“Beauty and the Beast” ဇာတ်ကားမှ ရရှိလိုက်တဲ့ ဘဝသင်ခန်းစာများ

0
489
စာချစ်သူတို့ရေ…

ကျွန်မတို့ငယ်ငယ်ကတည်းက ရုပ်ဆိုးပြီးဒေါသကြီးလှတဲ့ beast ကြီးနဲ့ သဘောကောင်းပြီး လှပဖြူစင်တဲ့ belle လေးရဲ့ အချစ်ဇာတ်လမ်းကို သိပ်ကြိုက်ခဲ့ကြတယ်။ ကျွန်မတို့ငယ်ငယ်က ကြိုက်ခဲ့တဲ့ Beauty and the Beast ဇာတ်လမ်းက ကျွန်မတို့ ဘဝအတွက် ဘယ်လိုသင်ခန်းစာတွေ ပေးနေလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်….

  • မေတ္တာစစ်ဆိုတာ တစ်ယောက်အပေါ်တစ်ယောက် စစ်မှန်စွာ ပေးဆပ်တဲ့အခါဖြစ်ပေါ်တယ်။
  • အချစ်စစ်ဟာ ရုပ်ပိုင်းဆိုင်ရာအလှထက် စိတ်ရဲ့အလှပေါ်မှာ မူတည်တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • ဆွဲဆောင်မှုဆိုတာ ဟန်ဆောင်အရောင်အဝါတွေနဲ့ တည်ဆောက်လို့ရတဲ့အရာမဟုတ်ပါဘူး။
  • တစ်ကိုယ်ကောင်းဆန်စိတ်တွေကို မစွန့်လွတ်သေးသရွှေ့ အချစ်စစ်ရဲ့အေးမြမှုတွေကို ခံစားလို့မရနိုင်ပါဘူး။
  • ဝေဖန်မှုတွေကြောင့် မိမိတန်ဖိုးကို လျော့မတွက်လိုက်ပါနဲ့။
  • ချစ်တဲ့သူတွေ ကို စွန့်လွတ်ဖို့ဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်။
  • ကိုယ့်တန်ဖိုးကို ဘာကြောင့်မှ နိမ့်ကျမခံပါနဲ့။
  • သူတစ်ပါးကို အောင်နိုင်ဖို့ထက် မိမိစိတ်တွင်းမှာ ကိန်းအောင်းနေတဲ့ ဉာဉ်ဆိုးကို အောင်နိုင်ဖို့ အရေးကြီးတယ်။
  • တစ်ခါတလေကျရင် ကိုယ့်ရဲ့ အကြီးဆုံးရန်သူက ကိုယ်ကိုယ်တိုင်ဖြစ်နေတတ်တယ်။
  • မိမိတန်ဖိုးနဲ့ ခံယူချက်တွေအတွက် ရဲဝံ့စွာ ရပ်တည်ပါ။
  • မိမိရဲ့ ဘဝလက်တွဲဖော်ကို ချမ်းသာမှု၊ ပြီးပြည့်စုံမှုတွေနဲ့ချည်း အကဲခတ်ပြီး မရွေးချယ်ပါနဲ့။
  • ဘာအကြောင်းကြောင်းနဲ့ဖြစ်ဖြစ် မိမိမိသားစုကို ချစ်ဖို့မမေ့ပါနဲ့။
  • အခြားသူတွေကြောင့် မိမိရဲ့ခံယူချက်တွေ၊ အမြင်တွေ၊ ယုံကြည်ချက်တွေကို မစွန့်လွတ်လိုက်ပါနဲ့။
  • မိမိမှာ ရာထူးစည်းစိမ်တွေ ဘယ်လောက်ရှိရှိ လူတိုင်းကို ကြင်နာစွာဆက်ဆံပါ။

သင့်သူငယ်ချင်းတွေမှာ Beauty and the Beast ဇာတ်လမ်းလေးကို သိပ်ကြိုက်တဲ့သူငယ်ချင်းကို mention ခေါ်လိုက်ပါဦး။