ပျော်ပျော်ရွှင်ရွှင်နေရဖို့ စွန့်လွတ်သင့်တဲ့ အချက် (၁၀)ချက်

0
4204

ပျော်ရွှင်မှုဆိုတာ ရွေးချယ်ရတာပါပဲ။ ကျွန်မတို့ပေါ်မှာပဲ မူတည်ပါတယ်။ ဒါပေမယ့် တခါတရံ ကျွန်မတို့ပျော်ရွှင်မှုကို ပိတ်ပင်နေတာလေးတွေ ကျွန်မတို့မှာ ရှိတတ်ပါတယ်။ ဒီနေ့တော့ ကျွန်မတို့ပျော်ရွှင်မှုအတွက် စွန့်လွတ်သင့်တာလေးတွေကို ကြည့်လိုက်ရအောင်။

၁။မကျေနပ်စရာတွေရှိတာကို စွန့်လွတ်ပါ။

မကျေနပ်ချက်တွေက ဘယ်တော့မှ ကောင်းတာတွေ မယူလာပါဘူး။ မကျေနပ်လို့ပြောလိုက်ရင်လည်း ပြဿနာ ပြေလည်သွားဖူးလို့လား။ အကောင်းဘက်ကတွေးပါ၊ တတ်နိုင်သလောက် အကောင်းမြင်တတ်အောင် ကြိုးစားပါ။ တစ်ခုခုမှားယွင်းနေရင် မကျေနပ်တာကို ပြောနေမှာထက် ဖြေရှင်းချက်တစ်ခုတော့ ရှိတယ်ဆိုတာ မှတ်ထားပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။အတိတ်ကို ထားခဲ့လိုက်ပါ။

အတိတ်ဆိုတာက တကယ်မှမရှိတော့တာ။ အတိတ်မှာပဲကျန်နေခဲ့ပါပြီ။ ဒါကြောင့် အတိတ်အကြောင်းတွေးပြီး အချိန်ကုန်ခံနေမှာထက် လက်ရှိအချိန်ကို အာရုံစိုက်လိုက်ပါ။ လက်ရှိအချိန်ကမှ ကျွန်မတို့အမှန်တကယ် ပိုင်ဆိုင်နေတဲ့ အရာပါ။

၃။သူတပါးကို ဝေဖန်သုံးသပ်တာတွေကို စွန့်လွတ်ပါ။

တခြားလူတွေကို ဝေဖန်တာကို လက်လျှော့လိုက်ပါ။ ကျွန်မတို့အားလုံးကမှ မတူညီကြတာ၊ ဒါကိုနားလည်ဖို့လိုအပ်ပါတယ်။ လူတိုင်း စိတ်ကူးတွေ၊ အကြိုက်တွေ၊ ဝါသနာတွေ၊ အိပ်မက်တွေ တူညီနေရင် ကမ္ဘာကြီးက ပျဉ်းစရာကောင်းနေပါလိမ့်မယ်။ ဝေဖန်တာတွေ သုံးသပ်တာတွေကို စွန့်လွတ်ခြင်းက ကိုယ့်ဘဝကို ပျော်ရွှင်သာယာလာအောင် ကူညီပေးပါလိမ့်မယ်။

၎။လူတိုင်းကို စိတ်ကျေနပ်အောင် ထားချင်နေတဲ့စိတ်ကို စွန့်လွတ်ပါ။

တခြားလူတွေရဲ့ အဆင့်နဲ့ကိုက်ညီအောင် ကိုယ့်ကိုယ်ကို ပုံမသွင်းပါနဲ့။ လူတိုင်းကို စိတ်ကျေနပ်အောင် လုပ်လို့မှ မရတာ။ အဲဒီအစား ကိုယ့်အရှိအတိုင်းကိုယ်နေပါ။ ကိုယ့်လမ်းကိုယ်လျှောက်ပြီး ကိုယ်နှစ်သက်ရာနောက်ကို လိုက်ပါ။

