ဆီးချို၊ ကင်ဆာ၊ အဆစ်အမြစ်ကိုက်ခဲခြင်းနဲ့ နှလုံးရောဂါတွေကို ကာကွယ်ဖို့ စားသင့်တဲ့အစားအစာ (၁ဝ) မျိုး

0
56
၁။ ပန်းငရုတ်ပွသီး

ပန်းငရုတ်ပွသီးဟာ ကယ်လိုရီအနည်းငယ်သာ ပါဝင်ပြီး ဗီတာမင်-စီ ကြွယ်ဝတာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။ မျက်စိအာရုံကိုကောင်းမွန်စေတဲ့ ဗီတာ ကယ်ရိုတင်း (Beta-carotene) အပြင် အရောင်ကျစေတဲ့ဓာတ်ပစ္စည်းတွေ၊ အင်တီအောက်ဆီဒင့်ဓာတ်တွေလည်း ပါဝင်ပါတယ်။

၂။ ပန်းမုန်လာစိမ်း

ပန်းမုန်လာစိမ်းမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေဟာ ကိုလက်စထရောကို ကျစေပြီး  သက်လုံကောင်းစေတယ်။ ဖက်တီးအက်စစ်နဲ့ အိုမီဂါ-၃ ကြွယ်ဝတဲ့ ပန်းမုန်လာစိမ်းဟာ အရောင်ကျစေပြီး ဓာတ်မတည့်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

၃။ ထောပတ်သီး

ထောပတ်သီးဟာ အမျှင်ဓာတ်ကြွယ်ဝပြီး ဗီတာမင်နဲ့ သတ္တုဓာတ် (၂ဝ) မျိုးပါဝင်တဲ့ စူပါအသီးတစ်ခုဖြစ်ပါတယ်။ ထောပတ်သီးရဲ့ အမျှင်ဓာတ်တွေက သွေးထဲကသကြားဓာတ်တွေကို ထိန်းညှိပေးနိုင်ပြီး အဆီလည်းကျစေပါတယ်။

 

၎။ တရုတ်နံနံ

အင်တီအောက်ဆီဒင့်နဲ့ အင်ဇိုင်းကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဗီတာမင်-ကေ၊ ဗီတာမင်-စီ၊ ဗီတာမင်-B6, ဖောလစ်အက်ဆစ်တွေ ကြွယ်ဝတဲ့ တရုတ်နံနံဟာ သွေးဖိအားနဲ့ ကိုလက်စထရောကို ထိန်းညှိပေးတဲ့အတွက် နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၉% ပါဝင်တဲ့အတွက် ဆီးလမ်းကြောင်းကို သန့်စင်ပေးပါတယ်။ ဗီတာမင် A, B နဲ့ C တွေ ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေလည်း ပါဝင်တဲ့ သခွားသီးဟာ ကျောက်ကပ်ကို သန့်စင်စေပြီး ကင်ဆာရောဂါကိုလည်း တိုက်ဖျက်ပေးပါတယ်။

၆။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကိုလက်စထရောကျစေတဲ့အပြင် အင်ဆူလင်ကို တိုးပွားစေပြီး ဆီးချိုရောဂါကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူမှာ အရေပြားယောင်ယမ်းတာတွေကိုလည်း သက်သာစေပါတယ်။

၇။ ကိုက်လန်

အမျှင်ဓာတ်ကြွယ်ဝပြီး အဆီဓာတ်ကင်းစင်တဲ့ ကိုက်လန်ရွက်ဟာ ဗီတာမင် K ကြွယ်ဝစွာ ပါဝင်ပါတဲ့အပြင် အရိုးတွေကို ခိုင်မာစေပြီး သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

၈။ နံနံပင်

နံနံပင်မှာ ကင်ဆာရောဂါကို ကာကွယ်စေတဲ့ ဓာတ်တိုးပစ္စည်းတွေပါဝင်ပါတယ်။ ဗီတာမင် A, ဗီတာမင် K, ဗီတာမင် C,ဗီတာမင် E,ဗီတာမင် B6, ဗီတာမင် B12, ကလ်ဆီယမ်၊ ဇင့်၊ ပိုတက်ဆီယမ်နဲ့ ကိုလင်းတို့ ကြွယ်ဝစွာပါဝင်ပြီး အစာမကြေခြင်း၊ အအေးမိခြင်းနဲ့ အစာအိမ်အောင့်ခြင်းတွေကို သက်သာစေပါတယ်။

၉။ ဟင်းနုနွယ်

ဟင်းနုနွယ်ဟာ သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်တဲ့အပြင် ပန်းနာရင်ကြပ်ရောဂါကိုလည်း သက်သာစေပါတယ်။  အင်တီအောက်ဆိဒင့်ဓာတ်ကြွယ်ဝပြီး အင်ဆူလင်ကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဟင်းနုနွယ်စားခြင်းအားဖြင့် အူလမ်းကြောင်းကို ရှင်းစေပြီး ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

၁ဝ။ ခရမ်းချဉ်သီ.

ကော့ပါး၊ ပိုတက်ဆီယမ်၊ မဂ္ဂနီယမ်ဓာတ်တွေကြွယ်ဝတဲ့ ခရမ်းချဉ်သီးဟာ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ ဈေးသက်သာစွာ ဝယ်ယူစားသုံးနိုင်တဲ့ ခရမ်းချဉ်သီးဟာ အင်တီအောက်ဆီဒင့် ဓာတ်တွေပေါကြွယ်ဝတဲ့အတွက် ကိုလက်စထရောကျစေပြီး နှလုံးရောဂါကိုကာကွယ်ပေးပါတယ်။ ခရမ်းချဉ်သီး စားခြင်းအားဖြင့် ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

သဘောကျနှစ်ခြိုက်ရင် SHARE ပေးလိုက်ပါဦးနော်။

Leave a Reply