အထင်သေးလို့မရတဲ့ ရုံးပတီသီးရဲ့အစွမ်းထက်အာနိသင်များ

0
324

ရုံးပတီသီးဟာ ဆေးဖက်ဝင်အာဟာရဓာတ်တွေ များစွာပါဝင်နေတဲ့အသီးတစ်မျိုးဖြစ်တယ် ဆိုတာ သင်သိပြီးပြီလား ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ။ ကင်စားမလား၊ ကြော်စားမလား၊ ရေနွေး ဖျောပြီး အတို့အမြှုပ်လုပ်စားမလား၊ တခြားဟင်းသီးဟင်းရွက်တွေနဲ့ရောပြီး ချဉ်ရည်ဟင်းချက် စားမလား၊ စွယ်စုံစားလို့ရတဲ့ ရုံးပတီသီးမှာ အောက်ဖော်ပြပါ ဆေးဖက်ဝင်အကျိုးအာနိသင်တွေ ပါဝင်နေပါတယ်ရှင်။

၁။ အစာချေစနစ်နဲ့ အညစ်အကြေးစွန့်ထုတ်မှုကို ပုံမှန်လည်ပတ်စေတယ်။

၂။ ဆီးချိုရောဂါကို လျော့ကျစေတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးတယ်။

၎။ အရိုးတွေကို သန်မာစေတယ်။

၅။ ဝမ်းမှန်စေတယ်။

၆။ အူမကြီးကင်ဆာဖြစ်ပွားမှုကို လျော့ကျစေတယ်။

၇။ အဆီစုပုံလာခြင်းကို ကာကွယ်ပေးပြီး ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်။

၈။ ဦးရေပြားကိုသန်မာစေပြီး ဆံကေသာကို လှပစေတယ်။

၉။ အူအတွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။

၁ဝ။ ခန္ဓာကိုယ်ခုခံအားကို တိုးမြှင့်ပေးတယ်။

၁၁။ အမြင်အာရုံကို ကြည်လင်စေတယ်။

၁၂။ သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်။

၁၃။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ပရိုတင်းဓာတ်ကို ဖြည့်တင်းပေးတယ်။

အထက်ဖော်ပြပါ အာနိသင်တွေကတော့ ရုံးပတီသီးရဲ့ ကျန်းမာရေးအကျိုးအာနိသင်တွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးသိထားတဲ့ ရုံးပတီသီးရဲ့ အခြားကောင်းကျိုးတွေရှိသေးရင်လည်း comment box မှာ ရေးသားမျှဝေဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။