ရည်းစားဦးကို ပြန်တွေ့ရင် ဘယ်လိုပုံစံတွေ ဖြစ်နေမယ်ထင်လဲ။

0
847

အထက်တန်းကျောင်း တက်စဉ်က ဒါမှမဟုတ် ပထမဆုံး အချစ်ကို စရူးသွပ်မိစဉ်က ထားခဲ့တဲ့ ရည်းစားဦးကိုတော့ လူတိုင်း မှတ်မှတ်ရရ ရှိနေကြမယ် ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒီအရွယ်က “နွားခြေရာကွက်ကို သမုဒ္ဒရာလို “ ထင်တတ်ကြတာမို့ ကိုယ့်ချစ်သူသာကိုယ့်အတွက် အကောင်းဆုံး လို့ ထင်တတ်ကြတာ မို့ပါ။

ဒါပေမယ့်လည်း ဘဝအခြေအနေတွေ၊ အချိန်အခါတွေ ပြောင်းလဲသွားတာနဲ့အမျှ အခြားသင့်တော်တဲ့သူနဲ့ပဲ လက်တွဲဖြစ်သွား တတ်ကြပါတယ်။ နောင်တစ်ချိန် ကိုယ့် ရည်းစားဟောင်းကို တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ကြပြီဆိုရင် သူ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေမယ်ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။

ဖြစ်နိုင်တာကတော့…

၁။ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့နောက် အရမ်းသွက်၊ အရမ်းဟော့တ် (hot)တဲ့ မိန်းကလေးနဲ့ တွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ လုပ်ငန်းခွင်မှာ အရမ်းအောင်မြင်သူဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၃။ သင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ အချစ်စစ်ဆိုတာ ဘာမှန်းမသိတော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ (သင့်အနေနဲ့တော့ သူနဲ့လမ်းခွဲပြီး အဆင်ပြေကောင်း ပြေနေနိုင်ပေမယ့် သူ့အတွက်တော့ သင့်လောက်ကောင်းတဲ့သူ ထပ်မတွေ့တော့တာမျိုး ဖြစ်နိုင်ပါတယ်။) ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကိုယ်နဲ့မတွေ့တော့တဲ့ အချိန်တွေမှာ လောကဓံရဲ့ အရိုက်အပုတ် ခံလိုက်ရတာကြောင့် သင်ကိုယ်တိုင်တောင် မမှတ်မိနိုင်လောက်အောင် အိုမင်းရင့်ရော်နေတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။

၅။ အစားအသောက်တွေ သောင်းကျန်းပြီး အရမ်းဝနေတဲ့ ဝပုတ်ကြီးလည်း ဖြစ်နေနိုင်တာပဲ။

၆။ သင့်ကိုအရမ်းချစ်မြတ်နိုးတာကြောင့် အချိန်တွေ ကြာသွားပေမယ့် သင့်အကြောင်းတွေ အမြဲစိတ်ဝင်တစား ရှိနေသေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၇။ သင်နဲ့လမ်းခွဲပြီးတဲ့နောက် သူနဲ့ လိုက်ဖက်ညီတဲ့ လက်တွဲဖော်နဲ့ အတည်တကျ လက်တွဲဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၈။ လုံးဝ အဆက်အသွယ်မရတော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သူ့ ပတ်ဝန်းကျင်က သူငယ်ချင်းမိတ်ဆွေတွေကတောင် သူဘယ်ရောက်နေမှန်း မသိလောက်အောင် ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

၉။ ကိုယ်နဲ့ ချစ်ခဲ့စဉ်ကတည်းက စိတ်လိုက်မာန်ပါနဲ့ ဝုန်းဒိုင်းကျဲတတ်တဲ့သူဆိုရင်တော့ သူရဲ့ လွန်ကဲတဲ့ စွန့်စားလိုစိတ်တွေကြောင့် မထင်မှတ်ဘဲ ထောင်ကျသွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ 😛

၁ဝ။ နောက်ဆုံး အခြေအနေတစ်ခုကကတော့ သူ့ကို ကိုယ် ဘယ်လိုပုံစံနဲ့ မြင်ရမယ် ဆိုတာထက် သူနဲ့ ပတ်သက်တဲ့ ကိုယ့်ခံစားချက်ပါ။ သူ့ကို ကိုယ့်စိတ်ထဲမှာ အခုချိန်ထိ မေ့ဖျောက်မရနိုင် တာမျိုးပေါ့။ လမ်းခွဲလိုက်တာ ဘယ်လောက်ပဲ ကြာသွားပါစေ ကိုယ့်စိတ်ထဲမှာ သူ့ကို အမှတ်တရရှိ နေသေးတာမျိုးပါ။

ဒါပေမယ့်လည်း ကိုယ်နဲ့ဘယ်လိုမှ လက်တွဲဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ မေ့ဖျောက်သင့်တာ မေ့ဖျောက်ပြီး ရှေ့ဆက်လျှောက်လှမ်းလိုက်ပါ။ သင်နဲ့ ထိုက်တန်တဲ့သူက သင့်ကို လိုက်ရှာနေတယ် ဆိုတာ မမေ့လိုက်ပါနဲ့။ J

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။