သူ့လိုချစ်သူမျိုး ပိုင်ဆိုင်ထားရတဲ့အတွက် ဂုဏ်ယူလိုက်ပါ

0
2256

၁။ ရှိလား… ရည်းစားဟောင်းအပေါင်းနဲ့ ကင်းအောင်နေ၊ အရမ်းလှတဲ့ ကောင်မလေးတွေကို တစ်ချက်တောင်ငဲ့မကြည့်ဘဲ တစ်လောကလုံးမှာ သင့်တစ်ယောက်တည်းကိုပဲ မိန်းမလို့ မှတ်ယူထားတဲ့ချစ်သူမျိုး။

၂။ ရှိလား… သင့်မိသားစုကို သင့်ထက်ပိုပြီးလေးစားတဲ့၊ သင့်မိသားစုစည်းကမ်းတွေကို တသွေမတိမ်း လိုက်နာနိုင်တဲ့ချစ်သူမျိုး။

၃။ ရှိလား… သူ့ရဲ့သူငယ်ချင်းအပေါင်းအသင်းတွေ၊ မိသားစုဝင်တွေကြားမှာ သင့်လက်ကို ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး “ဒါ ကျွန်တော့် ချစ်သူလေ” လို့ ဝင့်ကြွားစွာ ပြောဆိုတတ်တဲ့ချစ်သူမျိုး။

၎။ ရှိလား… “သူလာလာလာ မလာလာလာ၊ ကိုယ်ကစောင့်ရမှာ” ဆိုတဲ့ ကိုင်ဇာသီချင်းလေးထဲကအတိုင်း ချိန်းထားတဲ့နေရာမှာ သင်မလာမချင်း စိတ်ရှည်သည်းခံစွာ စောင့်နေတတ်တဲ့ချစ်သူမျိုး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ရှိလား… အလုပ်မအားတာတောင်မှ သင့်ဆီကို မကြာခဏဖုန်းဆက်ပြီး သူဘယ်သွားသွား၊ ဘာလုပ်လုပ် သတိတရနဲ့ သံတော်ဦးတင်တတ်တဲ့ချစ်သူမျိုး။

၆။ ရှိလား… သူငယ်ချင်းတွေကြားမှာရော၊ မိသားစုတွင်းမှာပါ အချိန်တိုင်း သင့်အကြောင်းကိုပဲပြောနေပြီး၊ အမြဲတမ်းသင့်အကြောင်းတွေးနေတတ်တဲ့ချစ်သူမျိုး။

၇။ ရှိလား… သူ့ဘဝရဲ့ အရေးကြီးဆုံးဖြတ်ချက်တိုင်းအတွက် သင့်ကိုတိုင်ပင်ပြီး သင့်ထင်မြင်ချက်၊ အကြံဉာဏ်တွေကို ထည့်စဉ်းစားပေးတတ်တဲ့ချစ်သူမျိုး။

၈။ ရှိလား… ဖုန်းတွေ၊ facebook တွေ၊ laptop တွေကို အချိန်မရွေးစိတ်တိုင်းကျ ဝင်စစ်ခွင့်ပေးထားပြီး သင့်အပေါ်မှာ ဘာမှ လျှို့ဝှက်မထားတတ်တဲ့ချစ်သူမျိုး။

၉။ ရှိလား… ဆုံးရှုံးရမှာကို ကြောက်ပြီး သဝန်တိုတတ်သလို၊ ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ အရာရာကို နားလည်ပေးတတ်တဲ့ချစ်သူမျိုး။

၁ဝ။ ရှိလား… သင်ပင်ပန်းမှာကို သေမလောက်ကြောက်ပြီး သင့်အလုပ်တာဝန်တွေကို တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးတတ်တဲ့ ချစ်သူမျိုး။

ရှိနေတယ်ဆိုရင် သင်ဟာ လောကမှာ ကံအကောင်းဆုံးမိန်းကလေးတစ်ယောက်ပေါ့။

သင့်မှာ ဒီလိုချစ်သူမျိုးရှိနေတယ်ဆိုရင် သူ့ကို tag တွဲပြီး SHARE လိုက်ပါ။

သင့်ကို အနှိုင်းမဲ့တဲ့ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးစေတဲ့ချစ်သူကို mention ခေါ်လိုက်ပါဦးနော်။