Yearly Archives: 2014

၅။ အဲဒီအရာက ဘာလဲ

ဆန့်ကျင်ဘက်လမ်းနှစ်ဘက်မှာ နေတဲ့ညီအစ်ကိုနှစ်ယောက်၊ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ မတွေ့ဖူးကြဘူး။ အဖြေ။။မျက်လုံးနှစ်ဘက် မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

၎။ အဲဒီအရာက ဘာလဲ

ဘယ်တော့မှ မနားဘူး၊ ဘယ်တော့မှ ငြိမ်ငြိမ်မနေဘူး။ တောင်တစ်တောင်ကနေ တစ်တောင်ကို ညှင်သာစွာ ရွေ့လားနေတယ်။ လမ်းလည်းမလျှောက်ဘူး၊ ပြေးလည်းမပြေးဘူး။ သူမရှိရင် အားလုံးက အေးသွားတယ်။ အဲဒါဘာလဲ။ အဖြေ။။နေရောင်ခြည် မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

၃။ အဲဒီအရာက ဘာလဲ

ချစ်စရာကောင်းပြီး လုံးဝိုင်းတယ်။ အမှောင်ထဲမှာ ဖျော့ဖျော့တော့တော့လေး တောက်ပနေတယ်။ အမျိုးသမီးတွေရဲ့ အကြိုက်ပါ။ အဲဒီအရာက ဘာလဲ။ အဖြေ။။ပုလဲ မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

၂။ အဲဒီအရာက ဘာလဲ

အနီရောင်၊ အပြာရောင်၊ ခရမ်းရောင်နဲ့ အစိမ်းရောင်- အရောင်တော်တော်စုံတယ်။ ဒါပေမယ့် ဘုရင်မဖြစ်ရင်တောင် အဲဒီအရာဆီကို မရောက်နိုင်ဘူး။ အဖြေ။။သက်တံ့ မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

၁။ အဲဒီအရာက ဘာလဲ

ဝယ်တဲ့အချိန်မှာ အနက်ရောင်၊ အသုံးပြုတော့ အနီရောင်၊ ပစ်မယ်ဆိုတော့ မီးခိုးရောင်၊ အဲဒီအရာက ဘာလဲ။  ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ အဖြေ။။မီးသွေး မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုအပေါ်ပြန်လည် သုံးသပ်ခြင်း

မိန်းကလေးတစ်ယောက်က ဆေးဆိုင်တစ်ခုထဲကို ၀င်သွားခဲ့သည်။ ထို့နောက် ဆိုဒါဖာတစ်ခုကို တယ်လီဖုန်းရှိရာဆီသို့ ဆွဲလာခဲ့သည်။ သူ့အရပ်လေးကမရှည်သေးတော့ ဆိုဒါဖာလေးပေါ်တက်လိုက်မှ တယ်လီဖုန်း ခလုတ်လေးတွေကို နှိပ်လို့ရတယ်လေ။ ထို့နောက် နံပါတ်လေးတွေနှိပ်ပြီး ဖုန်းခေါ်ဆိုပါတယ်။ သူ့ကိုသတိထားမိသော ဆိုင်ပိုင်ရှင်က သူဖုန်းဆက်တာကို နားထောင်မိနေတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ မိန်းကလေး။     ။ကျွန်မကို အဒေါ့်ရဲ့ခြံထဲက မြက်တွေရိတ်ဖို့အတွက်...

ဂန္တ၀င်ဗေဒင် – (ဇူလိုင်လ၊၂၀၁၄ ခုနှစ်)

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ကြားမွေးဖွားသူများ) သင့်အတွက် အဖွဲ့အစည်းများနှင့် ဆက်ဆံ လုပ်ကိုင်ရာတွင် အခက်အခဲတချို့ ရင်ဆိုင်ကြုံတွေ့လာနိုင်သည်။ စိတ်ရောလူပါ ပင်ပန်းစေတတ်သည်။ ရာထူးတိုးကိစ္စပါဝင်လာမည်။ မြေဝင်စေလိမ့်မည်။ အကျိုးအမြတ် များစေတတ်ပေသည်။ ပညာရေး အထူးကောင်းမွန် တိုးတက်မည်။ အခန်းအဆောင် နေရာရွှေ့ပြောင်း စီစဉ်ကိစ္စနှေင့်နှေးမည်။...

