Yearly Archives: 2014

ပုံမှန်ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်သူ ဘာဘီရုပ်အသစ်လေး

ကျွန်မတို့မိန်းကလေးတိုင်းလိုလိုဟာ ဘိုမရုပ်လေးတွေဆော့ကစားတဲ့ ကလေးဘဝကနေ ဖြတ်သန်းကြီးပြင်းလာခဲ့ကြတာပဲ။ သူတို့ရဲ့ထူးကဲလှပတဲ့ပုံပန်းသဏ္ဍာန်၊ သေးသွယ်တဲ့ ခန္ဓာကိုယ်လေးတွေ၊ ကောက်ကြောင်းလှလှလေးတွေ၊ လည်တိုင်ရှည်လေးတွေက သွယ်လျလှပလွန်းတော့ သူတို့ကိုကြည့်ပြီး ကျွန်မတို့ကိုယ်ပိုင် ခန္ဓာကိုယ်အချိုးအစားပေါ် သံသယလေးတွေ ရှိခဲ့ကြတယ်လေ။ တကယ်စဉ်းစားမယ်ဆိုရင် မယုံကြည်နိုင်လောက်အောင် ပိန်ပါးသေးသွယ်တဲ့ အချိုးအစား ရရှိလိုစိတ်တွေလွှမ်းမိုးပြီး ကျန်းမာရေးထိခိုက်စေမယ့် ဝိတ်ချတာတွေကို ပြုလုပ်နေမိတာတွေက ဒါတွေကြောင့်လားမသိဘူးနော်။...

နှစ်လိုဖွယ်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ နည်းလမ်း (၁၀)မျိုး

တစ်ချို့လူတွေကတော့ ပြောပါတယ်၊ လူတွေသူတို့ကို နှစ်သက်တာ မနှစ်သက်တာကို ဂရုမစိုက်ဘူးတဲ့။ ဒါပေမယ့် ကျွန်မတို့တွေအများစုကတော့ လူတွေရဲ့နှစ်သက်ခြင်းကို လိုချင်ကြပါတယ်။ လူတွေက ကျွန်မတို့ကို မနှစ်သက်ဘူး၊ လက်မခံချင်ဘူးလို့ ခံစားရတဲ့အခါ တော်တော်လေးကို စိတ်ပျက်အားငယ်ရပါတယ်။ လူတိုင်းကျွန်မတို့ကို မနှစ်သက်နိုင်ပါဘူး၊ ဒါပေမယ့် ကျွန်မတို့က ခင်ဖို့ကောင်းတဲ့၊ နှစ်လိုဖွယ်ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်တော့...

မနက်ခင်းမှာ ပျော်ရွှင်စွာ နိုးထနိုင်ဖို့ နည်းလမ်းကောင်းများ

၁။       အိပ်ချိန်အပြောင်းအလဲ မလုပ်ပါနဲ့။ ခန္ဓာကိုယ်က နာရီလိုပဲ ပုံမှန်လည်ပတ်နေတာပါ။ အိပ်ချိန်ပြောင်းလဲခြင်းက ပင်ပန်းနွမ်းနယ်စေပါတယ်။ ဒါကြောင့် အိပ်ယာဝင်ချိန်နဲ့ အိပ်ယာထချိန်ကို နေ့စဉ် အချိန်မှန်သတ်မှတ်ပေးပါ။ ၂။       နေ့သစ်မှာ ပြုံးပေးပါ။ မနက်အိပ်ယာထတာနဲ့ ပထမဆုံးပြုလုပ်တဲ့အရာက အပြုံးလေးတစ်ပွင့် ပန်ဆင်လိုက်တာပဲ ဖြစ်ပါစေ။ ဒီအပြုံးလေးက တစ်နေ့လုံး ပျော်ရွှင်ပြီး ကောင်းတဲ့ခံစားချက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ ဤဆောင်းပါးကို...

