Yearly Archives: 2015

၂ဝ၁၆ အတွက် ဂန္ထဝင်မဂ္ဂဇင်းမှ နှစ်သစ်ဆုမွန်ကောင်း။

တစ်နှစ်တာရဲ့ အဖွင့်စာမျက်နှာ နေ့ရက်တွေကို ကောင်းတာလုပ်ရင်း စတင်ဖွင့်ဆိုလိုက်ကြရအောင်။

၂ဝ၁၆ အတွက် ဂန္ထဝင်မဂ္ဂဇင်းမှ နှစ်သစ်ဆုမွန်ကောင်း။

နှစ်သစ်မှာ အောင်မြင်မှုတွေ၊ ပျော်စရာတွေနဲ့ အချစ်စစ်တွေကို အလိုရှိတိုင်း ရနိုင်ကြပါစေလို့ ဂန္ထဝင်စာဖတ်ပရိသတ်ကြီးအတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။

၁ ရက်နေ့မှာ မွေးဖွားသူတွေအတွက် မင်္ဂလာမွေးနေ့လေးပါ။

၁ ရက်နေ့မှာ မွေးဖွားသူ သင်ဟာ - ဦးဆောင်နိုင်စွမ်း ရှိသူ ဖြစ်တယ်။ - ဘဝကို ကြံ့ကြံ့ခံဖြတ်သန်းပြီး အောင်မြင်မှုတွေကို ရယူတတ်တယ်။ - တက်တက်ကြွကြွနဲ့ စိတ်မြန်လက်မြန်ရှိတဲ့သူလည်း ဖြစ်တယ်။ - စိတ်ဓာတ်ကြံ့ခိုင်ပြီး ဖန်တီးမှု စွမ်းရည်ရှိတယ်။ - သင့်ရဲ့ တီထွင်ကြံဆဥာဏ် တွေဟာ သူများနဲ့မတူ တမူ ထူးခြားတယ်။ ပျော်ရွှင်စရာ မွေးနေ့လေး...

၂ဝ၁၆ အတွက် ဂန္ထဝင်မဂ္ဂဇင်းမှ နှစ်သစ်ဆုမွန်ကောင်း။

ဝမ်းနည်းပူဆွေးမှုတွေကို နှစ်ဟောင်းမှာထားခဲ့ပြီး နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ ပျော်ရွှင်စွာ ကြိုဆိုနိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်း မှ စာဖတ်ပရိသတ်ကြီးအားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။

ခိုင်မာတဲ့ Relationship တစ်ခု၏ လက္ခဏာရပ်များ

ခိုင်မာတဲ့ Relationship တစ်ခုဆိုတာ အပြန်အလှန်လေးစားမှုတွေ၊ မျှဝေခံစားမှုတွေ၊ ယုံကြည့်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ လက်တွဲဖော်နှစ်ဦးလုံး တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုအပေါ် အခြေခံပြီး relationship တစ်ခုထဲမှာရှိတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ညီတူမျှတူ မျှဝေတတ်ကြတယ်လေ။ ဒီလို ခိုင်မာစွာ တည်ဆောက်ထားတဲ့ relationship တစ်ခုရဲ့ လက္ခဏာရပ်အချို့ကတော့ ၁။ ရိုသေလေးစားခြင်း တစ်ယောက်စကားကို တစ်ယောက်ကနားထောင်ပေးပါတယ်။ နှစ်ဦးနှစ်ဖက်...

ကိုယ့်ဘဝက ကိုယ့်လုပ်ရပ်တွေရဲ့ တန်ပြန်သက်ရောက်မှု

ခက်ခဲရှုပ်ထွေးလှတဲ့ ဘဝမှာ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေက နည်းအမျိုးမျိုးနဲ့ ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ မလွဲပါဘူး။ လောကဓံရဲ့ ရိုက်ချက်တွေကလည်း ကိုယ့်ကို နှိပ်စက်နေအုံးမှာပဲ။ ဘဝမှာအရေးကြီးဆုံးက ဒါတွေကို ကိုယ်ဘယ်လိုခံယူမလဲ ဆိုတာပါပဲ။ အခြားသူ အရောင်ဆိုးတာနဲ့ ကိုယ်ကလိုက်အရောင်ပြောင်းရမယ် ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါကြောင့် နာကြင်နေတဲ့အချိန်မှာ ငိုကြွေးလိုက်ပါ။...

