Yearly Archives: 2015

စိတ်ဆင်းရဲမှုဆိုတာ ကိုယ်ခွင့်မပြုဘဲ ကိုယ့်ဆီ ရောက်မလာပါဘူး။

တစ်နေ့ ကျွန်မ လေဆိပ်ကို သွားဖို့ တက္ကဆီတစ်စီး ငှားခဲ့ပါတယ်။ ကျွန်မ ငှားလိုက်တဲ့ကားဆရာ က အလွန်စည်းကမ်းလိုက်နာပြီး ကိုယ့်လမ်းပေါ်မှာကို ဖြေးဖြေး မှန်မှန် မောင်းနှင်တတ်သူပါ။ ဒါပေမယ့် ရုတ်တရက် အမည်းရောင် ကားတစ်စီးက ကျွန်မတို့ဆီကို တစ်ရှိန်ထိုး ပြေးဝင်လာခဲ့ပါတယ်။ ဒါနဲ့ ကျွန်မရဲ့ ကားဒရိုက်ဘာကလည်း ရုတ်တရက်...

အပျော်ချစ်လား၊ အဖေါ်စစ်လား သိနိုင်ဖို့…

သင်လက်ထပ်ဖို့မဟုတ်ဘဲ အပျော်တွဲခဲ့တဲ့ မိန်းကလေးနဲ့ သင်လက်ထပ်ဖို့ ရွေးချယ်တော့မယ့် မိန်းကလေးမှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားချက်လေးတွေ ရှိနေမှာပါ။ ဘာတွေကွားခြားနေလဲ။ အချိန်လေး အနည်းငယ်လောက်ပေးပြီး ဒီမေးခွန်းလေး ဖြေကြည့်စေလိုပါတယ်။ ပြီးရင်တော့ အောက်ဖက်မှာ ဖော်ပြထားတဲ့ အဖြေလေးတွေနဲ့ တိုက်ကြည့်ပြီး မှန်မမှန် ဆန်းစစ်ကြည့်လိုက်ပါ။ လူနှစ်ယောက် ပေါင်းဖက်ကြတယ် ဆိုတာ အတော်ကို...
Photo Credit: http://www.enkivillage.com/kiwi-smoothie.html

ကျောက်ကပ်ရဲ့ လုပ်ဆောင်မှု ပိုမိုအားကောင်းလာစေမယ့် သဘာဝဖျော်ရည်

ကျောက်ကပ်ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ရော အသက်ရှည်ဖို့အတွက်ရော အရေးပါ အရာရောက်ပါတယ်။ ကျောက်ကပ်ဟာ ကျွန်တော်တို့တွေ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ပါလာတဲ့ အဆိပ်အတောက်တွေ ကင်းဝေးအောင် သွေး ၂ဝဝ လီတာ (200 liters) ခန့်ကို နေ့စဉ်...

ဒါရိုက်တာကြည်ဖြူသျှင်နဲ့ ၅ မိနစ် အမေးဖြေ အပိုင်း – ၁

ဒီအပတ်မှာတော့ မြန်မာ့ဒါရိုက်တာလောကထဲ ထိပ်တန်းရောက်အောင်မြင်နေပြီဖြစ်တဲ့ အားကျအတုယူဖွယ် မကြည်ဖြူသျှင်ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ ဂန္တဝင်မဂ္ဂဇင်းရဲ့ စာဖတ်ပရိသတ်ကြီးတို့… မကြည်ဖြူသျှင်ရဲ့ အာဘော်လေးကို ဖတ်လိုက်ကြရအောင်နော်။ (၁) - မကြည်ဖြူသျှင် အကြောင်း အနည်းငယ်သိပါရစေရှင်။ - အမ အဖေက ဦးတင်ဝင်းသျှင်( မြန်မာစာဆရာ) အမေက ဒေါ်ခင်လေးသိမ့်(ဇာတ်ညွှန်းအကယ်ဒမီ ခင်လေးသိမ့်)၊ ပါ။...

