ဘဝတက်လမ်းကြောင်း ရပ်တန့်နေချိန်ကို ကျော်လွှားနိုင်စေမည့် နည်းလမ်း (၁၀)မျိုး

0
1102

ကျွန်မတို့တွေအားလုံးက တစ်ချိန်ချိန်မှာတော့ ကျွန်မတို့ဘဝတက်လမ်းကြောင်း အနိမ့်အမြင့်မရှိဘဲ ရပ်တန့်နေတဲ့ အခိုက်အတန့်မျိုး ကြုံကြရပါတယ်။ ဒီလိုအချိန်မှာ ကျွန်မတို့တွေက ကျွန်မတို့လုပ်နေတဲ့ လုပ်ငန်းခွင်၊ အလုပ်ရှင်၊ ဒါမှမဟုတ် ကိုယ်လုပ်နေတဲ့ လုပ်ငန်းနယ်ပယ်တွေကို အပြစ်တင်တတ်ကြပါတယ်။ ဒီလိုအခိုက်အတန့်မျိုးက သိပ်မဖြစ်တတ်ပေမယ့် ဖြစ်လာခဲ့ရင်လည်း ရင်ဆိုင်ဖြေရှင်းလို့ရပါတယ်။ ဖြေရှင်းနိုင်မယ့်နည်းလမ်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။အကောင်းမြင်တတ်ပါ။

အကောင်းဘက်က တွေးတတ်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက်တစ်ခုပါပဲ။ အခြေအနေကို မစဉ်းစားဘဲ မျှော်လင့်ချက်ထားပါ။ လက်ရှိအခြေအနေထက် ပိုကောင်းလာပြီး အောင်မြင်မှုရောက်လာပါလိမ့်မယ်။ ဘဝတက်လမ်းကြောင်း ရပ်တန့်နေချိန်က ဘဝကြီးရဲ့အဆုံးသတ်မဟုတ်ဘူးဆိုတာကို မမေ့ပါနဲ့၊ အကောင်းဘက်ကတွေးလိုက်ပါ။

၂။ကိစ္စတစ်ခုကို အကြိမ်ကြိမ်ပြန်စဉ်းစားနေတာကို ရပ်တန့်ပါ။

ပြဿနာတစ်ခုကို ခဏခဏစဉ်းစားနေတာက ဦးနှောက်ကိုပဲ ဒုက္ခရောက်စေပါတယ်။ ဒါ့အပြင် စေ့စပ်လွန်းတာ၊ စဉ်းစားလွန်းတာတွေက ပြဿနာကို ဖြေရှင်းပေးနိုင်တာ နည်းပါးပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ် အနားပေးပါ၊ အကောင်းဘက်ကတွေးပြီး ရှေ့ဆက်ပါ။ အလုပ်က ခဏလေးနားလိုက်တာက အနာဂတ်အစီအစဉ်တွေကို ကူညီပေးပါလိမ့်မယ်။ ဒါကြောင့် တစ်ရက်နှစ်ရက်လောက် စိတ်နဲ့ကိုယ်ကို အနားပေးလိုက်ပါ။

၃။ခိုင်လုံတဲ့ ဝေဖန်ပြောဆိုခြင်းကို ခံယူပါ။

အလုပ်ရှင်ဆီကနေ ပြောခံရတာတွေ တအားများနေပြီလား။ အသုံးဝင်မယ့်အရာတွေကို နာခံပြီး မလိုတာတွေကို မေ့ပစ်လိုက်ပါ။ ဝေဖန်တာတွေကြောင့် စိတ်ဓာတ်ကျသွားတာမျိုး အဖြစ်မခံပါနဲ့။ ဒီလိုဖြစ်မယ့်အစား ဝေဖန်ပြောဆိုတာတွေကို အသုံးချပြီး ကိုယ့်ကိုယ်ကို တိုးတက်လာအောင် လုပ်လိုက်ပါ။

၎။ပြဿနာကို ဆွေးနွေးတိုင်ပင်ပါ။

လိုအပ်လာတဲ့အချိန်ကူညီတာက မိတ်ဆွေစစ်ပါပဲ။ ယုံကြည်ရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ကိုယ့်ပြဿနာကို ဆွေးနွေးပြီး အဖြေရှာဖို့ အကူအညီတောင်းပါ။ ဒီလိုလုပ်ခြင်းက စိတ်တွေ တည်ငြိမ်စေရုံသာမက အကြံဥာဏ်ကောင်တွေလည်း ရစေပါတယ်။

