အိမ်မှုကိစ္စတွေဆိုတာ ယူတတ်ရင် ကောင်းကျိုးတွေချည်းပါပဲ

0
128

အိမ်ရှင်မတွေရဲ့ အလုပ်တာဝန်တွေဟာ များပြားလှသလို ပင်ပန်းစရာကောင်းလှပါတယ်။ မနက်စောစောထပြီးကတည်းက ညအိပ်ရာမဝင်ခင်အထိ အလုပ်တွေအများကြီးကို ဇယ်ဆက်သလို လုပ်နေရတယ်။ အဲဒီအတွက် ညည်းညူမိတဲ့ အိမ်ရှင်မတွေလည်းရှိပါတယ်။

တကယ်တော့ အိမ်အလုပ်လုပ်တယ်ဆိုတာ ယူတတ်ရင် ကောင်းကျိုးတွေ အများကြီးရနိုင်ပါတယ်။ ဘယ်လိုကောင်းကျိုးတွေလည်းဆိုတာကို စိတ်ဝင်တစားနဲ့ ဆက်လက်ဖတ်ရှုကြည့်ရအောင်နော်။

၁။ အိပ်ရာစောစောထခြင်း

အိပ်ရာထ မျက်လုံးဖွင့်ဖွင့်ချင်း အရုဏ်ဦးနေရောင်ခြည်ကို မြင်လိုက်ရတာဟာ သန့်စင်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်းနဲ့ စိတ်ခံစားမှုကောင်းမွန်ခြင်းစတဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်စေနိုင်ပါတယ်။

၂။ တရားထိုင်ခြင်း

မနက်ခင်းတွေမှာ တရားထိုင်တာက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး သတိရှိစေပါတယ်။

၃။ အိပ်ယာသိမ်းခြင်း

ရှင်းလင်းနေတဲ့ အိပ်ရာလေးဟာ ရှင်းလင်းနေတဲ့ ဦးနှောက်နဲ့တူတာကြောင့် နေ့သစ်တစ်နေ့ကို ဂုဏ်သိက္ခာရှိရှိစတင်စေနိုင်ပါတယ်။

၎။ အဝတ်တွေကို ရှင်းခြင်း

ခေါက်စရာရှိတာခေါက်၊ လျှော်စရာရှိတာလျှော်၊ မီးပူတိုက်စရာရှိတာတိုက်ပါ။ ဒီလိုလုပ်ခြင်းကြောင့် ဘဝရဲ့ ရှုပ်ထွေးမှုတွေကို စနစ်တကျဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေတွေ့ရှိစေနိုင်ပါတယ်။

၅။ ပန်းကန်ဆေးခြင်း

အစာအကြွင်းအကျန်တွေကို ကြာကြာထားရင် ပုပ်သိုးသွားသလို အကျင့်ဆိုးနဲ့ အတိတ်ဆိုးတွေကို စိတ်မှာ ကြာကြာထားရင် စိတ်နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ပန်းကန်နေ့တိုင်းဆေးဖို့ လိုအပ်သလို စိတ်နှလုံးကိုလည်း ရှင်းလင်းနေအောင် မကြာခဏဆေးကြောပေးဖို့လိုပါတယ်။

၆။ အချိန်ဇယားအတိုင်းလုပ်ခြင်း

အိမ်အလုပ်တွေကို အချိန်ဇယားအတိုင်း ဖိဖိစီးစီး လုပ်ဆောင်တာကလည်း ဘဝအတွက်အောင်မြင်ဖို့ ကြိုးစားရာမှာ အချိန်နဲ့အချိန်နဲ့ လုပ်ဆောင်နိုင်ဖို့ အထောက်အကူဖြစ်စေနိုင်ပါတယ်။

၇။ ခြံရှင်းခြင်း

ခြံထဲက သစ်ရွက်ခြောက်တွေကို တံမြက်စည်းနဲ့ လှည်းတာ၊ အပင်ရေလောင်းတာ၊ ပေါင်းသင်တာ၊ မြက်ရိတ်တာ စတဲ့အလုပ်တွေက ဘယ်တော့မှ အဆုံးသတ်သွားတယ်ဆိုတာမျိုး မရှိပေမယ့် အလုပ်တစ်ခုရဲ့ အနှစ်သာရကို နားလည်စေနိုင်ပါတယ်။

၈။ လိုက်ကာတပ်ဆင်ခြင်း

တံခါးတွေ၊ ပြတင်းပေါက်တွေမှာ လိုက်ကာတွေ တပ်ဆင်ခြင်းက နေ့အလင်းရောင်နဲ့ ညအမှောင်ကြား မျှတမှုရစေပြီး အလုပ်နဲ့ အနားယူမှုကိုလည်း မျှတစေနိုင်ပါတယ်။

အထက်ပါအကျိုးတွေကတော့ အိမ်အလုပ်လေးတွေ လုပ်ရင်းနဲ့ ရနိုင်မယ့် အကျိုးကျေးဇူးလေးတွေဖြစ်ပါတယ်။ ဒါကြောင့် ဂန္ထဝင်အိမ်ရှင်မများအနေနဲ့ အိမ်မှုကိစ္စလေးတွေလုပ်ရင်း ညည်းညူနေမယ့်အစား ဒီအကျိုးကျေးဇူးလေးတွေကို ရအောင်ယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။

Leave a Reply