Monthly Archives: February 2015

၂၄။ ပျော်စရာ အမှန်တရားလေးများ

Valentine အတွက် အသည်းနှလုံးပုံ ချောကလက်လေးတွေ ရဲ့ နှစ်စဉ် ရောင်းအားဟာ (၃၆) သန်းကျော်ထိရှိပါတယ်။

ချစ်သူနှစ်ဦးအတွက် အပန်းဖြေစရာ အသဲပုံ ကျွန်းလေး

အသဲနှလုံး ပုံသဏ္ဍန်ပေါ်နေတဲ့ အယ်ဒရီရဲတစ် (Adriatic) ပင်လယ်ထဲမှာရှိတဲ့ ဂယ်လက်စ်ဂျက်ခ် (Galesnjak) ကျွန်းဟာ ချစ်သူများနေ့မှာ အပန်းဖြေစရာ အကောင်းဆုံးထဲက တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါတယ်။ အဆိုပါကျွန်းကို ခရီးသွားစိတ်ဝင်စားသူတွေ Google Search မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင်ပင် မိမိကျွန်း အသဲနှလုံးပုံသဏ္ဍန် ပေါ်နေသည်ကို...

စိတ်လှုပ်ရှားဖွယ် Valentine လေး ဖြစ်စေဖို့

Valentine ဆိုတာ ချစ်သူတွေအတွက်တော့ တစ်နှစ်မှာတစ်ခါသာ ကြုံခွင့်ရတဲ့ ကြည်နူးဖွယ် နေ့လေးတစ်နေ့ပါ။ ကိုယ်ချစ်ရတဲ့ သူကို အမှတ်တရ အဖြစ်အပျက်လေးတွေ ဖန်တီးပေးရတာလဲ ကြည်နူးစရာ ကောင်းလှပါတယ်။ ဒါပေမဲ့ ချစ်သူကို စိတ်လှုပ်ရှားပျော်ရွှင်စေဖို့ စဉ်းစားရတာ မလွယ်ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ အောက်ဘက်မှာတော့ ရာသီဖွားတွေအလိုက်...

ဆိုဖီယာ အေမိုးရပ် (Entrepreneur)

အီးဘေး (eBay) မှတစ်ဆင့် အမျိုးသမီး အဝတ်အထည်တွေ ရောင်းချခြင်းမှ စတင်ခဲ့သော ဆိုဖီယာ အေမိုးရပ် (Sophia Amoruso) ဟာ သူမရဲ့  Nasty Gal ဖက်ရှင်လုပ်ငန်းကို တဟုန်ထိုးကြီးပွားအောင် စွမ်းဆောင်နိုင်ခဲ့သူပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ငယ်စဉ်ဘဝကြမ်းတမ်းခဲ့သော ဆိုဖီယာဟာ စီးပွားရေး...

၂၃။ ပျော်စရာ အမှန်တရားလေးများ

အမေရိကန်ပြည်ထောင်စုမှာ Valentine ပန်းစည်းလက်ခံရရှိသူ မိန်းကလေး ၁၅% လောက်ဟာ ကိုယ့်ကိုယ်ကို ပြန်ပေးကြသူတွေပါ။

၂၃။ နှလုံးသား-အာဟာရ

တစ်ချို့ Relationship တွေက ကွဲနေတဲ့ ဖန်ခွက်တစ်လုံးလိုပါပဲ။ ကိုယ့်ကိုယ်ကို အနာကြင်ခံပြီး ပြန်ဆက်နေမှာထက် ကွဲကြေနေတဲ့အတိုင်း ထားလိုက်တာ ပိုကောင်းပါတယ်။ -အမည်မသိ (Unknown) အထက်ပါ မိမိကိုယ်ကို တန်ဖိုးမြတ်နိုးပြီး လိုက်ဖက်ညီတဲ့ ဘဝလက်တွဲဖော် ရွေးချယ်သင့်တဲ့ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ဖို့ အနှစ် (၄၀) မပြုံးမရယ်ခဲ့သူ

အသက် (၅ဝ)အရွယ် တက်စ် ခရစ်ရှန် (Tess Christian) ဟာ သူမမျက်နှာ အသားအရည်ပျော့တွဲမှု ကင်းဝေးစေဖို့ အနှစ်(၄ဝ) ကြာအောင် မပြုံးမရယ်ဘဲ နေခဲ့သူပါ။ ဆယ်ကျော်သက် အရွယ်ကတည်းက ဒီလိုနေထိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။  မပြုံးမရယ်ဘဲ နေလိုက်ခြင်းဟာ အသားရေရင့်ရော်မှုကို ကာကွယ်ပေးတဲ့ Botox တို့၊...