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (သြဂုတ်လ ၃ ရက်နေ့ မှ ၁ဝ ရက်နေ့အထိ)

၁။ မိဿ      ရာသီဖွား (Aries) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ ဒီတစ်ပတ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အဆင်မပြေမှုလေးတွေ အနည်းငယ် ကြုံတွေ့ရတတ်ပါတယ်။ အဲဒီအဆင်မပြေမှုလေးတွေကြောင့် သင်နဲ့ သင့်ချစ်သူကြား ဆက်ဆံရေး ဝေးကွာသွားတာမျိုး မဖြစ်အောင် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ယုံကြည်နားလည်ပေးလိုက်ရင်...

ရည်းစားဦးကို ပြန်တွေ့ရင် ဘယ်လိုပုံစံတွေ ဖြစ်နေမယ်ထင်လဲ။

အထက်တန်းကျောင်း တက်စဉ်က ဒါမှမဟုတ် ပထမဆုံး အချစ်ကို စရူးသွပ်မိစဉ်က ထားခဲ့တဲ့ ရည်းစားဦးကိုတော့ လူတိုင်း မှတ်မှတ်ရရ ရှိနေကြမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအရွယ်က “နွားခြေရာကွက်ကို သမုဒ္ဒရာလို “ ထင်တတ်ကြတာမို့ ကိုယ့်ချစ်သူသာကိုယ့်အတွက် အကောင်းဆုံး လို့ ထင်တတ်ကြတာ မို့ပါ။ ဒါပေမယ့်လည်း ဘဝအခြေအနေတွေ၊...

ပြန်ပြင်လို့မရတဲ့ နောင်တဆိုတာ…

ကျွန်တော့် အထက်တန်းကျာင်းသား (၉) တန်း ဘဝမှာပေါ့ ။ English စာသင်ခန်းထဲမှာ ကျွန်တော်နဲ့ ကပ်လျှက်မှာ ထိုင်တဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။ သူမက ကျွန်တော့်ရဲ့ အကောင်းဆုံးသူငယ်ချင်းပါ။ ကျွန်တော်က သူမရဲ့ ပျော့ပျောင်း နူးညံ့တဲ့ ဆံကေသာလေးတွေကို တိတ်တခိုး စွဲလမ်းခဲ့ရသူပါ။ သူမကတော့ သတိထားမိမှာတောင်...

နားရွက်အနေအထားလေးတွေက ပြောနေသော သင့်အကြောင်း

လူအမျိုးမျိုးမှာ တူညီတဲ့ ကိုယ်အဂါင်္အစိတ်အပိုင်းလေးတွေ ရှိတတ်ကြပေမယ့် ပုံသဏ္ဍန်လေးတွေကတော့ ကွဲပြားတတ်ကြပါတယ်။ ဥပမာ - မျက်လုံးချင်းတူပေမယ့် အကျဉ်းအကျယ် ကွဲပြားသလိုပေါ့။ အခုတစ်ပတ်မှာတော့ ဂန္ထဝင်ပရိသတ်ကြီးအတွက် နားရွက်လေးတွေရဲ့ ပုံသဏ္ဍန်ကွဲပြားမှုအပေါ် မူတည်ပြီး ကွဲပြားသွားတဲ့ စရိုက်သဘာဝ၊ စိတ်နေစိတ်ထားလေးတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ၁။ ပုံ (A) မှာ ပြထားတဲ့...

အိမ်ထောင်ပြုဖို့ အသက် (၂ဝ)ထက် (၃ဝ) က ဘာကြောင့် ပိုသင့်တော်တာလဲ။

အသက် (၃ဝ) … ဟုတ်ပါတယ်။ ဒီအရွယ် ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အချိန်လို့တောင် ပြောလို့ရပါတယ်။ ဒီလိုပြောလိုက်လို့ အခြားအသက်အရွယ်တွေမှာ အိမ်ထောင် မပြုသင့်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင့်တင့်တဲ့ ဘဝအတွေ့အကြုံတွေနဲ့ ရင့်ကျတ်မှုတွေက သာယာတဲ့ အိမ်ထောင်တစ်ခု တည်ဆောက်ဖို့အတွက် အများကြီး အထောက်အကူဖြစ်စေမှာပါ။ ဒါကြောင့်...

