Monthly Archives: February 2015

အိမ်ရှင်မတို့ အတွက် စကားလက်ဆောင်

ကျွန်မတို့ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ သားသမီးအပေါ် အာရုံစိုက်တာတွေ များလွန်းတော့ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးတွေ တဖြည်းဖြည်း အေးစက်လာတတ်ကြပါတယ်။ တကယ်တမ်းတော့ သားသမီးတွေ အချိန်တန် အရွယ်ရောက်ပြီဆိုရင် သူ့လမ်းသူ လျှောက်လှမ်းသွားကြမှာပါ။ နောက်ဆုံးကျန်ခဲ့မှာ ဒီလင်မယားနှစ်ယောက်တည်း။ ဒီတော့ ခင်ပွန်းသည်နဲ့ ဆက်ဆံရေးကို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ရည်ရှည်တည်တံ့ခိုင်မြဲအောင်...

သင့်ကို အကောင်းဆုံးလူသားအသွင် တည်ဆောက်ပေးနေတဲ့ လူပုဂ္ဂိုလ် (၆)မျိုး

ဘဝခရီးဆိုတာ အမြဲသာယာဖြောင့်ဖြူးနေဖို့ မလွယ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုဖိအားတွေ အရမ်းပေးလွန်းတဲ့သူတွေကို မုန်းတီးကောင်း မုန်းတီးမိပါလိမ့်မယ်။ တစ်ကယ်တော့ အဲဒီလိုလူတွေရှိနေလို့ တဖြည်းဖြည်ပိုရင့်ကျက်လာတာကို ကိုယ်ကိုယ်တိုင်တောင် သတိမထားမိနိုင်ဖြစ်နေတတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုဂ္ဂိုလ်(၆)မျိုးကတော့ သင့်ဘဝမှာတစ်ကယ်ကို ကျေးဇူးတင်သင့်တဲ့သူတွေပါ။ ၁။ သင့်ရဲ့မိဘတွေ မိဘတွေအနေနဲ့ သင့်အပေါ် မျှော်လင့်ချက်များတာတွေ၊ ဆန္ဒစောလွန်းတာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါတွေက သင့်ကို...

မိန်းမကောင်း တစ်ယောက် ပိုင်ဆိုင်ရခြင်း၏ အကျိုးကျေးဇူးများ

၁။ သူမဟာ သင့်အတွက်ပဲ အမြဲရပ်တည် နေမှာပါ။ အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော် မရှားပါဘူး။ ဒါပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမှာပါ။ သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေး တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ မလိုအပ်ပါဘူး။ ၂။ သင့်စိတ်ကူး အိပ်မက်တွေကို ပါရမီဖြည့်ပေးဖို့ အသင့်ရှိနေတယ်။ အရည်အချင်းရှိတဲ့မိန်းမတွေဟာ...

၃၀။ ပျော်စရာ အမှန်တရားလေးများ

တစ်ပတ်မှာ အနည်းဆုံးတစ်ရက်လောက် မိတ်ကပ်မလိမ်းဘဲ နေဖို့ကြိုးစားပါ။ ဒါဟာ အသားအရေတွေကို လွတ်လပ်စွာ အသက်ရှုခွင့် ပေးလိုက်တာပါ။

၃၀။ နှလုံးသား-အာဟာရ

သင်ခွင့်မပြုဘဲ မည်သူတစ်ဦးတစ်ယောက် ကမှ သင့်ကို သိမ်ငယ်အောင် လုပ်လို့မရပါဘူး။_ အီလီနော ရိုးဇ်ဘတ်လ်(Eleanor Roosevelt) Eleanor Roosevelt (၁၁-၁၀-၁၈၈၄ မှ ၇-၁၁-၁၉၆၂) သည် အမေရိကန်နိုင်ငံ၏ နိုင်ငံရေးရာ သံတမန်အဖြစ်ရပ် တည်ရှင်သန်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အထက်ပါ ဗဟုသုတ ရှာမှီးခြင်း ၏ အရေးပါမှု...