၂၂။ ပျော်စရာ အမှန်တရားလေးများ

Valentine Day မှာ မိန်းကလေးတစ်ယောက် ရွှေဝါရောင်ငှက်ကလေး ပျံသန်းနေတာ တွေ့ရင် သူမဟာ မီလီယန်နာ တစ်ယောက်နဲ့ လက်ထက်ရလိမ့်မယ်လို့ အယူရှိခဲ့ ပါတယ်။

၂၂။ နှလုံးသား-အာဟာရ

(၁) စိတ်ထဲက နှစ်နှစ်ကာကာမရှိဘဲ "ချစ်တယ်" ဆိုတာ မပြောမိစေနဲ့။ (၂) ရေရေရာရာ မသိဘဲ "နားလည်ပြီ" ဆိုတာ မပြောမိစေနဲ့။ (၃) ကိုယ်မမှားဘဲ "တောင်းပန်ပါတယ်" ဆိုတာ မပြောမိစေနဲ့။ - အမည်မသိ (Unknown) အထက်ပါ မိမိကိုယ်ကို တန်ဖိုးမြတ်နိုးပြီး လိုက်ဖက်ညီတဲ့ ဘဝလက်တွဲဖော် ရွေးချယ်သင့်တဲ့ ဆိုရိုးစကားအား...

၂၁။ ပျော်စရာ အမှန်တရားလေးများ

မိန်းကလေးတစ်ယောက် ချစ်သူများနေ့မှာ သပိတ်လွယ်ငှက်လေး ပျံသန်းနေတာ တွေ့တယ်ဆို သူမ သင်္ဘောသားနဲ့ လက်ထက်ရလိမ့်မယ်လို့ ရှေးက အယူရှိခဲ့ ကြပါတယ်။

ချစ်ခွင့်ပန်ပြီးနောက် စိတ်လှုပ်ရှားလွန်ပြီး တောင်စွန်းမှ ပြုတ်ကျ သေဆုံးသူ မိန်းကလေး

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ဟာ ဒီမီထရိုဗာ (Dimitrina Dimitrova) အတွက် ကြည်နူးစရာလေးတွေနဲ့ စတင်ခဲ့ပေမဲ့ ဝမ်းနည်းကြေကွဲဖွယ် အဆုံးသတ်သွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရောက်ရှိလာခဲ့တဲ့ ကယ်လာ တာရီဒါ (Cala Tarida) တောင်စွန်းလေးမှာ သူမသိပ်ချစ်သူလေးရဲ့ ချစ်ခွင့်ပန်တာကို ခံခဲ့ရသူပါ။...

မိုးစက်ဝိုင်နဲ့ ၅ မိနစ်တာ အမေးအဖြေ

သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကြိုးစားရုံးကန်နေကြတဲ့ ခေတ်မြန်မာအမျိုးသမီးငယ်လေတွေရဲ့ စိတ်ဓာတ်ခွန်အားမြင့်တင်ရေးကို ရည်ရွယ်ပြီး အားကျအတုယူဖွယ် အောင်မြင်ကျော်ကြားသူလေးများရဲ့ "5-Minute Biography of Successful Women" ကို ဂန္တဝင်မဂ္ဂဇင်းအနေနဲ့ တင်ဆက်လိုက်ပါတယ်။ ဒီအပတ်မှာတော့ မြန်မာ့ မော်ဒယ်လ်လောကထဲမှာ ထိပ်တန်းရောက်အောင်မြင်နေတဲ့ Miss Universe 2013 မမိုးစက်ဝိုင်ရဲ့အကြောင်းကို တင်ဆက်သွားမှာဖြစ်ပါတယ်။ ကဲ...

၂၁။ နှလုံးသား-အာဟာရ

ဘဝရဲ့နောက်ဆုံးအချိန်ထိ အထီးကျန်နေရခြင်းက ခင်မင်ရင်းနီးမှု တံတားတွေ တည်ဆောက်ရမယ့်အစား နံရံတွေ တည်ဆောက်ခဲ့လို့ပါ။ -ဂျိုးဇက် အက်ဖ် နယူတမ် မန်း (Joseph F.Newton Men) Joseph Fort Newton (21_7_1976 – 24_1_1950) သည် အမေရိကန်နိုင်ငံရှိ စာရေးဆရာ တစ်ဦးဖြစ်ခဲ့သည်။ မိမိကိုယ်ကို...