Relationship တစ်ခုကို ပိုပြီးခိုင်မာလာစေဖို့ နည်းလမ်း (၄)သွယ်

ဘဝမှာ အချစ်ဆိုတဲ့အရာကို တည်မြဲစေတာဘယ်အရာလဲ။ ချစ်ခြင်းမေတ္တာဆိုလည်း ဟုတ်ပါတယ်။ ရိုသေလေးစား တန်ဖိုးထားခြင်းဆိုလည်း ဟုတ်ပါတယ်။ ဒါပေမယ့် အဆင်ပြေတဲ့ အိမ်ထောင်ရေးတစ်ခုဆိုတာ အဲဒါတွေနဲ့ပဲလည်း မလုံလောက်ပါဘူး။ Relationship တစ်ခုခိုင်မြဲစေဖို့၊ လုံခြုံဖို့၊ ဂရုတစိုက်ရှိဖို့နဲ့ နှစ်ဦးသဘောတူ ညီညတ်နေကြဖို့လည်း လိုသေးတယ်လေ။ တစ်ဦးအပေါ်တစ်ဦး စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာတွေက သာမန်ပါပဲ။ ဒါပေမယ့်...

ချစ်သူတို့ မနှစ်သက်သော ကျွန်မတို့၏အကျင့်ဆိုးလေးများ

ကျွန်မတို့အမျိုးသမီးတွေ ဘယ်ချစ်သူကောင်လေးကိုမဆို စိတ်တိုအောင် လုပ်နိုင်တဲ့အရာတစ်ချို့ကို လေ့လာတွေ့ရှိချက်တစ်ခုက ပြသထားပါတယ်။ တခါတလေ ကျွန်မတို့ ချစ်သူကောင်လေးတွေက အကြောင်းအရင်းမရှိဘဲ ပြုမူတတ်တဲ့ကျွန်မတို့ကို ပိုပြီးနားလည်ပေးတတ်အောင် ဆုတောင်းမိကြပါတယ်တဲ့။ သူတို့မကြိုက်တဲ့အရာတွေကို မပြုလုပ်မိအောင် ကျွန်မတို့ကြိုးစားပြီး relationship ကိုပိုပြီးခိုင်မာအောင် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးမကြိုက်တဲ့ အရာတွေကို အခုပဲဖတ်ကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ချစ်သူနှစ်ဦးကြားက...

ချစ်ခြင်းတွေ တည်တံ့စေဖို့ မေးခွန်းလေးတွေ ထုတ်ကြစို့။

Relationship တစ်ခုတည်ဆောက်တဲ့အခါ ကျွန်မတို့တွေ အကြီးမားဆုံး လုပ်မိနေတဲ့ အမှားကတော့ မှန်ကန်တဲ့ မေးခွန်းတွေ မမေးတတ်ကြတာပါပဲ။ မှန်မှန်ကန်ကန် မေးတတ်မှ ကိုယ့်ချစ်သူ လိုအပ်နေတာကို သိနိုင်ပြီး တူတူပျော်ရွှင်ကြမှာပါ။  အောက်ဖော်ပြပါ မေးခွန်းလေးတွေ မေးကြည့်လိုက်ရအောင်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ဘာကူညီပေးရမလဲ။ ကိုယ်အားနေတဲ့အချိန်ကျရင် ကိုယ့်ချစ်သူအတွက် ကိုယ့်အချိန်တွေကို ပေးဖို့ ဘာလို့...