၂၉။ နှလုံးသား-အာဟာရ

ခွေးဟောင်တိုင်း ကိုယ်သွားနေတာရပ်ပြီး ခဲနဲ့လိုက်ထုနေမယ် ဆိုရင်တော့ သင်လိုရာပန်းတိုင်ကို ရောက်မှာကို မဟုတ်တော့ပါဘူး။ ဝင်စတန် ချာချီ(Winston Churchill) Winston Churchill (၃၀-၁၁-၁၈၇၄ မှ ၂၄-၁-၁၉၆၅) သည် အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်တစ်ဦး ဖြစ်ပြီး ၂ဝ ရာစုမှာ ထင်ရှားခဲ့တဲ့ စစ်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ပါတယ်။

၂၉။ ပျော်စရာ အမှန်တရားလေးများ

မိတ်ကပ် ပစ္စည်းတွေဟာ (၆) လကျော်တာနဲ့ အစက်အပျောက်ဖြစ်စေတဲ့ ဘတ်တီးရီးယားတွေ ဖြစ်ပေါ်တတ်တာကြောင့် (၆)လကျော်ထိ သုံးဖို့မသင့်ပါဘူး။

၂၈။ ပျော်စရာ အမှန်တရားလေးများ

မျက်နှာမသစ်ခင်မှာ လက်ကို စင်ကြယ်အောင်ဆေးပါ။ လက်မှာ ရှိတဲ့ အဆီတွေ အညစ်အကြေးတွေဟာ မျက်နှာကို ကူးစပ်စေပါတယ်။

ရှန့် ဇင် (Zhang Xin – CEO of Soho China)

ရှန့်ဇင် (Zhang Xin)သည် တရုတ်စီးပွားရေး လောကတွင် ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်သည်။ ဘေဂျင်း (Beijing) မြို့ရှိ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ဈေးကွက်တွင် အကြီးမားဆုံး စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် SOHO China ကို တည်ထောင်ခဲ့သူပါ။ ငယ်စဉ်ဘဝက ဆင်းရဲချို့တဲ့စွာ မွေးဖွားလာခဲ့သည်။ လက်ရှိတွင် Forbes Asia...

၂၈။ နှလုံးသား-အာဟာရ

အတွေးအခေါ်တွေဟာ သင့်ဘဝကို ပုံဖော်နိုင်စွမ်းရှိတာမို့ သင့်အတွေးတွေကို အထူးဂရုစိုက်ပါ။ -စွမ်မီ ဗိုက်ဗ်က်နဒါ(Swami Vivekananda) Swami Vivekananda (၁၂-၁-၁၈၆၃ _ ၄-၇-၁၉၀၂) သည် ဟိန္ဒူ ဘုန်းကြီးတစ်ပါး ဖြစ်ပါတယ်။ ဟိန္ဒူ အတွေးအခေါ်တွေကို အနောက်နိုင်ငံတွေ အထိ ဖြန့်ဝေခဲ့သူပါ။

၂၇။ နှလုံးသား-အာဟာရ

သင့်ရဲ့အချိန်ကို အထင်လွဲမှုတွေ လိုက်ဖြေရှင်းနေတာနဲ့ပဲ မကုန်လွန်ပါစေနဲ့။ သင်ရှင်းပြနေလဲ လူတွေက သူတို့ယူဆတာပဲ အမှန်လို့ အမြဲတွေးတတ်လို့ပါ။_ပေါလို ကိုဟို(Paulo Coelho) Paulo Coelho (၂၄-၈-၁၉၆၇)သည် နိုင်ငံတကာက အသိအမှတ်ပြုဆုလက်မှတ်တွေကို ပိုင်ဆိုင်ထားပြီး ထင်ရှားတဲ့ ဘရာဇေးနိုင်ငံသား ဝတ္ထုရေးဆရာ တစ်ယောက်ဖြစ်ပါတယ်။

၂၇။ ပျော်စရာ အမှန်တရားလေးများ

တစ်နေ့ (၁၅) မိနစ်လောက် လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်စေပါတယ်။

၂၆။ ပျော်စရာ အမှန်တရားလေးများ

အိပ်ရာဝင်ခါနီး မျက်နှာမှာရှိတဲ့ အစက်အပြောက်တွေကို ပျားရည်သုတ်လိမ်းခြင်းက အသားအရေ ချောမွေ့စေပါတယ်။ ပျားရည်က သဘာဝ ပိုးသတ်ဆေးဖြစ်တဲ့အတွက်ကြောင့်ပါ။

၂၆။ နှလုံးသား-အာဟာရ

ကျန်းမာခြင်းဟူသည် အကောင်းမွန်ဆုံး ဆုလာဒ်တစ်မျိုး ရောင့်ရဲခြင်းဟူသည် အကောင်းဆုံး ချမ်းသာကြွယ်ဝခြင်းတစ်မျိုး သစ္စာစောင့်သိခြင်းဟူသည် အကောင်းဆုံး သီလတစ်မျိုး -ဗုဒ္ဓ (Buddha) အထက်ဖော်ပြပါ အချိန်က ဆိုရိုးစကား ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တာပါ။