ပျော်ပျော်ရွှင်ရွှင်နေရဖို့ စွန့်လွတ်သင့်တဲ့ အချက် (၁၀)ချက်

ပျော်ရွှင်မှုဆိုတာ ရွေးချယ်ရတာပါပဲ။ ကျွန်မတို့ပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် တခါတရံ ကျွန်မတို့ပျော်ရွှင်မှုကို ပိတ်ပင်နေတာလေးတွေ ကျွန်မတို့မှာ ရှိတတ်ပါတယ်။ ဒီနေ့တော့ ကျွန်မတို့ပျော်ရွှင်မှုအတွက် စွန့်လွတ်သင့်တာလေးတွေကို ကြည့်လိုက်ရအောင်။ ၁။မကျေနပ်စရာတွေရှိတာကို စွန့်လွတ်ပါ။ မကျေနပ်ချက်တွေက ဘယ်တော့မှ ကောင်းတာတွေ မယူလာပါဘူး။ မကျေနပ်လို့ပြောလိုက်ရင်လည်း ပြဿနာ ပြေလည်သွားဖူးလို့လား။ အကောင်းဘက်ကတွေးပါ၊ တတ်နိုင်သလောက် အကောင်းမြင်တတ်အောင်...

သူကိုယ့်အပေါ် မလိမ်လည်အောင် တားဆီးနိုင်မယ့် နည်းလမ်း (၇)သွယ်

အမျိုးသားတွေ လိမ်လည်ရတဲ့အကြောင်း (၂)ချက်ပဲရှိပါတယ်။ တစ်ခုခုကို မလုံမလဲဖြစ်နေလို့ရယ် ပျဉ်းလို့ရယ်ပါပဲ။ တော်တော်များများကတော့ ကိုယ့်ချစ်သူချစ်တာကို လိုချင်ကြပါတယ်။ အမျိုးသားသဘာဝကိုက ကိုယ့်ချစ်သူချစ်မြတ်နိုးတာ၊ တန်ဖိုးထားလေးစားတာကို လိုချင်ကြတာပါပဲ။ လိမ်လည်တဲ့အမျိုးသားတွေက တစ်ခုခုကို စမ်းသပ်ချင်တာကြောင့်ပါ။ မဟုတ်ရင်လည်း သူတို့ကို ဆွဲဆောင်မှုရှိတယ်လို့ ယူဆတဲ့တစ်ယောက်တစ်ယောက်ကို စနောက်ချင်လို့ပါ။ အခုဖော်ပြမယ့် နည်းလမ်းတွေကတော့ သူတို့လိမ်လည်တာကို...

အချစ်တွေ ကုန်ခမ်းစေမယ့် အဆင့် (၆)ဆင့်

တခါတရံrelationshipတွေမှာကိုယ်ကစတင် လမ်းခွဲခဲ့ပေမယ့်လည်း ကိုယ့်ရည်းစားဟောင်းကို မမေ့နိုင်သေးတာလေးတွေ ဖြစ်တတ်ပါတယ်။ မေ့နိုင်ဖို့အတွက် အချိန်ပေးရတယ် မဟုတ်လား။ နာကျင်ခံစားနေရတာတွေကိုအဆုံးသတ်ပေးဖို့ နည်းလမ်းသတ်မှတ်ထားတာမျိုးတော့မရှိပါဘူး။ ဒါပေမယ့် လမ်းခွဲခြင်းကြောင့် အသည်းကွဲနေချိန်မှာခံစားနေရတာတွေကိုကျော်လွှားနိုင်ဖို့ အချစ်တွေ ကုန်ခမ်းသွားစေမယ့် နည်းလမ်းတွေတော့ရှိပါတယ်။ ဒီနည်းလမ်းအဆင့်ဆင့်ကိုအောက်မှာဖော်ပြလိုက်ပါတယ်။ ၁။ အဆင်မပြေခဲ့တာတွေကိုနားလည်အောင် ပြန်တွေးပါ။ Relationship ကိုပြန်မြင်ယောင် လိုက်ပါ။ ကောင်းတာတွေရောဆိုးတာတွေရောပေါ့။ ပြီးသွားရင် ဒီ...