အချစ်စစ်ရဲ့ အလှတရား

တစ်နေ့မှာ အညတရ ကောင်လေးတစ်ယောက်နဲ့ သူဌေးသမီးလေးတို့ဟာ မေတ္တာမျှသွားကြပါတယ်။ ကောင်လေးက ဆင်းရဲတဲ့ မိသားစုကနေ ကြီးပြင်းလာတာ ဆိုတော့ ကောင်မလေးမိဘတွေက သိပ်ပြီး သဘောမတွေ့လှဘူးပေါ့။ ဒီတော့ ကောင်လေးဟာ ကောင်မလေးတင် သူ့ဘက်မှာ ရှိနေလို့မဖြစ်ဘူး၊ သူမရဲ့မိဘတွေကိုပါ သူ့ဘက်ပါလာအောင် လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီး ပိုကောင်းအောင် ကြိုးစားနေထိုင်ပြလိုက်တယ်။ အဲ့ဒီအခါမှာတော့...

ကိုယ်ဘယ်လိုလူမျိုးနဲ့ ဖူးစာဆုံမလဲဆိုတာ သိချင်ပါသလား။

ဒီတစ်ခေါက်တော့ ဂန္ထဝင် ပရိသတ်ကြီးတို့… အထက်မှာ ဖော်ပြထားတဲ့ ပုံထဲကအတိုင်း လက်ဖဝါးလေးနှစ်ခု ဆက်ကြည့်လိုက်တဲ့အခါ ပေါ်လာတဲ့အရေးအကြောင်းလေးကို ကြည့်ပြီး ကိုယ့်ဖူးစာဖက် ကို ခန့်မှန်းကြည့်လို့ ရတဲ့ အကြောင်းလေး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ ပုံသဏ္ဍန်လေးတွေ ကွဲပြားသွားတာနဲ့ လူတစ်ယောက်ရဲ့ ဝိသေဿလေးပါ ကွဲပြားသွားတာကြောင့် စိတ်ဝင်တစားနဲ့...

သမီးလေးအတွက် ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်စေဖို့ အကြံပေးစာ

နေရာတိုင်းမှာ မျှမျှတတ အချိန်မပေးနိုင်ဘူးလို့ သမီးထင်နေရင် သမီးဘဝကို ပြန်သုံးသပ်ဖို့ အချိန်တန်နေပါပြီ။ သမီးဘဝမှာ အလုပ်ပြီး အလုပ်ဖြစ်နေတဲ့အခါ ခဏလေး နားပြီး မေမေအခုပြောမယ့် အချက် (၉)ချက်ကို ဖတ်ကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ငြင်းတတ်အောင် သင်ပါ သမီး။ သမီးကို လုပ်စရာအလုပ်တွေ ပိုပေးခဲ့တဲ့အခါ သမီးငြင်းဆိုဖို့...

ခေါင်းရှောင်ခြင်းကြောင့် ရလာတတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ

တစ်နေ့မှာ ကြွက်ကလေးတစ်ကောင်ဟာ သူနေတဲ့ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက် အထုပ်တစ်ထုပ် ကို ဖြည်နေကြတာကို သူနေတဲ့ နံရံအပေါက်လေးကနေ ချောင်းကြည့်နေခဲ့ပါတယ်။ ဘာတွေများ ပါလာလိမ့်မလဲလို့ ရင်ခုန်စွာနဲ့ စောင့်ကြည့်နေခဲ့တာပေါ့။ အဲဒီအထဲက အရာကို တွေ့လိုက်တဲ့ အချိန်မှာတော့ ကြွက်ကလေးက အလွန်တရာ သွေးပျက်သွားပါတော့တယ်။ အထဲမှာ ပါလာတာက...

သူငယ်ချင်းအား ငွေချေးပြီးနောက် ဖြစ်လေ့ဖြစ်ထရှိသော အချက်လေးများ

"လူကိုခင်လျှင် ပိုက်ဆံမချေးပါနဲ့ " ဆိုတဲ့စကား ကြားဖူးကြမှာပါ။ တချို့တွေကျတော့လည်း ဒီလောက်ရင်းနီးကြတဲ့သူတွေ အချင်းချင်းမှ မကူညီရင် ဘယ်သူ့ကို ကူညီမှာလဲဆိုပြီး တွေးကောင်းတွေးဖူးကြပါလိမ့်မယ်။ ရင်းနီးတဲ့သူတစ်ယောက်ကို ငွေချေးပေးရတာ လွယ်ပါတယ်။ သို့ပေမယ့် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ရှိနိုင်တယ်ဆိုတာ သတိ ပြုမိစေလိုပါတယ်။ သူငယ်ချင်းကို ငွေချေးလိုက်ခြင်းကြောင့် ကြုံတွေ့လာနိုင်တဲ့...

