အငယ်ဆုံးလေးတွေကို ချစ်မိသွားပြီလား၊ ဒီစာစောင်လေးအရင်ဖတ်ထား…

1
12029

၁။ အငယ်ဆုံးတွေဟာ အစ်ကိုကြီး၊ အစ်မကြီးတွေကို နမူနာယူပြီး ကြီးပြင်းလာရတာကြောင့် တော်ရုံအမှားမျိုးမှားလေ့မရှိဘူး။  လွယ်လွယ်နဲ့လည်း ဇွဲမလျှော့တတ်တာကြောင့် အငယ်ဆုံးလေးကို ကြွေနေတယ်ဆိုရင် သူတို့ရဲ့ခေါင်းမာမှုတွေ တစ်စွတ်ထိုးဆန်မှုတွေကို သည်းခံဖို့သာ ပြင်ထားပေတော့။

၂။ အငယ်ဆုံးတွေဟာ သတ္တိရှိတယ်၊ ရဲရင့်တယ်၊ စွန့်စားရတာကို ကြိုက်တယ်။ အစ်ကိုအစ်မတွေ၊ မိသားစုဝင်တွေရဲ့ ပျော့ညံ့တယ်လို့သတ်မှတ်မှုတွေနဲ့ စိတ်မချလို့ချုပ်ချယ်မှုတွေကို မလိုလားကြဘူး။ ဒါကြောင့်အငယ်ဆုံးလေးကို ချစ်မိရင်ချုပ်ချယ်တတ်တဲ့ အကျင့်လေးရှိရင် လွင့်ပစ်ထားပေတော့။

၃။ အငယ်ဆုံးတွေက အငြင်းသန်တယ်။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ နိုင်အောင်ငြင်းတတ်တယ်။ ဒီတော့ အငယ်ဆုံးတွေကို ချစ်မိရင် အလျှော့ပေးဖို့သာ ပြင်ထားပေတော့။

၎။ အငယ်ဆုံးတွေက အချော့ကြိုက်တယ်။ ဒီတော့ ကိုယ်ဖြစ်ချင်တာကို အတင်းအကြပ်မပြောဘဲ ချော့ပြီး နားဝင်အောင်ပြောပါ။ သူတို့က အိမ်မှာဆို အားလုံးကအလိုလိုက်ရတဲ့ ဗိုလ်တွေမဟုတ်လား။ ဒါကြောင့် အငယ်ဆုံးတစ်ယောက်နဲ့ လက်တွဲဖို့ရည်ရွယ်ထားတယ်ဆိုရင် ကမ်းကုန်အောင်အလိုလိုက်တတ်အောင် လေ့ကျင့်ထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အငယ်ဆုံးလေးတွေက အလှအပပစ္စည်းတွေထက် အစားအသောက်ကို ပိုမက်တယ်။ ဒီတော့ ချစ်သက်လက်ဆောင်ပေးရင် ပန်းစည်းတွေပေးမယ့်အစား သူကြိုက်တဲ့မုန့်တွေကို ဝယ်ပေးလိုက်ပါ။

၆။ အငယ်ဆုံးလေးတွေဟာ နည်းနည်းချေးများပြီး ဇီဇာကြောင်တတ်တယ်။ သင့်ကို ချစ်သူအဖြစ်ရွေးလိုက်ပြီဆိုကတည်းက သင်ကံကောင်းပြီလို့ မှတ်လိုက်ပါတော့။

၇။ ချစ်ခြင်းတွေကို တည်မြဲစေဖို့ သိပ်ပြီး romantic ဆန်ပြစရာမလိုပါဘူး။ အငယ်ဆုံးလေးတွေကို ပျော်ရွှင်အောင် ဟာသလုပ်ပေးတာတွေ၊ သူတို့နဲ့အတူတူ ကစားပေးတာတွေ၊ ကစားကွင်းလိုက်ပို့တာတွေသာ လုပ်ပေးလိုက်ပါ။