ရုပ်ရည်ကြောင့် မဟုတ်ဘဲ သူ့အာရုံကို ဖမ်းစားနိုင်မယ့် နည်းလမ်း (၇)သွယ်

ကိုယ်စိတ်ဝင်စားတဲ့ အမျိုးသားကိုတော့တွေ့ပါတယ်။ ဒါပေမယ့်ကိုယ့်ကိုစိတ်ဝင်စားအောင် ဘယ်လိုချဉ်းကပ်ရမှန်းမသိ ဖြစ်နေပါသလား။ စိတ်မပူပါနဲ့၊ သူ့အာရုံကိုဖမ်းစားနိုင်မယ့် နည်းလမ်းများစွာရှိပါတယ်။ အမျိုးသားတွေကအပေါ်ယံရုပ်ရည်ကိုကြည့်ပြီးစိတ်ဝင်စားတတ်ကြပေမယ့် ကိုယ့်ရုပ်ရည်နဲ့ခန္ဓာကိုယ်မှာထင်ဟပ်နေတဲ့ ကိုယ့်စိတ်နေသဘောထားကိုနားလည်ကြပါတယ်။ အခုဖော်ပြမှာကတော့ အပေါ်ယံအလှတွေကိုထုတ်ပြစရာမလိုဘဲသူစိတ်ဝင်စားလာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ ဖြစ်ပါတယ်။ ၁။ သူသိပါစေ။ သူ့အာရုံဖမ်းစားမယ့် အကောင်းဆုံးနည်းလမ်းတွေထဲကတစ်ခုကတော့ သူ့ကိုအာရုံစိုက်ခွင့် ပေးလိုက်တာပါပဲ။ သူကိုယ့်ရှေ့ကဖြတ်လျှောက်သွားရင် ကိုယ့်ကိုသတိထားမိအောင် နှုတ်ဆက်ပါ။ စကားပြောဖို့အလှမ်းဝေးနေတယ်ဆိုရင် အပြုံးလေးတစ်ခုဖြစ်ဖြစ်၊...

ရေအကြောင်းသိကောင်းစရာ (၈)ချက်

အရွယ်ရောက်ပြီးတဲ့လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ (၇၀)ရာခိုက်နှုန်းကရေနဲ့ဖွဲ့စည်းထားတယ်ဆိုတာသင်သိပါသလား။ ဒါ့အပြင် ကျွန်မတို့နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ (၇၀)ရာခိုင်နှုန်းကိုလည်း ရေတွေနဲ့ဖုံးလွှမ်းထားပါတယ်။ ဒါပေမယ့် ဒီရေတွေအားလုံးထဲကမှ (၁.၁)ရာခိုင်နှုန်းကသာ သောက်သုံးဖို့ သင့်တော်ပါတယ်။ ကျွန်မတို့တွေက သန့်စင်တဲ့ရေကိုသောက်သုံးနေကြပေမယ့် ကမ္ဘာကြီးရဲ့အခြားနေရာတွေမှာတော့ မသောက်သုံးနိုင်ကြပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ လူသန်းပေါင်း (၇၈၀)လောက်က သန့်စင်တဲ့ရေကို မရရှိနိုင်ကြပါဘူး။ နှစ်စဉ်နှစ်တိုင်း...

အောင်မြင်မှုပန်းတိုင်ဆီသို့ ချီတက်နိုင်အောင် ပြုလုပ်ပေးမယ့် အချက်(၉)ချက်

အောင်မြင်မှုဆိုတဲ့သဘောတရားလေးက ကျွန်မတို့တစ်ဦးတစ်ယောက်ဆီမှာရှိတဲ့ စိတ်ခံစားချက်ပေါ်မူတည်ပါတယ်။ ဒါပေမယ့် ကိုယ့်ပန်းတိုင်ကဘာပဲဖြစ်နေနေအောင်မြင်မှုရဖို့အတွက် လက်တွေ့လုပ်ဆောင်ရမယ့်အပိုင်းမှာတော့ အားလုံးကတူတူပါပဲ။ ပုံမှန်လက်တွေ့ကြိုးစားလုပ်ဆောင်နေမယ်ဆိုရင် ဘယ်သူမဆိုသက်ဆိုင်တဲ့ ရလဒ်ရနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်အလက်တွေကတော့ ကျွန်မတို့ဘဝမှာအောင်မြင်ပြီး၊ ကောင်းကောင်းမွန်မွန် နေနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်။ ၁။ အာရုံစိုက်ပါ။ တခါတရံကျွန်မတို့ဟာအလုပ်အများကြီးလုပ်နေပေမယ့်လည်းဘယ်ဟာကမှ တကယ်အရေးမကြီးဘူးလို့ ခံစားရတဲ့အခါမျိုးရှိပါတယ်။ မရေမတွက်နိုင်သောစိတ်ကူးအိပ်မက်တွေနဲ့ ဆန္ဒတွေကြားမှာ နှစ်မြှုပ်သွားတဲ့အခါ ဒါမျိုးကဖြစ်တတ်ပါတယ်။ ဒီလိုအချိန်မှာလုပ်နေတာအားလုံးခဏရပ်လိုက်ပြီးတစ်ချိန်မှာအလုပ်တစ်ခုကိုပဲအာရုံစိုက်လိုက်ပါ။...

