ဘဝထဲက အရေးထားသင့်တဲ့အရာတွေကို ဘယ်လိုမှတ်တမ်းတင်ကြမလဲ။

0
2707

မောင်မောင်နဲ့သူရတို့ သူငယ်ချင်းနှစ်ယောက် သဲကန္တာရထဲမှာ ဖြတ်သန်းလာကြရင်း လမ်းခုလတ်မှာ စကားများကြပါတယ်။ အဲဒါနဲ့ စိတ်မထိန်းနိုင်တော့ သူရက မောင်မောင့်ကို ထိုးလိုက်တယ်။ မောင်မောင်ဟာ အရမ်းနာကျင်နေပေမယ့် ဘာမှ မတုန့်ပြန်ဘဲ သဲထဲမှာပဲ ” ဒီနေ့ ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့်ကို လက်သီးနဲ့ ထိုးတယ်” လို့ မှတ်တမ်းရေးထားလိုက် တယ်။
ဒီလိုနဲ့ သူတို့ ကိုယ်လက်သန့်စင်ဖို့ စီစဉ်ထားတဲ့ အိုအေစစ်ဆီ ရောက်တဲ့အထိ ခရီးဆက်လာ ခဲ့ကြပါတယ်။ တစ်နေရာအရောက်မှာ မောင်မောင်ဟာ ရွှံ့နွံထဲ နစ်သွားခဲ့ပါတယ်။ ဒါနဲ့ သူရက ကူညီကယ်ဆယ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ မောင်မောင်ဟာ ” ဒီနေ့တော့ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းက ကျွန်တော့်အသက်ကို ကယ်ခဲ့တယ်” ဆိုပြီး ကျောက်တုံးပေါ်မှာ မှတ်တမ်းရေးထိုးလိုက်ပြန်တယ်။

ဒါကိုသတိထားလိုက်မိတဲ့ သူရက “နေပါဦး။ မင်းက ငါမင်းကိုထိုးတဲ့နေ့က သဲထဲမှာရေးတယ်။ အခုကျတော့ ကျောက်တုံးပေါ်မှာ ရေးတယ်။ ဘာကြောင့်လဲ။ ရှင်းစမ်းပါဦး” လို့ နားမလည်ခြင်းများစွာနဲ့ မေးလိုက်တယ်။ မောင်မောင်က “တစ်စုံတစ်ယောက်က ကိုယ့်ကို နာကျင်စေခဲ့ရင် ခွင့်လွှတ်ခြင်းဆိုတဲ့ လေပြေလေးနဲ့ ပယ်ဖျက်လို့ရအောင် သဲပေါ်မှာ ရေးခြင်းဖြစ်တယ်။ ဒါပေမယ့် ကိုယ့်အပေါ် တစ်စုံတစ်ယောက်က ကျေးဇူးပြုလာခဲ့ရင်တော့ အဲဒါကို ဘာနဲ့မှ တိုက်စားလို့ မရအောင် ကျောက်တုံးပေါ်မှာ မှတ်တမ်း ရေးခြင်းဖြစ်တယ်” ဆိုပြီး ရှင်းပြလိုက်ပါတယ်။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အထက်ပါအဖြစ်ပျက်လေးက လူတစ်ယောက်ရဲ့ ကျေးဇူးတရားဆိုတာ တစ်သက်လုံး အောက်မေ့သတိရနေသင့်တယ်ဆိုတာရယ်၊ နာကျင်မှုနဲ့အမုန်းတရားတွေကိုတော့ ခွင့်လွှတ်သည်းခံခြင်းနဲ့ ရန်မီးမပွားအောင်နေသင့်တယ်ဆိုတာရယ်ကို မီးမောင်းထိုးပြသွားပါတယ်။

ဒီစာစောင်လေးကို သင့်ဘဝထဲက ချစ်ခင်ရသူတွေလည်း ဖတ်ရအောင် SHARE လိုက်ပါနော်။