လမ်းခွဲခြင်းကို ဘယ်လိုရင်ဆိုင် ကျော်လွှားရမလဲ

ကျွန်မတို့ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့အကောင်းဆုံးအချိန်ပဲလို့ ပြောလို့ရပါတယ်။ ကိုယ်တစ်ယောက်တည်းဖြစ်သွားတဲ့အခါ ကိုယ်ဘာလိုချင်လဲ၊ ဘ၀မှာဘာတွေ ဖြစ်ချင်လဲဆိုတာတွေ စဉ်းစားနိုင်ဖို့ အကောင်းဆုံးအချိန်ပါပဲ။  အသည်းကွဲပြီဆိုရင် ကမ္ဘာကြီးပြိုလဲသွားသလိုပါပဲ။ ဒါပေမယ့် ခံစားချက်အသစ်တွေ စိတ်ကူးသစ်တွေအတွက် တံခါးလေးတစ်ချက်ကိုလည်း တပြိုင်တည်းဖွင့်ပေးလိုက်ပါတယ်။ ပိုပြီးခံနိုင်ရည်ရှိပြီး ရင့်ကျက်တဲ့ လူတစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ချစ်သူနှစ်ယောက်ကြား ပြေလည်နေတဲ့ပေါင်းသင်းဆက်ဆံရေးတစ်ခုထဲမှာပဲ...

အမြဲပုံမှန် message ပို့ခြင်း(constant texting) ၏ကောင်းချက် ဆိုးချက်များ

အခုခေတ် အချစ်ဇာတ်လမ်းတွေ များသောအားဖြင့် နည်းပညာတွေ(technology)ကနေ အစပျိုးကြပါတယ်။ အဲ့ဒီတော့ ချစ်သူစုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် တွေ့ချင်စိတ်၊တောင့်တစိတ် ပယ်ဖျက်ပေးနိုင်တာပေါ့။ အရင်တုန်းက တက္ကသိုလ်ကျောင်းအချစ်ဇာတ်လမ်းတွေကလည်း နှစ်လိုဖွယ်ကောင်းပါတယ်။ ဒါပေမယ့် ခေတ်သစ်ချစ်သူစုံတွဲတွေက ခေတ်ရှေ့ပြေးပြီး ဆက်ဆံရေးပိုလွယ်ကူစေနိုင်တဲ့အတွက် အချိန်ကုန်သက်သာစေတဲ့ ကောင်းကျိုးလေးတွေ အပိုခံစားရပါတယ်။ ဖုန်းကနေတဆင့် ပုံမှန်ဆက်သွယ်ဖြစ်နေတော့ တစ်ယောက်နဲ့တစ်ယောက်လည်း ရင်းနှီးမြန်တယ်၊...

ဂန္တ၀င်ဗေဒင် – အောက်တိုဘာလ၊၂၀၁၄ ခုနှစ်

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ကြားမွေးဖွားသူများ) သင့်အတွက် တန်ဖိုးရှိသောပစ္စည်း ရောက်ရှိစေတတ်ပါသည်။ ဝင်ငွေပိုင်း တိုးပွားစေမည်။ အလုပ်အကိုင် အဆင်ပြေပါမည်။ လူမှုရေးကိစ္စတို့ ဦးဆောင်ရတတ်ပေသည်။ ဆရာသမားကောင်းကြောင့် အရည်အချင်း တိုးတက်လိမ့်မည်။ နေရာထိုင်ခင်း အခန်းရွှေ့ပြောင်း ကြုံတတ်ပေသည်။ တစ်ဦးတည်း လုပ်မရသော ကိစ္စတချို့...

မင်္ဂလာပွဲမှာ ဆွဲဆောင်မှု ကောင်းပြီး စိုပြေလှပနေတဲ့ နှုတ်ခမ်းလေး ဖြစ်စေဖို့ အကြံပြုချက်များ

တသက်မှာ တစ်ခါသာ ပြုလုပ်ရတဲ့ ကိုယ့်မင်္ဂလာပွဲမှာ မှန်ကန်တဲ့ နှုတ်ခမ်းနီ အရောင်ရွေးချယ်ဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်တော့ မဟုတ်လှပါဘူး။လှပတဲ့ အခမ်းအနားတွေ ပြီးပြည့်စုံတဲ့ မိတ်ကပ်နဲ့ မှန်ကန်တဲ့ မင်္ဂလာနှုတ်ခမ်းနီ အရောင်လေးအပါအဝင် အရာအားလုံးဟာ အသေးစိတ်တိကျလှပနေချင်ကြပါတယ်။ ဒီဆောင်းပါးထဲမှာတော့ သင့်အတွက် အရေးပါလှတဲ့ ဆုံးဖြတ်ချက်တွေ မှန်ကန်စွာ ချမှတ်နိုင်စေဖို့...

