သတိမထားမိဘဲ ကျူးလွန်မိနေတဲ့ အမှားလေးတွေ

0
631

ဘဝဟာ ကျွန်ုပ်တို့ ထင်ထားသလောက် မရှုပ်ထွေးပါဘူး။ မှားနေတာရှိရင် ချက်ချင်း ပြင်ဆင်လိုက်ပါ။ ဒါဆို ဘဝက နေပျော် လာပါလိမ့်မယ်။ အောက်ဖက်မှာ ဖော်ပြထားတာတွေကတော့ ကျွန်ုပ်တို့ နေ့စဉ်ဘဝမှာ သတိမမူမိဘဲ ကျင့်သုံးမိနေတဲ့ အယူအဆ မှားလေးတွေပဲ ဖြစ်ပါတယ်။

၁။ အကြောင်းအရာတစ်ခုကို ဂဃနဏ မသိပါဘဲ အကောင်းအဆိုးကို ဝေဖန်ဆုံးဖြတ်ခြင်း။

၂။ ပတ်ဝန်းကျင်က လူတွေကို ပြီးပြည့်စုံနေဖို့ မျှော်လင့်နေခြင်း။

၃။ အခြားသူတွေကို အာရုံစိုက်တာများပြီး မိမိကိုယ်ကို မေ့လျော့နေခြင်း။

၎။ မှားမှန်းသိလျက်နဲ့ ဖက်တွယ်ထားမိတဲ့ အရာတွေကို မစွန့်လွှတ်နိုင်ခြင်း။

၅။ မိမိပြုလုပ်ခဲ့မိတဲ့ အပြစ်တွေအတွက် ဝန်ခံဖို့ တွန့်ဆုတ်နေခြင်း။

၆။ မိမိ ကြောက်နေသော အရာများကို ရင်မဆိုင်လိုခြင်း။

၇။ ကိုယ့်ကိုယ်ကို အမြဲအလိုမကျ ဖြစ်ပြီး မကောင်းမြင်တာတွေ များနေခြင်း။

၈။ စိတ်ရှုပ်ထွေးမှုတွေကို မဖြေရှင်းဘဲ အတွေးတွေထဲမှာ ပိတ်မိနေခြင်း။

၉။ ပြောင်းလဲလို့ မရနိုင်တော့တဲ့ အရာတွေအတွက် စိုးရိမ်ပူပန်နေခြင်း။

၁၀။ တစ်ခုခုကို စလုပ်ဖို့ အချိန်နှောင်းနေပြီလို့ယူဆပြီး လက်လျှော့အရှုံးပေးခြင်း။

၁၁။ မျှော်လင့်ချက်တွေ တဖြည်းဖြည်း မှေးမှိန်လာခြင်း။

ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဗဟုသုတရခဲ့မယ်ဆို Share ပေးဖို့ မမေ့နဲ့နော်။