၈။ လူကြီးမိဘတွေ ခွင့်မပြုတာကိုမှ ခိုးလုပ်ချင်တာ အငယ်ဆုံးလေးတွေရဲ့ ဝါသနာပေါ့။ မိဘတွေ အပြင်လျှောက်လည်ခွင့်ပေးတဲ့နေ့တွေဆို အိမ်တွင်းပုန်းနေပြီး အပြင်မထွက်ခိုင်းတဲ့နေ့တွေမှာမှ ခိုးထွက်ပြီး လည်ချင်ကြတယ်။ ဒီတော့ သူတို့ရဲ့စွန့်စားခန်းတွေမှာ ပါရမီဖြည့်ဖို့ ပြင်ထားလိုက်ပါ။

၉။ အငယ်ဆုံးတွေမို့လို့ ဘာမှမသိတဲ့ ခပ်တုံးတုံးကောင်မလေးတွေလို့မထင်လိုက်ပါနဲ့။ သူတို့တွေဟာ အပြင်ပန်းမှာ ကလေးဆန်ပေမဲ့ အတွင်းစိတ်ကတော့ သိပ်ကိုရင့်ကျက်ပါတယ်။ လူမှုဆက်ဆံရေးမှာလည်း သိပ်ကိုကောင်းတဲ့သူတွေပေါ့။

၁ဝ။ အငယ်ဆုံးလေးတွေဟာ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိတယ်။ အဖော်မင်တယ်။ တစ်ဦးတည်းသီးသန့်နေတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် အငယ်ဆုံးလေးတွေကို ချစ်မိရင် သံယောဇဉ်နဲ့ ပျော်ရွှင်စိတ်ချမ်းမြေ့မှုကို အချိုးကျကျ ခံစားရလိမ့်မယ်။

၁၁။ အငယ်ဆုံးလေးတွေရဲ့ ချစ်စရာအကောင်းဆုံးနဲ့ အရိုးသားဆုံးအကျင့်လေးတစ်ခုကတော့ မသိရင်မသိတဲ့အကြောင်း ဝန်ခံပြီး သိတဲ့သူတွေဆီက မေးတာပါပဲ။ အခြားသူတွေလို ကိုယ်သိကိုယ်တတ်ဆိုပြီး ဆရာကြီးစတိုင်မဖမ်းတတ်တာ ချစ်စရာပဲမဟုတ်လား။

၁၂။ အငယ်ဆုံးလေးတွေဟာ သိပ်ကို နိုင်ချင်ကြပါတယ်။ နိုင်ချင်လို့ ပြိုင်စရာမရှိဘူးဆိုရင်တောင် ချစ်သူနဲ့ ဗိုလ်၊ ကျား၊ သေနတ်ဆွဲပြီး အနိုင်ယူတတ်ပါတယ်။ ဒီတော့ အငယ်ဆုံးလေးတွေနဲ့ ဘယ်လို ကစားကစား၊ သင့်ဘက်က အလျှော့ပေးပြီး အရှုံးပေးဖို့ပြင်ထားလိုက်ပါ။

၁၃။ နောက်ဆုံးတစ်ချက်ကတော့ အငယ်ဆုံးလေးတွေကို ချစ်သူတော်ထားရတဲ့အတွက် သင်ဟာသိပ်ကို ကံကောင်းတဲ့သူတစ်ယောက်ဆိုတာ ယုံကြည်ထားလိုက်ပါ။ ဘာလို့လဲဆိုတော့ အငယ်ဆုံးလေးတွေမှာ အတ္တတွေ၊ မာနတွေ၊ အငြှိုးတွေမရှိဘဲ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာတွေပဲ ရှိနေလို့ဖြစ်ပါတယ်။

သင်က အငယ်ဆုံးလေးဆိုရင် သက်ဆိုင်သူသိစေဖို့ SHARE ပေးလိုက်ပါဦးနော်။ mention ခေါ်ပြီးဖတ်ခိုင်းလို့လည်း ရပါတယ်။

1 COMMENT

Comments are closed.