၂ဝ၁၇ ၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ)

0
48
၁။ မိရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

တည်ငြိမ်နေတဲ့ သင့်ဘဝထဲမှာ  အချစ်ရေးပြဿနာတွေ ဝင်လာလိမ့်မယ်။  အချစ်ရေးနဲ့ ပတ်သက်ပြီး ဦးနှောက်ကို ဦးစားပေးပြီး ဆုံးဖြတ်ပါ။ အလုပ်ကိစ္စတွေမှာ ဦးဆောင်လုပ်ကိုင်ရကိန်းရှိတယ်။ သင့်ရဲ့ဦးဆောင်မှုနောက်မှာ အောင်မြင်မှုလိုက်လာ ပါလိမ့်မယ်။ ငွေကြေးအာမခံကိစ္စတွေ သတိရှိစွာ ဆောင်ရွက်ပါ။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်းရှိတယ်။

ယတြာ-ငါးစာကျွေးပါ။

၂။ ပြိရာသီဖွား (Taurus )
ပြီလ(၂၁ )မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ရောထွေးနေပြီး အောင်မြင်သင့်သလောက် မအောင်မြင်ဘူး ဖြစ်နေတတ်တယ်။ သင့်နားက အခွင့်အလမ်းတွေကို ရအောင်ယူပါ။ ကိုယ့်ကို နာကျင်စေမယ့်အကြောင်းတွေးပြီး စိတ်ညစ်နေမယ့်အစား ပျော်ရွှင်စရာတွေကို အချိန်ယူပြီး ဖန်တီးလိုက်ပါ။ ချစ်သူမရှိသေးသော ပြိဿရာသီဖွားများ ဖူးစာရှင်နဲ့ ဆုံဆည်းရလိမ့်မယ်။

ယတြာ- ဘုရားတစ်ခုခုမှာ လျှပ်စစ်မီးလှူဒါန်းပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်း မွေးဖွားသူများ

အလုပ်အကိုင်အတွင်း အယုံမလွယ်ပါနဲ့။ သတိရှိရှိနဲ့ ကြိုးစားလုပ်ကိုင်ခြင်းက သင့်ကို အောင်မြင်မှုဆီ ရောက်ရှိစေမှာပါ။  အလုပ်ကိစ္စနဲ့ပတ်သက်ပြီး ခရီးထွက်ရကိန်းရှိတယ်။ အဲဒီခရီးကနေ ဘဝတိုးတက်မှုအတွက် အခွင့်အလမ်းတွေ အများကြီးပေါ်ပေါက်လာလိမ့်မယ်။ အချစ်ရေးမှာ တတိယလူတစ်ယောက်ပေါ်ပေါက်လာတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ယတြာ- ချို့တဲ့သူတွေကို အစားအစာဒါနပြုပါ။

၎။ ကရက်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

အရင်က မပြီးပြတ်သေးတဲ့အလုပ်တွေကို အပြီးသတ်ဆောင်ရွက်နိုင်လိမ့်မယ်။ ကြိုးစားမှုရဲ့နောက်မှာ  အောင်မြင်မှုကပ်လိုက်နေတဲ့ ကာလဖြစ်တယ်။ သူငယ်ချင်းတွေကြား စိတ်ဝမ်းကွဲအောင် သွေးထိုးတာတွေရှိလာတတ်တယ်။ အပျော်ခရီးထွက်ရကိန်း ရှိတယ်။ လိုချင်နေတဲ့ အချစ်စစ်တွေ ပိုင်ဆိုင်ရရှိဖို့ သိပ်မဝေးတော့တဲ့ ကာလတစ်ခုပါ။

ယတြာ- ခွေးလေခွေးလွင့်များကို အစာကျွေးပါ။

၅။ သိဟ်ရာသီဖွား (Leo)   
ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အထက်လူကြီးရဲ့ အားကိုးချစ်ခင်ခြင်းကို ခံရလိမ့်မယ်။ မမျှော်လင့်ဘဲ ရာထူးတိုးတတ်တယ်။ အိမ်တွင်းရေးအရှုပ်အရှင်းတွေကို ဖြေရှင်းရလိမ့်မယ်။ မိမိကစေတနာနဲ့ ကူညီသလောက် ဝေဒနာဖြစ်တတ်တဲ့ ဖြစ်ရပ်မျိုးတွေ ကြုံတွေ့ရလိမ့်မယ်။ ငွေကြေးလက်လွန်တတ်တာကြောင့် အချေးအငှားသတိထားပါ။ အိမ်မွေးတိရိစ္ဆာန်တစ်ကောင် လက်ဆောင်ရပါက ထီထိုးပါ။

ယတြာ- နေအိမ်ဘုရားမှာ အချိုပွဲကပ်ပါ။

၆။ ကန်ရာသီဖွား (Virgo )
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပဋိပက္ခလေးတွေကြုံရတတ်တယ်။ ခိုင်မာတဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ပဋိပက္ခတွေကိုကျော်လွှားလိုက်ပါ။  ပညာရေးနဲ့ အလုပ်အကိုင်တွေမှာ အောင်မြင်ဖို့ လမ်းစတွေ ပေါ်ပေါက်လာမယ်။ ဇွဲ၊ လုံ့ လ၊ ဝီရိယထားပြီး ကြိုးစားပါ။ မာနတွေ ခဝါချပြီး အချစ်ရေးကို ညှိနှိုင်းပါ။ ရှေ့ဆက်ရမယ့် ချစ်ခရီးလမ်းဖြောင့်ဖြူးပါလိမ့်မယ်။

