Monthly Archives: March 2015

တိမ်ပုံစံ ရေဖျန်းအိုးလေး

ကိုရီးယားနိုင်ငံက ဒီဇိုင်နာ ဂျီဆောင်ဘင် (Jeong Seung bin) ဟာ အပင်ငယ်လေးတွေကို သဘာဝ မိုးစက်လေးတွေကျသလို ရေလောင်းလို့ရမယ့် အိုးလေးတစ်ခု ဖန်တီးခဲ့ပါတယ်။ တိမ်ပုံစံ ချစ်စရာရေဖျန်းအိုးလေးဟာ လောင်းထည့်လိုက်တဲ့ ရေတွေကို မိုးစက်လေးတွေကဲ့သို့ အသွင်ပြောင်းပြီး အပင်ငယ်လေးတွေကို ပက်ဖျန်းပေးမှာဖြစ်ပါတယ်။ အဲဒီအိုးလေးဟာ ရေ (၈ဝ) မီလီလီတာလောက်...

၃၃။ ပျော်စရာ အမှန်တရားလေးများ

မိတ်ကပ်ပစ္စည်းတွေဟာ အပေါ်ယံ အလှတွေကိုပဲ လှပအောင် မွမ်းမံပေးနိုင်တယ်။ ဒါဆို မိတ်ကပ်တွေ စားပစ်လိုက်ရင် အတွင်းစိတ်တွေပါ လှလာမလားမသိဘူးနော်။

၃၇။ နှလုံးသား-အာဟာရ

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ အမျိုးသမီးတွေဟာ အလိုလို ဆွဲဆောင်မှုရှိနေတတ်ကြတယ်။ -ပဲရစ် ဟီလ်တန်(Paris Hilton) ပဲရစ် ဟီလ်တန် ဟာ အမေရိကန်နိုင်ငံရဲ့ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အထက်ပါ မိန်းမတစ်ယောက်ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ တိုက်တွန်းတဲ့ ဆိုရိုးကို ပုံဖော်ခဲ့သူပါ။

၃၆။ နှလုံးသား-အာဟာရ

အိမ်ထောင်တစ်ခုကို အကောင်းဆုံး စီမံခန့်ခွဲနိုင်တဲ့ မိန်းမတစ်ယောက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ အရေးကိစ္စတွေကိုလည်း စီမံခန့်ခွဲနိုင်နိုင်စွမ်း ရှိပါတယ်။ - မာဂရတ် သတ်ချာ(Margaret Thatcher ) မာဂရတ် သတ်ချာ( ၁၃ -၁၀-၁၉၂၅ မှ ၈-၄-၂၀၁၃) သည် အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် သက်တမ်းအကြာဆုံး ရပ်တည်ခဲ့သူ ဖြစ်ပါတယ်။...

ဂုဏ်ရည်အေးကျော်နဲ့ (၅) မိနစ်တာ အမေးအဖြေ

မြန်မာအမျိုးသမီး ငယ်လေးတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူများရဲ့ "5-Minute Biography of Successful Women" ကို ဂန္တဝင်မဂ္ဂဇင်း အနေနဲ့ တင်ဆက်လိုက်ပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့ Miss လောကမှာ ထိပ်တန်းရောက် အောင်မြင်ပြီးဖြစ်တဲ့ မဂုဏ်ရည်အေးကျော် ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ...

၃၂။ ပျော်စရာ အမှန်တရားလေးများ

မိန်းကလေးတွေ ဘောလုံးကစားရတာ ဘာလို့မနှစ်သက်လဲ…။ ရှင်းပါတယ်။ အသင်းသာ (၁၁) ယောက်လုံးနဲ့ ဝတ်စုံ ဆင်တူ မဝတ်ချင်ကြလို့ပါ။

၃၁။ ပျော်စရာ အမှန်တရားလေးများ

တုံးအတဲ့ ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက် စကားများလွန်းရင် "မင်း ပါးစပ်ပိတ်စမ်း" လို့ပြောတယ်။ ပါးနပ်တဲ့ ယောကျာ်းကတော့ "မင်းက နှုတ်ခမ်းလေး စိထားရင် အခြားအချိန်တွေထက် ပိုလှတယ်" လို့ပြောတယ်။

၃၆။ နှလုံးသား-အာဟာရ

မိန်းမတွေသာ မရှိဘူးဆို ကမ္ဘာပေါ်မှာရှိတဲ့ ပိုက်ဆံတွေ အသုံးဝင်တော့မှာ မဟုတ်ပါဘူး။  _ အရစ်စတိုတယ် အိုနားစစ်(aristotle Onassis) အရစ်စတိုတယ် အိုနားစစ်-(၂၀-၁-၁၉၀၆ မှ ၁၅-၃-၁၉၇၅) သည် ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် တစ်ဦးဖြစ်ပါတယ်။ အထက်ပါ မိန်းကလေးတွေရဲ့ အသုံးအစွဲ ကြီးပုံကိုဟာသရသ...

