မောင်တွေ၊ ညီမတွေ ဘယ်တော့မှမသိနိုင်တဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေရဲ့ အဖြစ်များ

0
386

၁။ အငယ်တွေအတွက် စံပြဖြစ်အောင်နေထိုင်ရင်း ပျော်ချင်ပါးချင်စိတ်တွေကို ချုပ်တည်းထားခဲ့ရတဲ့အဖြစ်တွေ။

၂။ မိဘတွေ ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို အငယ်တွေအတုယူစရာဖြစ်အောင် ရှေ့ဆောင်လိုက်နာခဲ့ရတဲ့အဖြစ်တွေ။

၃။ ဘာပြဿနာပဲဖြစ်ဖြစ် လူကြီးမိဘတွေရဲ့ “နင်ကအကြီးလေ” ဆိုတဲ့စကားနဲ့ အပြစ်တွေအားလုံးကို ခံယူခဲ့ရတဲ့အဖြစ်တွေ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အကြီးပီပီ အငယ်တွေကို ဦးစားပေးရတာကြောင့် အကောင်းဆုံးကိုမရခဲ့တဲ့ အဖြစ်တွေ။

၅။ လူကြီးမိဘတွေက အငယ်တွေကိုပဲ ဂရုစိုက်နေတာကြောင့် ကိုယ့်ပြဿနာအချို့ကို ကိုယ့်အားကိုယ်ကိုးပြီး တစ်ယောက်တည်းဖြေရှင်းခဲ့ရတဲ့အဖြစ်တွေ။

၇။ အငယ်တွေရဲ့ အတွေးအခေါ်အသစ်တွေနဲ့ ကိုယ့်ကို လှောင်ပြောင်လာတဲ့ဝေဖန်မှုတွေကို အကြီးဖြစ်ပေမဲ့လည်း ကျိတ်မှတ်သည်းခံခဲ့ရတဲ့ အဖြစ်တွေ။

၈။ အငယ်တွေရဲ့ ဗိုလ်ကျအနိုင်ယူခံခြင်း ခံရပေမဲ့လည်း ပြန်လုပ်လို့လည်းမရ၊ တိုင်တန်းပြန်တော့လည်း ဂရုစိုက်မခံရတဲ့ အဖြစ်တွေ။

၉။ အေးအေးဆေးဆေးနေချင်လို့ ရည်းစားမထားတာကို အငယ်တွေ ရည်းစားရတိုင်း “နောက်ကားကျော်တက်ပြီနော်” လို့ လှောင်ပြောင်ခံရတဲ့ အဖြစ်တွေ။

၁၁။ ကိုယ်ခွင့်တောင်းတုန်းက မိဘတွေခွင့်မပြုခဲ့သမျှ အငယ်တွေကျမှ ခွင့်ပြုတာကြောင့် တစ်ခုခုလုပ်ချင်တိုင်း အငယ်တွေကို အဖော်ညှိရတဲ့ အဖြစ်တွေ။

၁၂။ အချင်းချင်းသာ မတည့်ရင်မတည့်မယ်၊ သူများလာအနိုင်ကျင့်ပြီဆိုတာနဲ့ ကိုယ့်မောင်တွေ၊ ညီမတွေကို ဆတ်ဆတ်ထိမခံအောင် ကာကွယ်ခဲ့တဲ့အဖြစ်တွေ။

၁၃။ အဆိုးဆုံးကတော့ ကိုယ့်လောက်မလှတဲ့ အငယ်တွေကို လူကြီးတွေကစိတ်ကျေနပ်အောင် “အစ်မထက် ပိုလှတယ်” လို့ပြောတိုင်း သိသိကြီးနဲ့ ခံခဲ့ရတဲ့အဖြစ်တွေပေါ့။

ကဲ… အမိရာဆိုတဲ့ အစ်မကြီးတွေရေ။ ဒါတွေဟာ အငယ်တွေ ဘယ်တော့မှ မသိနိုင်တဲ့ အကြီးတွေရဲ့အဖြစ်တွေပေါ့။ ခံစားချက်ချင်း၊ ဖြစ်ရပ်ချင်းတိုက်ဆိုင်သွားတယ်ဆိုရင် SHARE လိုက်ပါဦးနော်။

အငယ်တွေသိအောင်လည်း mention ခေါ်ပြီး ပြောလိုက်ပါဦး။