ခေါင်းဆောင်ကောင်းတွေ ကိုဘယ်လိုမွေးထုတ်မလဲ

လက်ဦးဆရာမည်ထိုက်စွာပုဗာစရိယမိနှင့်ဖဆိုတဲ့ စကားအတိုင်းမိဘတွေဟာကလေးငယ်တွေရဲ့ ပထမဦးဆုံးဆရာပါ။မိဘတွေဆိုတာကလေးတွေအတွက်ပထမဦးဆုံးတွေ့ရတဲ့ ဆရာဖြစ်ပြီးဘဝမှာအလွှမ်းမိုး နိုင်ဆုံးလူသားတွေပါပဲ။ မိဘတွေရဲ့အပြုအမူတွေ အောင်မြင်မှုတွေ ပုံရိပ်တွေကကလေးတွေ အပေါ်မှာအများဆုံးလွှမ်းမိုးနိုင်စွမ်းရှိပြီးတော့ ကလေးတွေရဲ့  ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေကိုအနည်းနဲ့ အများသက်ရောက်မှုဖြစ်ပေါ်လာစေပါတယ်။ ကလေးဘဝကတည်းကသေသေချာချာပြုပြင် ထိန်းသိမ်းပေးဖို့ လိုပါတယ်။ ဒီဆောင်းပါးထဲမှာတော့ ကောင်းမွန်သင့်လျော်တဲ့ အချက်အလက်လေးတွေကိုကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ ကလေးငယ်တွေကိုသေချာလေ့ကျင့်...

မန္တလေး သီတင်းကျွတ်ညကို ပုံဖော်ကြမယ့် လူငယ်တွေ

ဝါလကင်းလွတ် သတင်းကျွတ် ရောက်ပြီဆိုတာနဲ့ ခုခေတ် လူငယ်တွေ နေရာအနှံ့ ပြားပန်းခတ်အောင် ဆိုင်ကယ်တစ်မျိုး ကားတစ်သွယ်နဲ့ ဥဒဟို သွားလာနေကြတယ်။ သီတင်းကျွတ်ပွဲတော်ကို သူတို့ဆန္ဒရှိတဲ့ အတိုင်း ပုံဖော် ပျော်မြူးတတ်ကြတယ်။ တစ်ချို့လည်း သီတင်းကျွတ်ရဲ့ အနှစ်သာရကို မသိကြဘဲ အပျော်ပွဲတော်နေ့အဖြစ်သာ ထင်မှတ်ထား ကြတယ်။ သီတင်းကျွတ်ပွဲတော်ကလည်း...

သင့်စိတ်ကူး အိပ်မက်တွေကို အမြဲယုံကြည်နေသင့်တဲ့ အကြောင်းအရင်း (၉) ချက်

သင့်စိတ်ကူးအိပ်မက်တွေက ဘာပါလဲ။  ပင်လယ်ကူးသင်္ဘောနဲ့ ကမ္ဘာပတ်ချင်တာ၊ ဂုဏ်သရေရှိ လူကြီးလူကောင်းများနဲ့ ဆုံတွေချင်တာ၊ နိုဘယ်လ် ဆုရချင်တာမျိုးတွေလား။ ဘယ်လိုစိတ်ကူးယဉ် အိပ်မက်မျိုးဖြစ်ပါစေ စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ တစ်ဝက်အောင်မြင်ပါပြီ။ ဒီဆောင်းပါးထဲမှာတော့ သင့်ရဲ့စိတ်ကူး အိပ်မက်တွေကို ဘယ်လိုယုံကြည်သင့်ကြောင်းနဲ့ ဘာကြောင့်အရှုံးမပေးသင့်လဲဆိုတာ အကြုံပြုဖော်ပြပေးထားပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ စိတ်ကူးအိပ်မက်တွေက...