၃၅။ နှလုံးသား-အာဟာရ

သင့်ဘဝမှာ ကြုံလာသမျှလူတိုင်းဟာ တန်ဖိုးရှိပါတယ်။ ကောင်းတဲ့သူတွေက ပျော်ရွှင်မှုတွေပေးပါလိမ့်မယ်။ မကောင်းတဲ့သူတွေက အတွေ့အကြုံတွေ ပေးပါလိမ့်မယ်။ အဆိုးဆုံး လူတွေကတော့ သင့်ကို သင်ခန်းစာတွေ ပေးသွားပါလိမ့်မယ်။ အကောင်းဆုံးလူသားတွေ ကတော့ ဘဝတစ်လျှောက်လုံးအတွက် အမှတ်ရစရာတွေ ပေးပါလိမ့်မယ်။ - အမည်မသိ (Unknown) အထက်ပါ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

အမျိုးသမီးတိုင်းကြုံလေ့ကြုံထရှိတဲ့ မိတ်ကပ်အလွဲလေး (၇)ချက်

အလှပြင်တဲ့နေရာမှာဘယ်လောက်ကျွမ်းကျင်ကျွမ်းကျင် အမျိုးသမီးတိုင်းမှာတော့ မိတ်ကပ်အလွဲလေးတွေ ရှိတတ်ကြပါတယ်။ လှလှလေးဖြစ်နေအောင် တော်တော်ကြိုးစားပြင်ဆင်မှ ရတာပါ။ အချိုးအစားမှန်မှန် လိမ်းခြယ်နိုင်တယ်ဆိုတာပါရမီထူးလို့လို့ ဆိုနိုင်ပါတယ်။ မယုံကြည်နိုင်သေးဘူးဆိုရင် အောက်မှာဖော်ပြထားတဲ့ အမျိုးသမီးတို့ရဲ့ မိတ်ကပ်အလွဲလေးတွေကိုဖတ်ကြည့်လိုက်ရအောင်နော်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ ဟိုဘက်ဒီဘက် မညီမညာဖြစ်နေခြင်း မိတ်ကပ်အလွဲလေးတွေထဲမှာစိတ်ရှုပ်စရာအကောင်းဆုံးကတော့ မျက်လုံးခြယ်သရတာပါပဲ။ အိုင်းလိုင်နာလိမ်းတာပဲဖြစ်ဖြစ်၊ အရောင်ခြယ်တာဖြစ်ဖြစ်၊ မျက်တောင်ကော့ဆေးသုံးတာဖြစ်ဖြစ် အချိန်တော်တော်ယူရပါတယ်။...

၁၉ ရက်နဲ့ ၅၇ ထပ်အဆောက်အဦးကို အပြီးအပိုင် ဆောက်လုပ်ခဲ့ခြင်း

တရုတ်ပြည်မှာရှိတဲ့ အင်ဂျင်နီယာတစ်ယောက်ဟာ (၅၇) ထပ် မြင့်တဲ့ အဆောက်အဦးတစ်ခုကို (၁၉) ရက်အတွင်း ပြီးအောင် ဆောက်လုပ်နိုင်ခဲ့ပါတယ်။ တစ်နေ့ကို (၃) ထပ် နှုန်းနဲ့ တည်ဆောက်ခဲ့တာပါ။ အခန်း စုစုပေါင်း (၈ဝဝ) ကျော်ပါဝင်ပြီး လူ(၄ဝဝဝ) လောက် အလုပ်လုပ်လို့ ရတဲ့ ရုံးခန်းတွေလည်း...