၅။ကိုယ့်ကိုယ်ကို ဝေဖန်တာကိုလည်း စွန့်လွတ်ပါ။

ကိုယ့်ကိုယ်ကို တိုးတက်လာအောင် သုံးသပ်ကြည့်တာမျိုးကတော့ ကောင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းဝေဖန်ပြီး ထိန်းချုပ်နေမယ်ဆိုရင်လည် ကျဉ်းကျပ်ပါတယ်။ ဒီလိုမကောင်းတဲ့ ရှုထောင့်ကမြင်တာတွေက သတ္တိကြောင်စေပြီး တခါတရံစိတ်ကိုပါ ထိခိုက်စေပါတယ်။ ပျော်ရွှင်ချင်ရင် ကိုယ့်ကိုယ်ကို ပြည့်ပြည့်ဝဝ လက်ခံလိုက်ပါ။ ကိုယ့်ဘဝကြီးဘယ်လောက် လှပပြောင်းလဲသွားတယ်ဆိုတာ မြင်ရပါလိမ့်မယ်။

၆။အပြောင်းအလဲကို ကြောက်တတ်တဲ့စိတ်ကို စွန့်လွတ်ပါ။

အပြောင်းအလဲတွေဆိုတာက ကြောက်စရာကောင်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါကလည်း တိုးတက်ပြောင်းလဲတာပဲလေ။ မပြောင်းလဲဘဲနဲ့ ရှေ့ဆက်ဖို့က ခက်ခဲပါတယ်။ ဘဝဆိုတာ အမြဲတိုးတက်ပြောင်းလဲနေတာပါ။ သက်သာသလိုပဲနေနေမယ်ဆိုရင် အပြောင်းအလဲတွေကို ကြောက်လာမှာပါ။ ဒါကြောင့် အပြောင်းအလဲဆိုတာ တိုးတက်ခြင်းဖြစ်တယ်လို့ ကိုယ့်အမြင်တွေကို ပြောင်းလဲလိုက်ပါ။

၇။ရည်းစားဟောင်းအကြောင်း စဉ်းစားနေတာတွေကို စွန့်လွတ်ပါ။

ရည်းစားဟောင်းကလည်း အတိတ်ဖြစ်သွားပြီလေ။ သူနဲ့လက်တွဲဖြုတ်ခဲ့တာကလည်း အကြောင်းတစ်ခုခုကြောင့်ပါ။ ရည်းစားဟောင်းအကြောင်းတွေ မေ့ပစ်ခြင်းအားဖြင့် အချစ်သစ်အတွက် တစ်နေရာကို လွတ်မြောက်စေတာပေါ့။

၈။အပြစ်တင်တာကို စွန့်လွတ်ပါ။

တစ်ခုခုကို ဒါမှမဟုတ် တစ်ယောက်ယောက်ကို အပြစ်တင်ခြင်းက တစ်ခုခုကို လုပ်လို့ရနိုင်မယ့် ကိုယ့်ရဲ့အဖိုးတန်တဲ့ စွမ်းအင်တွေကို ဆုံးရှုံးခံနေတာပါ။ ဒါကြောင့် အပြစ်တင်တာကို စွန့်လွတ်ပြီး စိတ်အေးအေးထားပါ။ ကိုယ့်ဘဝအတွက် ကိုယ့်မှာတာဝန်အပြည့်ရှိပါတယ်။

၉။မလုပ်နိုင်ဘူးလို့ထင်တာတွေအားလုံးကို စွန့်လွတ်ပါ။

အောင်မြင်မှုကနေ ကိုယ့်ကိုပိတ်ပင်နေတဲ့လူကတော့ ကိုယ်ပါပဲ။ ကိုယ့်ခံယူချက်တွေကို ကိုယ်တိုင်ပြောင်းလဲနိုင်ပါတယ်။ ကိုယ်လုပ်နိုင်တယ်လို့ပဲ ဆုံးဖြတ်လိုက်ပါ။ ကိုယ့်အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်ပါ။

၁၀။အကြောက်တရားကို စွန့်လွတ်ပါ။

သောမတ်စ် ကာလိုင်း (Thomas Carlyle) ကပြောခဲ့ပါတယ် “အမျိုးသားတစ်ယောက်ရဲ့ ပထမတာဝန်က အကြောက်တရားကို ကျော်လွှားဖို့ပါ။ ဒါကိုမကျော်ဖြတ်နိုင်သ၍ ဘာမှလုပ်ဆောင်နိုင်မှာ မဟုတ်ဘူး”တဲ့။ အကြောက်တရားဆိုတာကလည်း တကယ်မရှိပါဘူး။ လူတွေစိတ်ထဲမှာ ဖန်တီးယူထားတဲ့ အရိပ်တစ်ခုပါပဲ။ ဒါကိုဖယ်ရှားပြီး ပိုပြည့်စုံတဲ့ဘဝမှာ နေထိုင်လိုက်ပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။