မေတ္တာတရား အပြည့်ဝဆုံး Valentine လက်ဆောင်

Valentine နေ့ဆိုတာ ချစ်သူစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် ပန်းစည်းလေးတွေ ချောကလပ်လေးတွေ အပြန်အလှန်ပေးရင်း ကြည်နူးစွာ ဖြတ်သန်းလေ့ရှိကြတဲ့ နေ့လေးတစ်နေ့ဖြစ်ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ (India) ဒေလီ (Dheli) မြို့မှာရှိတဲ့ ချစ်သူစုံတွဲတွေရဲ့ ချစ်သူများနေ့ ကျင်းပပုံကိုကတော့ စာဖတ်ပရိတ်သတ်ကြီးကို အံသြကြည်နူးစေမှာ အသေအချာပါပဲ။ အဲဒီနေ့လေးမှာ ချစ်သူစုံတွဲတွေဟာ မိမိတို့...

၂၅။ နှလုံးသား-အာဟာရ

 ကိုယ့်အပေါ်မကောင်းတဲ့ ဘဝကြင်ဖော်နဲ့ လက်တွဲတာထက် တစ်ယောက်ထဲ နေရတာ ပိုကောင်းပါတယ်။  အထက်ပါ မိမိကိုယ်ကို တန်ဖိုးမြတ်နိုးပြီး လိုက်ဖက်ညီတဲ့ ဘဝလက်တွဲဖော် ရွေးချယ်သင့်တဲ့ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

၂၅။ ပျော်စရာ အမှန်တရားလေးများ

ကမ္ဘာပေါ်ရှိ အထိမ်းအမှတ် နေ့များအနက် ချစ်သူများနေ့သည် ဒုတိယ လူကြိုက်အများဆုံးနေ့ ဖြစ်သည်။

Valentine နေ့လေးမှာ တစ်ယောက်ထဲ ဖြစ်နေလို့ အားငယ်နေလား

ဒီလိုနေ့မျိုးမှာ ကိုယ့်ကို ဂရုစိုက်မယ့် တစ်စုံတစ်ယောက် ရှိမနေလို့ စိတ်အားငယ်စရာ မလိုပါဘူး။ အဲဒီနေ့ကို ကိုယ်ချစ်မြတ်နိုးရတဲ့ သူငယ်ချင်းတွေ၊ မိဘ မောင်နှမတွေနဲ့ ပျော်ရွှင်လို့ရပါတယ်။ အနည်းဆုံးတော့ ကိုယ့်ဘဝအတွက် ကိုယ်ဟာ ဘယ်လောက်ထိ အရေးပါတယ် ဆိုတာကို ပြန်သုံးသပ်မိသွားတာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ကယ်…...

၂၄။ နှလုံးသား-အာဟာရ

စိတ်မတည်မငြိမ်တဲ့ အချိန်မျိုးနဲ့ ဒေါသထွက်နေတဲ့ အချိန်မျိုးတွေမှာ ဆုံးဖြတ်ချက် အကြီးအမား မချမိပါစေနဲ့။  အထက်ပါ မိမိကိုယ်ကို တန်ဖိုးမြတ်နိုးပြီး လိုက်ဖက်ညီတဲ့ ဘဝလက်တွဲဖော် ရွေးချယ်သင့်တဲ့ ဆိုရိုးစကားအား အမည်မသိစာဆိုတစ်ဦး ရေးသားခဲ့ပါတယ်။

Mc Donald ရဲ့ ထူးခြားတဲ့ Valentine ရောင်းချမှု အစီအစဉ်

ကမ္ဘာ့နဲ့အဝှမ်း နာမည်ကျော်ကြားလှတဲ့ မက်ဒေါ်နယ်လ် (McDonald's) အစားအသောက် ဝန်ဆောင်မှု မှ မက်ဒေါ်နယ်လ် ချစ်သူတို့အတွက် ဖေဖော်ဝါရီ (၂) ရက် မှ (၁၄) ရက်အတွင်း ဝယ်ယူ အားပေးသူ Customer များ အတွက် အထူးအစီအစဉ် တစ်ရပ် ကြေငြာ လိုက်ပါတယ်။...