ဝက်ခြံကင်းစင်စေဖို့ အထောက်အကူပြု အစားအစာများ

ဝက်ခြံဆိုတာက အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ ရောဂါတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဝက်ခြံထွက်လာပြီဆိုရင်တော့ မိမိကိုယ်မိမိယုံကြည်စိတ်ချမှုနဲ့ အထင်ကြီးတာတွေ အပေါ်တော့ ခြိမ်းခြောက်မှုဖြစ်စေပါတယ်။  ဝက်ခြံတွေ အများကြီးမထွက်လာခင်ကတည်းက သင်က ဝက်ခြံရဲ့ဆိုးကျိုးတွေအပေါ်မှာ အာရုံစူးစိုက်မှုရှိပါ။ အများစုကတော့ ဝက်ခြံတွေကို ဝက်ခြံပျောက်ဆေး ခရင်မ်တွေနဲ့ စားဆေးတွေအပေါ် မှီခိုနေကြပါတယ်။ အစားအသောက်ကို မှန်မှန်ကန်ကန် ရွေးချယ်စားသုံးပေးတာကလည်း...

ကျား မကြိုက်တဲ့ မိန်းမ စရိုက် (၉) ခု

ဆန့်ကျင်ဘက် ယောက်ျားလေးတွေဆီမှာ မိန်းကလေးတွေ မကြိုက်နှစ်သက်တဲ့ အပြုမူတွေ အများကြီးရှိပါတယ်။ ဥပမာဆိုရင် နှစ်ပတ်လည် အမှတ်တရနေ့ရက်တွေကို မမှတ်မိတာ၊  ကြည်နူးဖွယ် ဆုံတွေ့မှုတွေကို အလေးမထားတာ စတာမျိုးတွေပေါ့။ မိန်းကလေးတွေမှာလည်း ယောက်ျားလေးတွေ မကြိုက်နှစ်သက်တဲ့ အပြုမူလေးတွေရှိပါတယ်။ မိန်းကလေးတွေကလည်း ပြီးပြည့်စုံတာမှမဟုတ်တာ။  အဲဒီအထဲကမှ မိန်းကလေးတော်တော်များများ ပြုလုပ်မိတတ်တဲ့ စိတ်ပျက်စရာ...

ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာဖို့ စည်းမျဉ်း (၁၀)ချက်

ကိုယ့်အတွက် သင့်တော်မယ့် လူရှာတွေ့ပြီဆိုတာနဲ့ အားလုံးပြီးသွားတာ မဟုတ်ဘူးနော်။ သူနဲ့အတူ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို လှလှပပရေးဖို့ လိုလာပြီလေ။ တည်တံ့ခိုင်မြဲပြီး ထူးခြားတဲ့ relationship မျိုးဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်ရမှာတွေ ရှိပါတယ်။ Relationship ဆိုတာ သူ့ဟာသူ ရွက်လွင့်သွားတာမျိုး မဟုတ်ပါဘူး။ ကျွန်မတို့တွေက ကိုယ့်အချစ်ကို ဒုက္ခပေးနိုင်တဲ့ အလွဲလေးတွေ၊...