၃၄။ နှလုံးသား-အာဟာရ

မမှန်ကန်တဲ့ သဘောထားတွေနဲ့ လူတစ်ယောက်ဟာ ဘီးပေါက်နေတဲ့ စက်ဘီးနဲ့ ခရီးနှင်နေသလိုပါ။ အဲဒီဘီးကို မပြောင်းလဲသ၍  ခရီးတွင်မှာ မဟုတ်ပါဘူး။ - အမည်မသိ (Unknown) အထက်ပါ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

ကိုယ့်ဘဝရဲ့ဖူးစာရှင်ကို စောင့်နေချိန်မှာ ပြုလုပ်နိုင်မယ့်အရာ (၆)ချက်

ကိုယ့်ဘဝရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို ဆုံးဖြတ်တဲ့အခါ အကောင်းဆုံး စဉ်းစားသလိုပါပဲ၊ ကိုယ်လိုချင်တဲ့ ဖူးစာရှင်မျိုးကို ရှာဖွေတဲ့နေရာမှာလဲ ဘယ်လိုလူမျိုးကို လိုချင်တယ်ဆိုတာကို သေချာစဉ်းစားဖို့ လိုအပ်ပါတယ်။ ဖူးစာရှင်ကို စောင့်နေတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့ ကိုယ်လိုလားတောင့်တတဲ့ အရာတွေကို အဓိပ္ပာယ်ဖွင့်နိုင်ဖို့ အချိန်ယူလိုက်ပါ။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။       အသက်မွေးဝမ်းကျောင်းအလုပ်မှာ ဆရာတစ်ဆူဖြစ်အောင်...

အလွန်သေးငယ်သော မီးဖိုသုံးပစ္စည်းလေးတွေသုံးပြီး အစားအသောက်ဖန်တီးသူ

ဂျပန်နိုင်ငံမှာ ကလေးကစားရုံလောက် သေးငယ်တဲ့ အိုးခွက်လေးတွေ၊ မီးဖိုချောင်သုံးပစ္စည်းလေးတွေနဲ့ ချက်ပြုတ်ရောင်းချတဲ့ စားသောက်ဆိုင်လေး တစ်ခု ရှိပါတယ်။ သူတို့ရဲ့အလွန်သေးငယ်လှတဲ့ စတော်ဘယ်ရီကိတ်လေးတွေကတော့ လက်ရှိမှာ အရောင်းအသွက်ဆုံး လက်ရာပါပဲ။ ဒီကိတ်လေးကို သေးငယ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းလေးတွေအသုံးပြုပြီး ဖန်တီးထားပါတယ်။ ကိတ်ကိုလှီးဖြတ်ဖို့ သေးငယ်တဲ့ဓါးလေးတွေ ၊ ညှပ်လေးတွေ သုံးထားပုံကအစ အလွန်...

မျက်မမြင် ခွေးလေခွေးလွင့်တစ်ကောင်ရဲ့ အတုယူဖွယ် ဘဝနေထိုင်မှု

မွေးကတည်းက မျက်စိမမြင်ဘဲ မွေးလာတဲ့အပြင် ခွေးလေခွေးလွင့်တွေ ထိန်းကျောင်းတဲ့ ဂေဟာမှာ ကြီးပြင်းလာခဲ့ရပေမဲ့ ခွေးလေးတစ်ကောင်ရဲ့ အတုယူဖွယ် ဘဝနေထိုင်မှုလေးကို ဂန္ထဝင်မှ တင်ဆက်လိုက်ရပါတယ်။ ဒီခွေးလေးဟာ သူ့ဘဝမလှပပေမဲ့ စိတ်ဆင်းရဲစရာဆိုတာ မရှိဘူးလို့ ထင်ရလောက်အောင် လွတ်လပ်တဲ့အပြုံးလေးတွေ အမြဲရှိနေတာပါ။ အမြဲ ပျော်ရွှင်တက်ကြွနေတဲ့ ဒီခွေးလေးဟာ စိတ်ဓါတ်ကျနေတဲ့ လူတွေ၊ အလွန် ဆိုးရွားတဲ့ရောဂါဝေဒနာ...

