ဘဝမှာ မိမိခင်ပွန်းနဲ့တော့ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်ကြတာကြောင့် ပြဿနာ မရှိပေမယ့် သူ့ရဲ့ မိဘတွေနဲ့ ဆက်ဆံရေးမှာတော့ အခက်အခဲ လေးတွေ တွေ့ရတတ်ပါတယ်။ အသက်အရွယ်ကွာဟမှုကြောင့် နေ့စဉ်ဘဝမှာ ပြဿနာလေးတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ယောက္ခမတွေနဲ့ ဆက်ဆံတဲ့ အခါ အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။...

မျက်နှာပေါ်က မှဲ့တွေက ပြောနေတဲ့ သင့်အကြောင်း

ပထမဦးစွာ သင့်မျက်နှာပေါ်မှာ မှဲ့ရှိမရှိ အရင်စစ်ဆေးကြည့်လိုက်ပါ။ သင့်မျက်နှာပေါ်မှာ ရှိနေတဲ့ မှဲ့တွေက သိသာထင်ရှားတယ် ဆိုရင်တော့ သင့်အတွက် အဓိပ္ပါယ်အများကြီး ရှိနေမှာပါ။ အကယ်၍ မျက်နှာတစ်ပြင်လုံးမှာ အစက်အပြောက်တွေ၊ ဝက်ခြံတွေ၊ မှည့်ခြောက်တွေနဲ့ပဲ ပြည့်နေရင်တော့ ကောက်ချက်ချဖို့ ခဲယဉ်းပါတယ်။ သင့်မျက်နှာပေါ်က မှဲ့တွေက ဘယ်နံပါတ်လဲ ဆိုတာ...

စိတ်ဆင်းရဲမှုတွေ ဝေးလွင့်သွားစေမယ့် အားဆေးလေးများ အပိုင်း – ၁

၁။ တော်လိုက်တဲ့ ကျွန်တော့်အဖေ။ တစ်နေ့မှာ ကျွန်တော့်အဖေ ဘာပြောလဲ ဆိုတော့ "ကြိုးစားကြည့်စမ်းပါကွာ။" ထုတ်ကုန်ကောင်းကောင်း တစ်ခုရဖို့ အစကတည်းက အသက်မွေးဝမ်းကျောင်းတစ်ခုမှာ ကျွမ်းကျင်နေစရာ မလိုပါဘူးကွ။ Google တို့ Apple တို့ကို တီထွင်ခဲ့တဲ့ သူတွေထဲမှာ ကျွမ်းကျင်ပညာရှင် တစ်ယောက်မှ မပါဘူး။ ဒီလိုပဲ လေ့လာရင်း...

မိဘများထံမှ သားသမီးများသင်ယူကြသည့် အချက်လေးများ

အိမ်ထောင်တစ်ခုမှာ မိဘများဆီကနေ သားသမီးတွေအတွက် သင်ယူစရာ များစွာရှိပါတယ်။ သင်ယူစရာတွေထဲက အများစုကတော့ ကျွန်မတို့ တစ်ခါမှ မစဉ်းစားဖူးတဲ့ အရာတွေပါ။ သားသမီးတွေဆိုတာ ကျွန်မတို့ကိုဥပမာထားပြီး ကြည့်တယ်၊ ကျွန်မတို့ပြောတာနားထောင်တယ် ပြီးတော့ ကျွန်မတို့ဆီကနေ သင်ယူကြပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သားသမီးတွေ နမူနာယူဖို့အတွက် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ စဉ်းစားချိန်ဆဖို့...

စိတ်ချမ်းမြေ့ပျော်ရွှင်ရသော ဆက်ဆံရေး

လျှို့ဝှက်ချက်စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးမယ်ဆိုရင်တော့ အိမ်ထောင်တစ်ခုမှာဖြစ်ဖြစ်၊ ချစ်သူစုံတွဲကြားမှာဖြစ်ဖြစ်၊ လီးဗင်း တူဂဲသား (living together) တွေမှာဖြစ်ဖြစ် စိတ်ချမ်းမြေ့ရသော ပေါင်းသင်းဆက်ဆံရေးတစ်ခုကို ကြာရှည်စွာ ထိန်းသိမ်းထားနိုင်မှာပါ။ အားလုံးသိကြတဲ့အတိုင်း ပေါင်းသင်းဆက်ဆံရေးဆိုတာ တစ်ဦးချင်းစီရဲ့စိတ်ခံစားချက်ပေါ်မှာ မူတည်တယ်လေ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေကို လုံးဝလိုက်နာဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးလေ။ ဒါပေမယ့် အခုဖော်ပြပေးမယ့် လမ်းညွှန်ချက်အချို့ကို...