ဘဝရဲ့ အတွေးအမြင်တွေကို ပြောင်းလဲပေးနိုင်မယ့် ဒဿနစာစုလေးများ

0
153

၁။ လူတွေက သင့်ကို ဆန့်ကျင်ချင်စိတ်နဲ့ တော်လှန်နေတာမဟုတ်ပါဘူး။ ကိုယ့်ဘဝ၊ ကိုယ့်ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။

၂။ ကမ္ဘာကြီးက ကိုယ့်ကိုမြင်စေချင်တဲ့စိတ်နဲ့ မဟုတ်ဘဲ ကိုယ်က ကမ္ဘာကြီးတစ်ခုလုံးကို ရှုစားချင်တဲ့စိတ်နဲ့ တောင်တက်ပါ။

၃။ အောင်မြင်မှုထက် ကျရှုံးမှုတွေကနေ ပိုပြီး သင်ယူနိုင်ပါတယ်။ ကျရှုံးမှုတွေကြောင့် ရပ်တန့်မပစ်လိုက်ပါနဲ့။ လူတစ်ယောက်ရဲ့ ဘဝကို ကျရှုံးမှုက တည်ဆောက်ပေးတာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ကိုယ့်ဆန္ဒတွေကို မျိုသိပ်ပြီး ဘဝတစ်လျှောက်လုံးကို ဖြတ်သန်းနေထိုင်တာဟာ အန္တရာယ်အရှိဆုံးနဲ့ မိုက်ရူးရဲအဆန်ဆုံး စွန့်စားမှုတစ်ရပ်ပါပဲ။

၅။ သင့်စိတ်ကိုပျော်ရွှင်စေမယ့်နေရာကို သွားပါ။ သင့်စိတ်ကို ဖိနှိပ်နာကျင်စေတဲ့နေရာကို မသွားပါနဲ့။

၆။ ဘဝမှာ သင်နဲ့အတူတူ အချိန်အကြာကြီးရှိနေပေးတဲ့သူဟာ သင်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ပါ။

၇။ သည်းခံနိုင်မှုအတိုင်းအတာထက် ကျော်လွန်တာကို သည်းခံလိုက်ရင် သင့်ဘဝတစ်လျှောက်လုံး အဲဒီအတိုင်းပဲ ဆက်လက်သည်းခံသွားရလိမ့်မယ်။

၈။ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ခွန်အားပေးတာက ကြာကြာမခံသလို အချည်းနှီးလည်းမဖြစ်ပါဘူး။ ဒါကြောင့် တစ်နေ့တစ်ခါ ကိုယ့်ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးပါ။

၉။ လူတိုင်းလူတိုင်းဟာ တစ်စုံတစ်ခုကို ကြောက်နေကြတယ်။ တစ်စုံတစ်ခုကို ချစ်နေကြတယ်။ ပြီးတော့ တစ်စုံတစ်ခုကို ဆုံးရှုံးခဲ့ဖူးကြတယ်။

၁ဝ။ ဇိမ်ယူခြင်းက အောင်မြင်ခြင်းဆိုတဲ့ဆုလာဘ်ရဲ့ ကမ္ဘာဦးရန်ဘက်ပါပဲ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။

Leave a Reply