အိပ်စက်ခြင်းနှင့် စပ်လျဉ်း၍ လူသိနည်းသော အချက်များ အပိုင်း(၂)

၁။       အိပ်ပျော်ဖို့ (၅)မိနစ်လောက်ပဲကြာတယ်ဆိုရင် အိပ်ရေးမ၀လို့ပါ။ ပုံမှန်ဆိုရင် အိပ်ပျော်ဖို့ ၁၀မိနစ်လောက်ကြာပါတယ်။ ၂။       လူတစ်ယောက်ရဲ့သက်တန်းတလျှောက်မှာ ပျမ်းမျှ (၆) နှစ်တာလောက်ဟာ အိပ်မက်မက်ခြင်းနှင့် ကုန်ဆုံးပါတယ်။ ၃။       အိပ်ပျော်နေရင်း ရုတ်တရက် အလိုအလျောက် လှုပ်ရှားမိတာမျိုးကို မိုင်ယိုကလိုးနစ် ဂျက် (myoclonic jerk) လို့ခေါ်ပါတယ်။ ဥပမာ -...

ကျေးဇူးပါ သူငယ်ချင်း

သူငယ်ချင်းကောင်းဆိုတာ ကျွန်ုပ်တို့ ဘဝတွေကို အဓိပ္ပါယ်ရှိလာစေဖို့ ကူညီ စွမ်းဆောင်ပေးသူတွေပါ။ ပျော်ရွှင်မှုတွေကို မျှဝေခံစားရုံတင် မကပါဘူး။ ကိုယ်လိုအပ်နေတဲ့ အချိန်မှာလည်း အမြဲအဆင်သင့် ရှိနေတတ်ကြတယ်။ သူတို့အရေးပါမှုတွေကို နီးလွန်းတော့လည်း သတိမထားမိသလို ဖြစ်နေတာပါ။ ဒီတစ်ခါ သင့်ရဲ့ ဆိုးတူကောင်းဖက် သူငယ်ချင်းနဲ့ တွေ့ခဲ့ရင် အောက်ပါ စကားလေးတွေနဲ့...

၃၃။ နှလုံးသား-အာဟာရ

အခြားသူတွေရဲ့ ကောင်းချက်တွေကို မြင်အောင်ကြည့်ပါ။ သူတစ်ပါးဂုဏ်သိက္ခာ ကျဆင်းစေမဲ့ အရာတွေကို ရှောင်ကျဉ်ပါ။ စကားပြောဆိုတဲ့ အခါ မေတ္တာတရားရှေ့ထား ပြောဆိုပါ။ - အမည်မသိ (Unknown) အထက်ပါ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

အသက် ၁ဝဝ ပြည့် အထိမ်းအမှတ်အနေနဲ့ Sky-diving ထိုးခဲ့တဲ့ အဖွားအိုလေး

ဂျီအောဂီနာ ဟာဝုဒ် (Georgina Harwood) ဆိုတဲ့ ရဲရင့်ထက်မြက်ပြီး ချစ်စရာကောင်းတဲ့ အဖွားအိုလေးဟာ သူမရဲ့ နှစ်(၁ဝဝ)ပြည့် မွေးနေ့ကို စိတ်လှုပ်ရှားရင်ခုန်ဖွယ် ကျင်းပချင်တာကြောင့် (၃၇ဝဝ)ကီလိုမီတာ အမြင့်ပေက ပျံသန်းနေတဲ့ လေယာဉ်ပေါ်ကနေ ခုန်ချပြီး Sky-dive လုပ်ခဲ့တာပါ။ သူမရဲ့ မိသားစုဝင်တွေနဲ့ မိတ်ဆွေ စုစုပေါင်း...

စိမ်းစိုအေးမြသော သစ်ပင်ပေါင်း (၁၅ဝ) နဲ့ ဝေဆာနေတဲ့ လူနေအဆောက်အဦး

လူစီနို ပီးယား (Luciano Pia) ဆိုတဲ့ သိပ်ကို ထက်မြက်တဲ့ အီတလီက ဗိသုကာ ပညာရှင်တစ်ယောက်ဟာ သဘာဝရဲ့ စိမ်းစိုအေးမြတဲ့ သစ်ပင်ပန်းမန်တွေနဲ့ ဝေနေတဲ့ မြို့ပြနေ အဆောက်အဦးတစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ငါးထပ်မြင့်တဲ့ ဒီအဆောက်အဦးမှာ သဘာဝသစ်ပင်လေးတွေကို အောက်ခံစတီးတန်းလေးတွေပေါ်မှာ စနစ်တကျ စိုက်ပျိုးထားတာပါ။ နည်းပညာအသားပေး ဆောက်လုပ်ထားတဲ...