လူ့ခန္ဓာကိုယ်မှာ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဘာလဲ

မေမေက ကျွန်မကို မကြာခဏမေးတတ်တဲ့ မေးခွန်းတစ်ခု ရှိတယ် ။ အဲဒါကတော့ “ခန္ဓာကိုယ်မှာ ရှိတဲ့ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဘာဖြစ်မလဲ” တဲ့။ ကျွန်မလည်း ကိုယ်မှီသလောက် အသိဥာဏ်လေးနဲ့ ကြိုးစားဖြေလေ့ရှိတယ်။ ငယ်ငယ်တုန်းကတော့ “နားတွေပေါ့မေမေ။ အသံတွေကြားရဖို့ သိပ်အရေးကြီးတယ်။ ဒါကြောင့် နားတွေက အဖိုးတန်ဆုံး အစိတ်အပိုင်းတွေ”လို့ဖြေခဲ့တယ်။ မေမေကတော့...

မိန်းကလေးတွေပြောတဲ့ စကားတစ်ချို့ရဲ့ နောက်ကွယ် အဓိပ္ပါယ်လေးများ

ကျွန်မတို့ မိန်းကလေးတွေဟာ ခံစားချက်တွေကို မြိုသိပ်ကြတာများတော့ အကျင့်သားတွေ ရနေပြီး စိတ်ထဲရှိတဲ့အတိုင်း မပြောတတ်ကြတော့ဘူး။ ဒါကြောင့် မိန်းကလေးတွေပြောတဲ့ စကားလုံးတွေ၊ အပြုအမူလေးတွေရဲ့နောက်ကွယ်မှာ လျို့ဝှက်တဲ့ အဓိပ္ပါယ်လေးတွေ ရှိနေတတ်ပါတယ်။ အောက်ဖက်မှာတော့ အမျိုးသမီးတွေ ပြောလေ့ပြောထရှိတဲ့ စကားလေးတွေ၊ အပြုအမူလေးတွေနဲ့ နောက်ကွယ်က လျို့ဝှက်အဓိပ္ပါယ်လေးတွေကို ဖော်ပြပေးထားပါတယ်။ ၁။ မိန်းကလေးတွေ...

တစ်လအတွင် အရပ်ရှည်စေမယ့် နည်းလမ်းကောင်းလေးများ

ကိုယ့်ကိုယ်ကို အရပ်မရှည်လို့ စိတ်တိုင်းမကျဖြစ်နေပါသလား။ စိတ်မပူပါနဲ့။ ဒီလိုဖြစ်နေတာ သင်တို့ချည်းပဲ မဟုတ်ပါဘူး။ လူအတော်များများဟာ သူတို့အရပ်အမောင်းနဲ့ ပတ်သက်ပြီး အမြဲ အလိုမကျ ဖြစ်နေတတ်ကြပါတယ်။ အကယ်၍ သဘာဝအတိုင်းပဲ လေ့ကျင့်ခန်းလေးတွေလုပ်ရင်း သင့်အရပ်ရှည်ထွက်လာစေမယ် ဆိုရင်တော့ သင်စိတ်ဝင်စားမယ်ဆိုတာ ကျွန်ုပ်အတတ်ပြောရဲပါတယ်။ အောက်ဖက်မှာတော့ တစ်လအတွင်း ခန္ဓာကိုယ် ဖွံ့ထွားပြီး အရပ်ရှည်ထွက်လာစေမယ့်...

ဘဝလက်တွဲဖော် အဖြစ် မရွေးချယ်သင့်တဲ့ ယောက်ျားမျိုးဆိုတာ

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ပိုင်ဆိုင်ရဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ အစပိုင်းမှာဘယ်လောက်ပဲ သစ္စာရှိပါတယ်၊ ချစ်မြတ်နိုးကြတယ်ပဲ ဆိုဆို လက်ထပ်ပြီးမှ သစ္စာဖောက်သွားတဲ့သူတွေ တစ်ပုံကြီးပါ။ လူတိုင်းကိုယ့်ချစ်သူကို အကြွင်းမဲ့ ယုံကြည်ချစ်မြတ်နိုးကြတာ မှန်ပါတယ်။ သို့ပေမယ့် အောက်ဖော်ပြပါ ချစ်သူမျိုးနဲ့ လက်တွဲနေတာဆိုရင်တော့ ရှေ့ဆက်မယ့် ဘဝအတွက်သေချာ စဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဒီလို အချိန်လွန်မှ...

တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လိုပါသလား။

၁။ အဆင့်အတန်းရှိရှိ နေထိုင်တတ်ပါ။ ၂။ ယဉ်ကျေးလိမ္မာပြီး ကျေးဇူးတရားသိသူ တစ်ယောက်အဖြစ် ရပ်တည်ပါ။ ၃။ ဘာကိုမှ မပြောရသေးခင် အရင်ဆုံး စဉ်းစားတွေးခေါ်ပါ။ ၄။ ရုတ်ရင်း ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေ မသုံးမိပါစေနဲ့။ ၅။ စကပ်အတို ဝတ်ထားတဲ့အချိန်မှာ ခြေထောက်နှစ်ဖက်ကို အမြဲ ယှက်ထိုင်ပါ။ ၆။ အစားစားတဲ့အချိန်မှာ အသံမြည်အောင် မစားဘဲ အိနြေ္ဒရရ...