သင်၏ ဘဝလက်တွဲဖော်ထံမှ အတုယူဖွယ်ရာအကျင့် (၅)ခု

အမျိုးသမီးတွေကတခါတရံ အရာရာတိုင်းမှာ အမျိုးသားတွေထက် ပိုသိတယ်၊ ပိုတတ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသားတွေဆီကနေ သင်ယူရမယ့် အချက်တွေ ရှိနေပါတယ်။ ကျွန်မတို့တွေ ကိုယ့်ချစ်သူကို တခါတရံမှာ သူတို့လုပ်လေ့လုပ်ထမရှိတဲ့ အရာတွေ (ဥပမာသန့်ရှင်းရေး လုပ်တာမျိုးပေါ့) ကိုဆရာလုပ်ပြီး သင်ပေးတတ်ကြတယ်လေ။ အခုတော့ နေရာချင်းတစ်ခါလောက် လဲကြည့်ပြီး အမျိုးသားတွေဆီကနေ...

အိမ်ထောင်ဘက်၏ ချစ်စရာကောင်းသောအပြုအမူ (၅)ချက်

ကျွန်မတို့ အိမ်ထောင်ဘက်က ပြုလုပ်တတ်တဲ့ ချစ်မြတ်နိုးစရာ အပြုအမူလေးတွေရှိပါတယ်။ လက်တွဲဖော်နဲ့အတူတူအချိန်တွေကုန်လွန်ခဲ့ကြပေမယ့်တခါတရံမှာသူတို့ရဲ့အပြုအမူသေးသေးလေးတွေကို ကျွန်မတို့မေ့နေတတ်ကြပါတယ်။ဒီအပြုအမူလေးတွေကိုသာမာန်ပဲလို့သဘောထားမယ့်အစားသေချာစဉ်းစားကြည့်လိုက်ပါ။ သူတို့ရဲ့နေ့စဉ်အပြုအမူတွေကို ကျွန်မတို့ဘယ်လောက် နှစ်သက်ခုန်မင်လည်းဆိုတာတွေ့ရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကျေးဇူးတင်ဖို့တောင် ထိုက်တန်တဲ့ ကျွန်မတို့အိမ်ထောင်ဘက်တွေရဲ့ ချစ်စရာအပြုအမူလေးအချို့ပဲဖြစ်ပါတယ်။ ၁။ ကိုယ့်ကိုပြတဲ့ မျက်နှာအမူအရာလေးတစ်ခု ကိုယ်အမြဲတမ်းမရိုးအီနိုင်တဲ့ သူ့ရဲ့မျက်နှာအမူအရာလေးတွေရှိပါတယ်။ သူနှုတ်ခမ်းကိုကိုက်ထားတဲ့အခါလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဟုတ်ရင်လည်းသူမျက်ခုံးနှစ်ဖက်ကိုပင့်တင်လိုက်တဲ့ အခါမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။...

ရယ်မောခြင်း၏ ကောင်းကျိုး(၅)ချက်

"ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်ခွက်ပါ"ဆိုတဲ့ ဆိုရိုးလေးကို အားလုံးကြားဖူးကြမှာပါ။ သုတေသနပြုသူတွေကတော့ ရယ်မောခြင်းက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ဆိုကြတယ်။ ဒါပေမယ့် ဒီအချက်က ရယ်မောသင့်တဲ့ အချက်(၅)ချက်ထဲကမှ တစ်ချက်ပဲရှိသေးတယ်။ ကဲနောက်ထပ်သိဖို့ ဆက်ဖက်လိုက်ကြရအောင်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။       ရယ်မောခြင်းက စိတ်နဲ့ ခန္ဓာအတွက် ဆေးစွမ်းကောင်းတစ်လက်ပါ။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင် ရယ်မောပေးခြင်းက အသက်ရှုနှုန်းကိုကောင်းစေတယ်၊...