သင့်ကို ဘဝရဲ့ ချိုမြိန်သော အဓိပ္ပါယ်တွေ သင်ကြားပေးနေသူများ

၁။ သင့်ကို ဤမျှ ဆန်းကြယ်လှသော လူ့လောကထဲသို့ ပထမဦးဆုံး ခေါ်ဆောင်လာခဲ့တဲ့ သင့်မိခင်။ ၂။ သင့်မျက်နှာ အပြုံးလေးတွေနဲ့ ဝေဆာနေတာကို မြင်ရဖို့အတွက် အပူအပင်တွေနဲ့ ဒုက္ခတွေအားလုံးကို ကိုယ့်ပခုံးနဲ့ထမ်းပြီး ကြိုးစားရုန်းကန်ခဲ့တဲ့ သင့်ဖခင်။ ၃။ အချင်းချင်း မေတ္တာရှေ့ထားပြီး ဂရုစိုက်တတ်ခြင်းနဲ့ ရက်ရက်ရောရော ပေးကမ်းစွန့်ကျဲတတ်ခြင်းတွေရဲ့ အဓိပ္ပါယ်ကို သင်ကြားပေးခဲ့တဲ့...

နာမည်ကျော် ပုဂ္ဂိုလ်တွေပြောခဲ့တဲ့ အချစ်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာ အဖြာဖြာ

၁။ relationship ရှိနေပေမယ့်လည်း ကိုယ်ကိုယ့်ကို လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ကြိုးစားပါ။ လူနှစ်ယောက် ပေါင်းစည်းခြင်းက လက်တွဲဖော်ပဲ ဖြစ်သင့်ပါတယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်ဖို့ မသင့်ပါဘူး။ - ကတ်ထရီနာ ဒဗလူ (Katrina W) ၂။ တစ်စုံတစ်ယောက်ကြောင့် ခံစားရဖူးတိုင်း နောက်လူကလည်း ဒီလိုပဲ ဖြစ်လာလိမ့်မယ်လို့...

ဆံသားတွေပျက်စီးပြီး ခြောက်သွေ့နေလို့ စိတ်ညစ်နေပါသလား။

အရမ်း စိတ်ပူမနေပါနဲ့။ ဒါဟာ သင်တစ်ယောက်တည်း ကြုံတွေ့နေရတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ဆံသားနူးညံ့မှုကို ဂရုစိုက်တဲ့ သူဖြစ်နေပါစေ အနည်းဆုံးတော့ ဆံပင်နှစ်ခွလေးတွေ ဖြစ်တတ်ပါတယ်။ ခြောက်သွေ့မှုမရှိပဲ အားပြည့်လန်းဆန်းတဲ့ ဆံနွယ်လေးတွေဖြစ်ဖို့အတွက် အခု ဂန္ထဝင်က တင်ဆက်သွားမယ့် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း လေးတွေနဲ့ စတင်ပြုပြင်...

၂ဝ၁၅ ၏ အပတ်စဉ် ဂန္ထဝင်ဗေဒင် (ဇူလိုင် ၂၆ မှ သြဂုတ် ၂ ရက်နေ့အထိ)

၁။ မိဿ      ရာသီဖွား (Aries) မတ်လ (၂၁) မှ ဧပရယ် (၁၉) ရက်အတွင်း မွေးဖွားသူများ သင့်အတွက် အခုအချိန်ဟာ ကံကြမ္မာရဲ့ လှည့်စားမှုတွေကို ခံရတော့မယ့် အချိန်ဖြစ်နေပါတယ်။ ကိုယ့်ထက်ငယ်ရွယ်သူတွေနဲ့ အငြင်းပွားရတတ်ပါတယ်။ ဒီအချိန်မှာ အငြင်းပွားတာက နှစ်ဖက်လုံးအတွက် အကျိုးယုတ်ဖို့ပဲ ရှိတာကြောင့် တတ်နိုင်သမျှ စိတ်ကိုထိန်းချုပ်ထားပါ။...