ကျွန်တော်တို့တွေရဲ့ အနာဂတ်လေးတွေ လှပဖို့ စတေးပေးခဲ့သူများ

တစ်နေ့ ကောင်လေးတစ်ယောက်က ကုမ္ပဏီကြီးတစ်ခုမှာ စီမံခန့်ခွဲမှု မန်နေဂျာ ရာထူးအတွက် အလုပ်လာလျှောက်ပါတယ်။ ပထမ အင်တာဗျူးအောင်သွားပြီး နောက်တစ်နေ့ ကုမ္ပဏီရဲ့ အကြီးအကဲ တစ်ယောက်နဲ့တွေ့ဖို့ ကုမ္ပဏီကို ထပ်လာခဲ့ရပါတယ်။ အဲဒီမှာ ဒါရိုက်တာကြီးက သူ့အလုပ်လျှောက်လွှာကိုကြည့်ပြီး ကောင်လေးရဲ့ ပညာရေးမှတ်တမ်းတွေဟာ အရမ်းကောင်းနေတာ တွေ့လိုက်ရတဲ့အခါ "မင်း ကျောင်းမှာတုန်းက ပညာသင်ဆုတွေဘာတွေ ရခဲ့ဖူးလား။"...

ပျော်ရွှင်မှုက လက်တစ်ကမ်းမှာပါ။ ဒါလေးတွေကိုတော့ မမေ့နဲ့ပေါ့။

၁။  ကိုယ့်လုပ်ရပ်ကိုယ် လိပ်ပြာလုံနေရင် အခြားသူတွေ ဘယ်လိုထင်မလဲ ဆိုတာ  သိပ်အရေးမကြီးပါဘူး။ ၂။  အချိန်ကအရာရာကို အကောင်းဆုံး ကုစားသွားမှာပါ။ အချိန်အတိုင်းအတာ တစ်ခုတော့လိုတာပေါ့။ ၃။  ဖြစ်ပျက်ခဲ့တဲ့ အတိတ်တွေနဲ့ အတတ်နိုင်ဆုံး ငြိမ်းချမ်းမှုယူလိုက်ပါ။ သင့်ရဲ့ပစ္စုပ္ပန်လဲ သာယာလာပါလိမ့်မယ်။ ၄။ သင့်ရဲ့ပျော်ရွှင်မှုကို ဘယ်သူမှဖန်တီးပေးလို့ မရပါဘူး။  သင်ကိုယ်တိုင်ပဲ ဖန်တီးယူလိုက်ပါ။ ၅။ ကိုယ့်ကိုယ်ကို...

သက်ဆုံးထိတိုင် သင့်ချစ်သူ သင့်ကို လိုအပ်နေစေချင်တယ်ဆို

တစ်ယောက်ကိုတစ်ယောက် စပြီး ချစ်ခင်စမှာတော့ အရာအားလုံး အဆင်ပြေချောမွေ့ နေတတ်တယ်။ ဘယ်အရာကမှ သင်တို့ဆက်ဆံရေးကို ငြီးငွေ့စေမှာမဟုတ်ပါဘူး။ သို့ပေမဲ့ ချစ်သူသက်တမ်း ကြာလာတာနဲ့အမျှ ခံစားချက်တွေ ခံယူချက်တွေလည်း ပြောင်းလဲလာတတ်ပါတယ်။ ဒါကြောင့် အခြေအနေအပေါ်လိုက်ပြီး သင်တို့ ဆက်ဆံရေးတွေကို အမြဲသာယာလှပနေစေဖို့ အကြံညဏ်ကောင်းလေးတွေကို ဂန္ထဝင်မှ တင်ဆက်ပေးလိုက်ပါတယ်။ ၁။ ဘယ်လို...

ကိုယ့်ကိုယ်ကို အမြဲသတိပေးနေသင့်တဲ့ စကားစုလေးများ

၁။ အရာရာ နားလည်လက်ခံနိုင်ဖို့ လွတ်လပ်ပွင့်လင်းတဲ့ စိတ်နဲ့ ရပ်တည်မယ်။ ၂။ ငါ့ စိတ်နှလုံးသားထဲက တကယ် ဆန္ဒရှိတဲ့အရာတွေကိုပဲ အကောင်းဆုံး လုပ်ဆောင်မယ်။ ၃။ ငါ့ ကိုငါ အမြဲရိုးသားမယ်။ ဘယ်တော့မှ မလှည့်စားဘူး။ ၄။ ငါ့ ပျော်ရွှင်မှုဟာ ငါ့လက်ထဲမှာပဲ ရှိနေရမယ်။ ၅။ ငါ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ၊...