စီးပွားရေး ဆိုင်ရာ သိမှတ်ဖွယ်ရာ

၁။ လူမှု ဆက်ဆံရေးကို အကောင်းမွန်ဆုံး တည်ဆောက်ပါ။ ၂။ ဝန်ဆောင်မှုပေးတဲ့အခါ ပြိုင်ဘက်ကင်း နေပါစေ။ ၃။ ကိုယ်တာဝန်ယူထားတဲ့အတိုင်း ဆောင်ရွက်ပါ။ ၄။ စုံစမ်းမေးမြန်းမှုတွေကို ဂရုတစိုက် တုံ့ပြန်ပါ။ ၅။ တီထွင်ဆန်းသစ်ပါ။ ၆။ ရှေ့တစ်လှမ်းတိုးဖို့ အမြဲ ပြင်ဆင်ထားပါ။ ၇။ တိုးတက် ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့ အမြဲလေ့လာသင်ယူနေပါ။ ၈။ ဘယ်တော့မှ လွယ်လွယ် အရှုံးမပေးပါနဲ့။ ၉။...

၂၀။ နှလုံးသား-အာဟာရ

ကြင်သူဇနီးမယားကို နွေးထွေးစွာ ပြုစုကြင်နာတတ်တဲ့ ယောက်ျားတစ်ယောက်ဟာ သိပ်ကိုမြင့်မြတ်တဲ့ မိခင်ဆီက ပေါက်ဖွားလာသူပါ။-အမည်မသိ အထက်ပါ မိဘကိုတန်ဖိုးထားသင့်သည့် ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

၂၀။ ပျော်စရာ အမှန်တရားလေးများ

(၂၄) နာရီအတွင်း လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် ဟန်းဖုန်းကို အကြိမ်(၃၀၀)လောက် ကြည့်ဖြစ်ပါတယ်။

လှောင်အိမ်ထဲက ကလေးငယ်

၂၀၀၈ ခုနှစ်တုန်းက  အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ငှက်လှောင်အိမ်ကဲ့သို့ အခန်းကျဉ်းလေးထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကလေးငယ်ရဲ့ မိခင်ဟာ ကလေးငယ်လေးကို စကားမပြောပဲ အိမ်မွေးတိရိစ္ဆာန် လိုပဲ ထားခဲ့တာပါ။ သူ့ကိုတွေ့တဲ့အခါ စကားဆက်သွယ်ပြောလို့မရခဲ့ပါဘူး။ ငှက်ကလေးတွေလို အသံစာစာနဲ့ ပြောနိုင်ပြီး လက်ကလေးတွေကို တောင်ပံခတ်သလိုပဲ ပြုလုပ်ပြနိုင်ခဲ့ပါတယ်။ ဤဆောင်းပါးကို...

ကယ်လီ ကာလီးလ် (Founder of Loverly)

Loverly ဆိုတာ  မင်္ဂလာဆောင် အခမ်းအနားတွေကို စီစဉ်ကျင်းပပေးတဲ့ အွန်လိုင်း ဘလော့ဆိုဒ် တစ်ခုပါ။ Loverly ရဲ့ အောင်မြင်မှုတွေကတော့ ကြောက်ခမန်းလိလိပါ။ ဒါကြောင့်လဲ ပြိုင်ဖက်တွေဟာ ကယ်လီ ကာလီးလ် (Kelle Khalil)ကိုအမြဲလိုလို ခြိမ်းခြောက်နေခဲ့တာပေါ့။ သူမရဲ့ Loverly ကို ပြိုက်ဖက်ကုမ္ပဏီက ဒေါ်လာ...

၁၉။ ပျော်စရာ အမှန်တရားလေးများ

မိန်းကလေးအများစုဟာ လူတစ်ယောက်ကို (၃၄) မိနစ်ကြာ စကားပြောပြီးတာနဲ့ အဲဒီလူနဲ့ ရှေ့ဆက်ပေါင်းလို့ရမရ အကဲခတ်နိုင်ကြပါတယ်။

၁၉။ နှလုံးသား-အာဟာရ

သင့်မိဘတန်ဖိုးကို နားလည်နိုင်ဖို့ သင်ကိုယ်တိုင် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ကြည့်လိုက်ပါ။_တရုတ်စကားပုံ အထက်ပါ မိဘကိုတန်ဖိုးထားသင့်သည့် ဆိုရိုးစကားသည် တရုတ်စကားပုံတစ်ခုဖြစ်သည်။