ဂန္တ၀င်ဗေဒင် (မေလ၊၂၀၁၄ ခုနှစ်)

မိဿ ရာသီဖွား (မတ်လ ၂၁ - ဧပြီလ ၂၀ ) သင့်အတွက် အလုပ်အကိုင်၊ အခက်အခဲထဲ ရောက်ရှိနေတတ်ပေသည်။ စိတ်မောစရာများ ရင်ဆိုင်ရတတ်သည်။ ပတ်ဝန်းကျင် သာရေး၊ နာရေး ပျက်ကွက်မှု များစေတတ်ပေသည်။ ကိုယ်တိုင် ဆေးခန်း၊ ဆေးရုံရောက်ရှိတတ်၍ သတိထားသင့်ပေသည်။ ပညာရေးတိုးတက်ပေမည်။ အလှအပ ပစ္စည်းများ...

သင်္ကြန်အကြိုနေ့ အတွက် မုန့်လုံးရေပေါ်

သင်္ကြန်မုန့်တွေထဲမှာ မပါမဖြစ် မုန့်လုံးရေပေါ်ပါ။ မုန့်လုံးရေပေါ်ကို မြန်မာတွေ သင်္ကြန်တွင်း လူအများကြီးနဲ့ ပျော်ပျော်ပါးပါး လုံးကြရင်း အိမ်နီးနားချင်းတွေ၊ လမ်းက ရေကစားသူတွေကို အမြဲဝေပေးလေ့ရှိပါတယ်။ ထန်းလျှက်လုံးတဲ့ မုန့်လုံးရေပေါ်က ချိုစိမ့်ပြီ သူအပေါ်မှာ ဖြူးထားတဲ့ အုန်းသီးခြစ် အရသာကြောင့် ပိုမိုကောင်းမွန်ပါတယ်။ သင်္ကြန်အကြိုနေ့မှာပဲ မုန့်လုံးရေပေါ်လေး တူတူလုံးလိုက်ကြအောင်… မုန့်လုံးရေပေါ်...

ဖန်သားပြင်ပေါ်က နာမည်ကြီး ဇာတ်ကောင်တွေလို ၀တ်ဆင်ထားတဲ့ ချစ်စရာကလေး

ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဓာတ်ပုံပညာရှင် ကာရန် အဘတ်(Karen Abad) သည် အင်ဒီယာနာ(Indiana) ရှိသူငယ်ချင်းထံ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အပြင်မှာလည်း အလွန်အေးနေတာနဲ့ နွေးနွေးထွေးထွေးနေရအောင် အိမ်ထဲမှာပဲ တစ်ခုခုဖန်တီးကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့သူငယ်ချင်းရဲ့ကလေးလေး အိုလီဗီယာ(Olivia)နဲ့အတူ စိတ်ဝင်စားစရာလေးတွေ ဖန်တီးဖြစ်ခဲ့ကြတယ်။ အဘတ်(Abad) နဲ့ အိုလီဗီယာ(Olivia) မိခင် ခရစ်တီးနား(Cristina)...

ဂန္တ၀င်ဗေဒင်(ဧပြီလ၊၂၀၁၄)

မိဿ ရာသီဖွား (မတ်လ ၂၁ - ဧပြီလ ၂၀ ) သင့်အတွက် လူမှုရေး၊ စေတနာ့ဝန်ထမ်းကိစ္စတို့ လိုက်ပါကူညီရတတ်ပေသည်။ ဆေးခန်း၊ဆေးရုံကိစ္စတို့ ပေါ်စေတတ်ပေသည်။ စိတ်ပင်ပန်းစေမည်။ မိတ်ဆွေကောင်း အဖော်မွန် နည်းပါးစေလိမ့်မည်။ အတုအယောင် အထူးများစေမည်။ ပညာရေးစိတ်တိုင်းမကျတတ်ပေ။ အထူးသဖြင့် သဘောကျသော ဆရာကောင်းနည်းပါး၍ ပြောင်းလဲလိုစိတ် ကြီးမားနေတတ်ပေသည်။...