ကိုယ်ရင်ဖွင့်မယ့်လူက ဖြောင့်မတ်မှန်ကန်လားဆိုတာ သိနိုင်ဖို့ နည်းလမ်း (၅)သွယ်

ရင်ဖွင့်လိုက်တိုင်း အမြဲတမ်း စိတ်သက်သာရာ မရပါဘူး။ ရင်ဖွင့်မယ့်လူက စကားပြောပါသေးတယ်။ တစ်ယောက်ယောက်ဆီမှာ အတွင်းစကားလေးတွေ ပြောတော့မယ်ဆိုရင် အောက်ဖော်ပြပါ အချက်လေးတွေကို အရင်စဉ်းစားချင့်ချိန်ကြည့်လိုက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။သူက နားထောင်ပေးတတ်တဲ့လူလား။ အရင်တုန်းက ကိုယ်စကားပြောတဲ့အခါ သူကကောင်းကောင်း နားထောင်ခဲ့ပေးလားဆိုတာ စဉ်းစားကြည့်ပါ။ စကားပြောရင် ကိုယ့်မျက်လုံးထဲကို စိုက်ကြည့်ပြီး စိတ်ဝင်တစား နားထောင်ပေးလား။...

မနက်စောစော သစ်သီးစားသုံးခြင်း၏ ကောင်းကျိုးရလဒ်လေးများ

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကတော့ ကျွန်မတို့အတွက် အကောင်းဆုံး ရွေးချယ်စားသုံးသင့်တဲ့ အစားစာတွေပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက ကယ်လိုရီနည်းပြီး အာဟာရဓာတ်ကြွယ်ဝတာကြောင့်ပါ။ ဒါတင်မကပါဘူး။ နေ့စဉ် မနက်ခင်းမှာ သစ်သီးတွေစားသုံးပေးမယ်ဆိုရင် ရရှိမယ့် ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဒါတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။ မနက်ခင်း (၇)နာရီနဲ့ (၁၁)နာရီကြားအချိန်မှာ ခန္ဓာကိုယ်က...

မှန်ကန်သောလက်တွဲဖော် မဟုတ်ကြောင်းပြသသော လက္ခဏာများ

မိန်းကလေးတွေကို ဘယ်လိုဆွဲဆောင်ရမယ်ဆိုတာ ကောင်းကောင်းသဘောပေါက်တဲ့ အမျိုးသားတွေ အပြင်မှာတကယ်ရှိပါတယ်။ ဆိုလိုတာကတော့ ကိုယ်က သူတို့ဆွဲဆောင်ရာနောက် လွယ်လွယ်လေးပဲ ပါသွားမှာပေါ့။ ကျွန်မတို့အနေနဲ့ အမျိုးသားတွေကို ခန့်မှန်းနိုင်တဲ့ သဲလွန်စတွေကို အကျဉ်းချုံးဖော်ပြလိုက်ပါတယ်။ ဒီအမူအရာမျိုးတွေ အနည်းနဲ့အများ ပြုမူလာပြီဆိုရင်တော့ သတိထားရတော့မှာပေါ့။   ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။ ၁။       သူအရင်တွဲခဲ့တဲ့ ကောင်မလေးတွေအကြောင်း...

ဂန္တ၀င်ဗေဒင် – စက်တင်ဘာလ၊၂၀၁၄ ခုနှစ်

မိဿရာသီဖွား (မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့ကြားမွေးဖွားသူများ) သင့်အတွက် ကြံရွယ်ထားသော အကြံအစည်တို့ ရင်ခုန်ဖွယ် ရင်ဆိုင်ပြီးမှ အောင်မြင်မည်။ ကိုယ့်အပေါ် မကောင်းကြံနှောက်ယှက်မှုကို ဖြေရှင်းနိုင်လိမ့်မည်။ ရာထူးတိုးဖြေဆိုမှုတို့ အဆင်ပြေစေလိမ့်မည်။ ပညာရေးတိးတက်မည်၊ ဖြေဆိုနိုင်မည်။ ငွေကြေးအတွက် အဆင်ပြေစိတ်ချမ်းသားမှု ရရှိလာပေမည်။ အိမ်ထောင်ရေး အသွင်အမြင်တူမရှိ၍...