ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေကို ပိုင်ဆိုင်ထားပြီဆိုတဲ့ လက္ခဏာများ

0
1102

 စာချစ်သူတို့ရေ…

ကျွန်မတို့ရဲ့ဘဝမှာ မိတ်ဆွေသူငယ်ချင်းတွေ အများကြီးရှိပေမဲ့ တချို့သူငယ်ချင်းတွေဟာ ကျွန်မတို့ဘဝရဲ့ အစိတ်အပိုင်းလောက်နီးနီးအရေးပါလာပြီး နှလုံးသားနဲ့ အနီးဆုံးနေရာကိုရောက်လာတတ်ကြပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ရင်ဘတ်ချင်းနီးတဲ့သူငယ်ချင်းတွေဟာ…

သူတို့နဲ့ရှိနေတဲ့အခါ စိတ်ဟာလွတ်လပ်ပေါ့ပါးနေပြီး တကူးတကလုပ်ဆောင်နေစရာမလိုဘဲ လေပေးဖြောင့်နေတတ်ပါတယ်။ ကျောင်းမှာလည်း စကားများလို့ ဆရာမဆူတာ ခဏခဏခံရဖူးပါတယ်။

သင့်ရဲ့အကျင့်စရိုက်တွေ၊ အကြိုက်အလိုက်တွေကို အလိုလိုနားလည်ပေးတတ်တယ်။ သင့်ရဲ့ထူးဆန်းတဲ့အကျင့်တွေကိုလည်း အမှန်အတိုင်းလက်ခံပေးတတ်တယ်။ ဇီဇာကြောင်သူလို့ နာမည်ပေးတတ်တာကတော့ ခြွင်းချက်ပေါ့။

သင့်ရဲ့ အနက်နဲဆုံးလျှို့ဝှက်ချက်ကနေ အရယ်ရဆုံးအဖြစ်အပျက်တွေအထိ အားလုံးကို သိနေတတ်တယ်။ လူစုံရင်ဖော်ကောင်လုပ်တတ်တာက လွဲလို့ သူတို့ဟာ သိပ်ချစ်ဖို့ကောင်းသူတွေပေါ့။

ခရီးထွက်တိုင်း သူတို့သာမပါရင် မပျော်တတ်တော့တဲ့အထိ သူတို့ကို ခင်တွယ်နေတတ်တယ်။ ခရီးထွက်မယ်လို့ ကြွေးကြော်နေပြီး မထွက်ဖြစ်တာကလည်း ခဏခဏပါပဲ။

သင်နဲ့ပတ်သက်ပြီး အရာအားလုံးနဲ့ ပတ်သက်မှုရှိတတ်တယ်။ သူရဲ့မိသားစုသူငယ်ချင်းတွေအားလုံးကို သင်လည်းသိနေတတ်တယ်။ သင့်အိမ်က အချစ်တွေကို သင့်အတင်းပြောပြီး ရယူထားကြပါသေးတယ်။

ဘဝမှာအလဲလဲအကွဲကွဲဖြစ်ခဲ့ဖူးတဲ့ ရယ်စရာတွေ၊ လွဲခဲ့ဖူးတဲ့ဟာသတွေအားလုံးကို သင်နဲ့အတူဝေမျှချင်သူတစ်ယောက်ရှိနေတတ်တယ်။ လူကြားထဲမှာ အရင်က ဟာသတွေကို တွေးတွေးပြီးရယ်မိတာလည်း ခဏခဏပါပဲ။

အခြေအနေဆိုးတွေကိုတောင် ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးဖြစ်အောင် ဖန်တီးပေးတတ်ပါတယ်။ အလေးအနက်ထားရမယ့် ကိစ္စတွေမှာလည်း ဟာသလုပ်ပစ်တတ်တာကြောင့် တစ်ခါတလေမှာ စိတ်တိုရတတ်ပါတယ်။

သင့်ဘီဒိုထဲမှာရှိတဲ့အရာတွေကို သင့်လောက်နီးပါးသိနေတတ်ပါတယ်။ ပြီးတော့ သူတို့လိုတဲ့အခါ အတိအကျပြောပြီး ငှားတတ်တယ်လေ။

သူတို့အရှေ့မှာ မျက်နှာမသစ်အလှမပြင်ထားချိန်မှာတောင် ယုံကြည်မှုရှိစွာ သွားလာရဲတတ်ပါတယ်။ သင်အလှပြင်ထားတာကိုလည်း အသိအမှတ်ပြုချီးကျူးပေးဖို့လည်း ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

ကဲ… စာချစ်သူတို့ရေ… ဒီလိုသူငယ်ချင်းတွေပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ဘုရားပေးတဲ့ဆုလဒ်တစ်ခုကို ပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ သင့်ရဲ့ ရင်ဘတ်ချင်းနီးတဲ့သူငယ်ချင်းလေးတွေကို mention ခေါ်လိုက်ပါဦး။