Monthly Archives: December 2014

ပုံမှန်ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်သူ ဘာဘီရုပ်အသစ်လေး

ကျွန်မတို့မိန်းကလေးတိုင်းလိုလိုဟာ ဘိုမရုပ်လေးတွေဆော့ကစားတဲ့ ကလေးဘဝကနေ ဖြတ်သန်းကြီးပြင်းလာခဲ့ကြတာပဲ။ သူတို့ရဲ့ထူးကဲလှပတဲ့ပုံပန်းသဏ္ဍာန်၊ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးတွေ၊ ကောက်ကြောင်းလှလှလေးတွေ၊ လည်တိုင်ရှည်လေးတွေက သွယ်လျလှပလွန်းတော့ သူတို့ကိုကြည့်ပြီး ကျွန်မတို့ကိုယ်ပိုင် ခန္ဓာကိုယ်အချိုးအစားပေါ် သံသယလေးတွေ ရှိခဲ့ကြတယ်လေ။ တကယ်စဉ်းစားမယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် ပိန်ပါးသေးသွယ်တဲ့ အချိုးအစား ရရှိလိုစိတ်တွေလွှမ်းမိုးပြီး ကျန်းမာရေးထိခိုက်စေမယ့် ဝိတ်ချတာတွေကို ပြုလုပ်နေမိတာတွေက ဒါတွေကြောင့်လားမသိဘူးနော်။...

နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ နည်းလမ်း (၁၀)မျိုး

တစ်ချို့လူတွေကတော့ ပြောပါတယ်၊ လူတွေသူတို့ကို နှစ်သက်တာ မနှစ်သက်တာကို ဂရုမစိုက်ဘူးတဲ့။ ဒါပေမယ့် ကျွန်မတို့တွေအများစုကတော့ လူတွေရဲ့နှစ်သက်ခြင်းကို လိုချင်ကြပါတယ်။ လူတွေက ကျွန်မတို့ကို မနှစ်သက်ဘူး၊ လက်မခံချင်ဘူးလို့ ခံစားရတဲ့အခါ တော်တော်လေးကို စိတ်ပျက်အားငယ်ရပါတယ်။ လူတိုင်းကျွန်မတို့ကို မနှစ်သက်နိုင်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့က ခင်ဖို့ကောင်းတဲ့၊ နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်တော့...

မနက်ခင်းမှာ ပျော်ရွှင်စွာ နိုးထနိုင်ဖို့ နည်းလမ်းကောင်းများ

၁။       အိပ်ချိန်အပြောင်းအလဲ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က နာရီလိုပဲ ပုံမှန်လည်ပတ်နေတာပါ။ အိပ်ချိန်ပြောင်းလဲခြင်းက ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန်ကို နေ့စဉ် အချိန်မှန်သတ်မှတ်ပေးပါ။ ၂။       နေ့သစ်မှာ ပြုံးပေးပါ။ မနက်အိပ်ယာထတာနဲ့ ပထမဆုံးပြုလုပ်တဲ့အရာက အပြုံးလေးတစ်ပွင့် ပန်ဆင်လိုက်တာပဲ ဖြစ်ပါစေ။ ဒီအပြုံးလေးက တစ်နေ့လုံး ပျော်ရွှင်ပြီး ကောင်းတဲ့ခံစားချက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ ဤဆောင်းပါးကို...

Relationship တစ်ခုကို ပိုပြီးခိုင်မာလာစေဖို့ နည်းလမ်း (၄)သွယ်

ဘဝမှာ အချစ်ဆိုတဲ့အရာကို တည်မြဲစေတာဘယ်အရာလဲ။ ချစ်ခြင်းမေတ္တာဆိုလည်း ဟုတ်ပါတယ်။ ရိုသေလေးစား တန်ဖိုးထားခြင်းဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုဆိုတာ အဲဒါတွေနဲ့ပဲလည်း မလုံလောက်ပါဘူး။ Relationship တစ်ခုခိုင်မြဲစေဖို့၊ လုံခြုံဖို့၊ ဂရုတစိုက်ရှိဖို့နဲ့ နှစ်ဦးသဘောတူ ညီညတ်နေကြဖို့လည်း လိုသေးတယ်လေ။ တစ်ဦးအပေါ်တစ်ဦး စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာတွေက သာမန်ပါပဲ။ ဒါပေမယ့်...

ချစ်သူတို့ မနှစ်သက်သော ကျွန်မတို့၏အကျင့်ဆိုးလေးများ

ကျွန်မတို့အမျိုးသမီးတွေ ဘယ်ချစ်သူကောင်လေးကိုမဆို စိတ်တိုအောင် လုပ်နိုင်တဲ့အရာတစ်ချို့ကို လေ့လာတွေ့ရှိချက်တစ်ခုက ပြသထားပါတယ်။ တခါတလေ ကျွန်မတို့ ချစ်သူကောင်လေးတွေက အကြောင်းအရင်းမရှိဘဲ ပြုမူတတ်တဲ့ကျွန်မတို့ကို ပိုပြီးနားလည်ပေးတတ်အောင် ဆုတောင်းမိကြပါတယ်တဲ့။ သူတို့မကြိုက်တဲ့အရာတွေကို မပြုလုပ်မိအောင် ကျွန်မတို့ကြိုးစားပြီး relationship ကိုပိုပြီးခိုင်မာအောင် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးမကြိုက်တဲ့ အရာတွေကို အခုပဲဖတ်ကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ချစ်သူနှစ်ဦးကြားက...

ချစ်ခြင်းတွေ တည်တံ့စေဖို့ မေးခွန်းလေးတွေ ထုတ်ကြစို့။

Relationship တစ်ခုတည်ဆောက်တဲ့အခါ ကျွန်မတို့တွေ အကြီးမားဆုံး လုပ်မိနေတဲ့ အမှားကတော့ မှန်ကန်တဲ့ မေးခွန်းတွေ မမေးတတ်ကြတာပါပဲ။ မှန်မှန်ကန်ကန် မေးတတ်မှ ကိုယ့်ချစ်သူ လိုအပ်နေတာကို သိနိုင်ပြီး တူတူပျော်ရွှင်ကြမှာပါ။  အောက်ဖော်ပြပါ မေးခွန်းလေးတွေ မေးကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ဘာကူညီပေးရမလဲ။ ကိုယ်အားနေတဲ့အချိန်ကျရင် ကိုယ့်ချစ်သူအတွက် ကိုယ့်အချိန်တွေကို ပေးဖို့ ဘာလို့...