ယတြာ- အိမ်ရှေ့မှာ ကြံပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်းမွေးဖွားသူများ

စီးပွားရေးလုပ်ငန်းတွေထက် ပရဟိတဘက်ကို အားသန်နေတဲ့ ကာလဖြစ်ပါတယ်။ သူတစ်ပါးကိုကူညီရင်း သင့်ဘဝရဲ့ အနှစ် သာရတွေကို တွေ့ရှိခံစားရလိမ့်မယ်။ ရိုးသားမှုက အောင်မြင်မှုရဲ့ အကြီးမားဆုံး လှေကားထစ်တစ်ခုပါ။ သူငယ်ချင်းအသစ်တွေရလိမ့်မယ်။ တစ်ကိုယ်တည်းသမားတွေ အချစ်နဲ့တွေ့တတ်ပါတယ်။

ယတြာ- ကလေးငယ်များကို မုန့်ဝယ်ကျွေးပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

ကျရှုံးမှုတွေကနေ ရုန်းထွက်နိုင်ပြီး အောင်မြင်မှုအသစ်တွေကို သူမ တူအောင်ဖန်တီးနိုင်ပါလိမ့်မယ်။ ကြိုးစားမှုနဲ့ အချိုးတူတဲ့ အောင်မြင်မှုတွေ ခံစားရမယ့်အချိန်ပါ။ ချစ်သူရှိပြီးသားသူကို ချစ်မိလို့ မိမိကိုယ်ကို စိတ်အလိုမကျမှုဖြစ်နေမယ့် ကာလပါ။ မိသားစုအတွင်းမှာ ပိုမိုနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်တည်လာမယ်။

ယတြာ- ဘုရားတန်ဆောင်းသန့်ရှင်းရေးလုပ်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အချစ်ရေးမှာ သံသယရဲ့ နှိပ်စက်ခြင်းကြောင့် စိတ်ပင်ပန်းနေပါတယ်။ အလုပ်ကိစ္စတွေမှာ အထက်လူကြီးတွေရဲ့ ကူညီစောင်မမှုကြောင့် မမျှော်လင့်ထားတဲ့ အောင်မြင်မှုတွေ ရတတ်တယ်။ ငွေအလုံးအရင်း ဝင်ကိန်းရှိတယ်။  အချစ်ရေး ပြဿနာတွေကို ချစ်သူနဲ့အတူ လက်တွဲဖြေရှင်းပါ။ အလိုလိုစိတ်လေနေတာကြောင့် ချစ်ခင်ရသူတွေကို အမြင်မကြည်လင်တာမျိုးဖြစ်နေတတ်ပါတယ်။ စိတ်ချယုံကြည်ရသူတစ်ဦးဦးကို ရင်ဖွင့်ပြီး စိတ်ဒဏ်ရာတွေကို ကုစားပါ။

ယတြာ- မိဘမဲ့ ကလေးတွေကို အစားအစာဒါနပြုပါ။

၁ဝ။ မကာရ ရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဒီတစ်ပတ်မှာ ဘဝပြောင်းလဲသွားစေမယ့် ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရလိမ့်မယ်။ တစ်သက်တာလုံး မေ့မရ နိုင်မယ့်ပျော်ရွှင်စရာအမှတ်တရတစ်ခုကိုလည်း  ကြုံရလိမ့်မယ်။ သင့်ရဲ့ ယုံကြည်မှုအတွက် ရဲရဲဝံ့ဝံ့ရပ်တည်ပါ။ မိသားစုရဲ့ အထင်လွဲမှုကို ခံရတတ်ပါတယ်။

ယတြာ- သံဃာတော်များအတွက် ဆေးဝါးလှူဒါန်းပါ။

၁၁။ ကုံရာသီဖွား (Aquarius)
ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ( ၁၉) ရက်အတွင်းမွေးဖွားသူများ

စိတ်ညစ်နေရတဲ့ ခံစားမှုတွေ ကွယ်ပျောက်သွားတော့မယ့်အချိန်ပါ။ သင့်ဘဝအတွက် အရေးမပါတဲ့သူတွေကလည်း သင့်ဘဝထဲကနေ သူ့အလိုလို ထွက်သွားပါလိမ့်မယ်။ အချစ်ရေးသာယာအဆင်ပြေမယ်။ ချစ်သူနဲ့အတူ ခရီးထွက်ရတတ်တယ်။ ငွေကုန်ကြေးကျ များတတ်ပါတယ်။ အိမ်မှာ ညအိပ်ညနေ ဧည့်သည်ရောက်လာပါက ထီထိုးပါ။

ယတြာ-မေတ္တာသုတ် သက်စေ့ရွတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces )
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ (၂ဝ) ရက်အတွင်း မွေးဖွားသူများ  

ဒီတစ်ပတ်အတွင်း သင့်မှာ အခက်အခဲလေးတွေ ရှိနေနိုင်ပါတယ်။ ဒါပေမဲ့ ရပ်ဝေးက သူငယ်ချင်းတစ်ယောက်ရဲ့ ကူညီမှုကြောင့်အရာရာကို ကျော်လွှားနိုင်မယ်။ အတက်အကျအနိမ့်အမြင့်တွေများလွန်းတာကြောင့် စိတ်ဂဏှာမငြိမ်ဖြစ်နေတတ်ပါတယ်။ စိတ်တည်ငြိမ်အောင် ထားပါ။ အရာရာဟာ အဆင်ပြေလာပါလိမ့်မယ်။

ယတြာ- ခိုစာကျွေးပါ။

Leave a Reply