ချစ်သူထံ မပို့သင့်သော မက်ဆေ့ခ်ျ (၅)စောင်

၁။တခြားကောင်မလေး ရှိလား။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီလိုမက်ဆေ့ခ်ျမျိုး မပို့မိပါစေနဲ့။ ရူးကြောင်ကြောင်နိုင်တဲ့အတွက် ရှောင်သင့်ပါတယ်။ တခြားကောင်မလေး တကယ်ရှိနေတာ သေချာတယ်ဆိုရင်တောင် ပွင့်ပွင့်လင်းလင်း ပြောတာပိုကောင်းပါတယ်။ ဒီလိုအကြောင်းအရာမျိုးက မက်ဆေ့ခ်ျကနေတဆင့် စကားပြောဖို့ မသင့်တော်ပါဘူး။ ဒီလိုအကြောင်းမျိုးပြောချင်တယ်ဆိုရင် ခေါင်းအေးအေးထားပြီး သေသေချာချာ ပြတ်ပြတ်သားသား စဉ်းစားပြီး တိုက်ရိုက်သွားပြောပါ။ မက်ဆေ့ခ်ျမပို့ပါနဲ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၂။ထေ့ငေါ့တဲ့...

ခင်ပွန်းသည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးလေး ဖြစ်စေဖို့

ကျွန်မတို့ မီးဖိုခန်းထဲမှာ ရေတွေစိမ့်နေတာ ညကသတိထားမိလိုက်တယ်။ ကျွန်မခြေထောက် အောက်ကရေအိုင်ကို ကြည့်ခြင်းအားဖြင့် တစ်နေရာရာက ရေယိုစိမ့်မှုဖြစ်နေပြီဆိုတာ သေချာတာပါတယ်။ ဒီည သူ ပင်ပန်းလာလို့ ဒီအပေါက်ကို မဖာထေးဖြစ်ရင် တစ်ဖြေးဖြေးနဲ့ ပိုဆိုးလာမှာပါ။ ဒီယိုစိမ့်နေတဲ့ ရေပေါက်ကိုသာ မဖာထေးဘဲ (၁၀)နှစ်လောက် ကြာအောင် ပစ်ထားလိုက်မယ်ဆို ကျွန်မတို့...

လက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့သူ

၁။ အသက်ကြီးလို့ ပါးရည်နားရည်တွေ တွဲကျလာရင်တောင် ဒါဟာ ဘဝတစ်လျှောက်လုံး သူနဲ့အတူ ရယ်မောပျော်ရွှင်ခဲ့တဲ့ သင်္ကေတတစ်ခုဟု ထင်ဟပ်စေသူ။ ၂။ သင်နဲ့မခွဲအတူ ရှိနေရတာကို အမြဲဂုဏ်ယူ နေတတ်သူ။ ၃။ သင့်ပျော်ရွှင်မှုကို သူ့ပျော်ရွှင်မှုသဖွယ် တန်ဖိုးထားအလေးပေးတတ်သူ။ ၄။ နှစ်ဦးကြား ဆက်ဆံရေးကို အပြုသဘောနဲ့ အမြဲဖော်ပြနေတတ်သူ။ ၅။ သူ့ရဲ့ အနာဂတ်ပုံဖော်ရာမှာ သင့်ကို...