၅။ကိုယ့်လိုအပ်ချက်တွေကို နားလည်ပါ။

အလုပ်လုပ်ရတာ အကျိုးမရှိသလို ခံစားနေရတာက ကိုယ်မလုပ်ချင်လို့လည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်အလုပ်က ကိုယ့်ကိုမွန်းကျပ်စေတယ်ဆိုရင်လည်း ဒီအလုပ်နဲ့ ကိုယ်နဲ့ကိုက်ညီအောင် ချိန်ညှိဖို့လိုပါတယ်။

၆။အဖြေရှာပါ။

ပြဿနာကိုသိရင် အဖြေကိုရှာပါ။ ပြဿနာဖြေရှင်းနိုင်ဖို့ လုပ်နိုင်တာတစ်ခုခုတော့ ရှိပါတယ်။ ကိုယ့်အရည်အချင်းတိုးတက်ဖို့လိုတယ်ဆိုရင် သင်တန်းတက်တာမျိုးပေါ့။ ဒါမှမဟုတ်လည်း ကိုယ်တာဝန်ယူထားတဲ့အလုပ်ကို ပိုပြီးအာရုံစိုက်လိုက်ပါ။ အလုပ်ထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းလည်း လုပ်နိုင်ပါတယ်။ ကိုယ့်ဆန္ဒကိုနားထောင်ပြီး ကိုယ်လုပ်ချင်တဲ့အရာကို လုပ်လိုက်ပါ။

၇။ကျွမ်းကျင်သူတစ်ယောက်ဆီမှ အကူအညီရယူပါ။

တခါတလေ တတ်ကျွမ်းနားလည်သူတစ်ဦးဆီမှ အကူအညီလိုအပ်တာမျိုးလည်း ရှိပါတယ်။ ဘဝတက်လမ်းအတွက် အတိုင်ပင်ခံတွေ၊ အကြံပေးပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ မကြောက်ရွံ့ပါနဲ့။ တခါတလေ ကိုယ့်ကိုလမ်းညွန်ပေးမယ့်လူတစ်ယောက်ရှိတာက အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှုမျိုးကို ရရှိစေနိုင်ပါတယ်။

၈။အခွင့်အလမ်းကောင်းတွေကို ရှာဖွေပါ။

ကိုယ့်အလုပ်က တစ်လောကလုံးမှာ ဒီတစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအလုပ်နဲ့ပဲ ရပ်တန့်မနေပါနဲ့။ ကိုယ့်ကိုစောင့်နေတဲ့ အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။ ဒီအခွင့်အလမ်းတွေကို ထွက်ပြီးရှာကြည့်ပါ။ တွေ့ရှိတဲ့အရာအတွက် အံ့သြသွားပါလိမ့်မယ်။

၉။ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။

အဆိုးကနေ အကောင်းဖြစ်အောင် လုပ်နိုင်တာတစ်ခုက ဒီအခြေအနေဆိုးကို စိန်ခေါ်လိုက်တာပါပဲ။ တစ်ယောက်ယောက်က ကိုယ့်အပေါ်အဆိုးမြင်တာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုထိခိုက်စေတာပဲဖြစ်ဖြစ် ဒီအခွင့်အရေးကို အသုံးချလိုက်ပါ။ သက်သေပြနိုင်ဖို့ အစွမ်းကုန်ကြိုးစားပြီး အခြေအနေဆိုးတွေကို အခွင့်အလမ်းအဖြစ် အသုံးချလိုက်ပါ။

၁၀။ကျေးဇူးတရားကို လက်ကိုင်ထားပါ။

လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဘက်တွေနဲ့ အလုပ်တူတူလုပ်ရတဲ့အတွက် ဝမ်းမြောက်ပါ။ လူတွေကို လေးစားစွာ ဆက်ဆံပါ။ ကူညီစရာရှိရင် ပြည့်ပြည့်ဝဝကူညီပါ။ ကိုယ်မနှစ်သက်တဲ့လူက ကိုယ့်ကို နှစ်သက်တဲ့လူဖြစ်နေမလားဆိုတာ ကိုယ်ဘယ်လိုသိနိုင်မှာလဲ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