မီးဖိုချောင်ထဲက ပုရွက်ဆိတ်တွေကြောင့် သောကရောက်နေရပါသလား။

  ပုရွက်ဆိတ်တွေကို ဖယ်ရှားဖို့ ဓာတုဆေးတွေက အစွမ်းထက်တယ် ဆိုပေမယ့် ပတ်ဝန်းကျင်က လူတွေနဲ့ အိမ်မွေးတိရိစ္ဆာန် တွေကိုလည်း ဆိုးကျိုးတွေ သက်ရောက်စေပါတယ်။ ဒီတော့ သဘာဝနည်းလမ်းလေးတွေ ရွေးချယ်တာက ပိုသင့်တော်ပါတယ်။ မီးဖိုချောင်ရဲ့ တိုင်တွေမှာ၊ အိမ်ရဲ့လျှောက်လမ်းတွေမှာ ပုရွက်ဆိတ်တွေ ပြည့်ကျပ်နေတာ တွေ့ဖူးကြမှာပါ။ ဒီလိုအခြေအနေမျိုးအတွက် ငွေကုန်ကြေးကျ သက်သာစေမယ့် နည်းလမ်းလေးတွေကို...

တစ်ဖက်သက်ချစ်ခြင်း၏လက္ခဏာ (၅)ရပ်

အချစ်ဇာတ်လမ်းလေးထဲမှာ ကိုယ့်အချစ်က တစ်ဖက်သက်ဖြစ်နေတယ်လို့ ခံစားနေရပါသလား။ ဒီလိုဆိုရင် အချစ်ခရီးလမ်းဟာ ပူဆွေးခံစားမှုတွေဆီကို ဦးတည်နေတာကြောင့် ပြန်စဉ်းစားသုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဒီ relationship က လိုအင်တွေမပြည့်ဝဘူးဆိုတဲ့ ခံစားချက်မျိုးပေးနိုင်သလိုကိစ္စတိုင်း၊ အရာရာတိုင်းကို ပြုလုပ်နေရတာကိုယ်တစ်ယောက်တည်းလို့လည်း ခံစားစေနိုင်ပါတယ်။ အောက်ဖော်ပြပါ လက္ခဏာရပ်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ချစ်သူနဲ့ ခံစားချက်တွေကိုပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ လိုအပ်နေပါပြီ။ ၁။ ကိုယ်ကပဲအဆက်အသွယ်စလုပ်ရတယ်။ မက်ဆေ့ခ်ျပို့တာဖြစ်ဖြစ် ဖုန်းဆက်တာဖြစ်ဖြစ်...

အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ အကြောင်းအရင်းများ

အိမ်ထောင်သည် အမျိုးသားတွေ ဖောက်ပြန်ကြတဲ့ပြဿနာကို အဖြေရှာ ကြည့်တော့ များသောအားဖြင့် လက်ရှိ အိမ်ထောင်ရေးမှာ သူတို့ မပျော်ပိုက်ကြတော့ လို့ပါ။ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မိမိတို့ အမျိုးသားတွေရဲ့ လိုအပ်ချက်တွေကို သိရှိပြီး အချိန်မှီ ပြင်ဆင်လို့ ရအောင် ဂန္ထဝင်မဂ္ဂဇင်းမှ ဒီစာစောင်လေးကို မျှဝေပေးလိုက်ရပါတယ်။ အိမ်ထောင်သည်...

သင့်မျက်နှာက ပြောသော သင့်အကြောင်း

သင့်ရဲ့ မျက်နှာအသွင်အပြင်ကနေ သင့်ရဲ့ စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရနိုင်ပါ့မလား။ ရနိုင်ပါတယ်။ အကြောင်းကတော့ အင်္ဂရုပ် ကျွမ်းကျင်ပညာရှင်တွေက လူတွေရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီး သူတို့ရဲ့ စိတ်တွေ၊ အမူအကျင့်တွေကို အကဲခတ်နိုင်တဲ့ ပညာရပ်ကို မျှဝေထားခဲ့လို့ပါ။ အောက်ဖက်မှာတော့ မျက်နှာပေါ်က အစိတ်အပိုင်းလေးတွေရဲ့ ပုံသဏ္ဍန်အလိုက် လူတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့...