မိတ်ကပ်လိမ်းခြယ်ခြင်းကို မနှစ်သက်သူများအတွက် စိတ်ဖြေစရာလေးများ

0
1103

၁။ မိတ်ကပ်ဖိုး မကုန်တော့တာကြောင့် ငွေတွေပိုစုဆောင်း မိလာစေပါတယ်။

၂။ တစ်စုံတစ်ယောက်က “အရမ်းလှတာပဲ ” ပြောခဲ့ရင်တောင် ဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်အလှဖြစ်တယ်ဆိုတာ ယုံကြည်လို့ ရပါတယ်။

၃။ အချိန်ကုန်သက်သာစေပါတယ်။

၎။ မိတ်ကပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကြောင့် အသားအရေ ပျက်စီးမှာ မပူရတော့ဘူးပေါ့။

၅။ ငိုချင်တဲ့အခါမှာလည်း မျက်လုံးမှာ ခြယ်ထားတဲ့ လိုင်နာတွေအတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ အားရပါရသာ ငိုပါလေတော့။ 😀

၆။ အဝတ်အစားတွေမှာ မိတ်ကပ်စွန်းပေမှာလည်း ပူစရာမလိုတော့ပါဘူး။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။ ကိုယ့်မျက်နှာနဲ့ မတည့်တဲ့ မိတ်ကပ်တွေအတွက်လည်း ပူစရာမလိုတော့ပါဘူး။

၈။ ညဘက် အိပ်ယာဝင်တဲ့ အခါမှာလည်း ပင်ပန်းတဲ့အခါ မျက်နှာမသစ်ဘဲ ဝင်အိပ်လိုက်လို့ ရပါတယ်။

၉။ ချစ်သူကို အကြင်နာပေးတဲ့ အခါမှာလည်း သူ့မျက်နှာ ပေကျံမမရှိတော့ဘူးလေ။

၁ဝ။ မိတ်ကပ်လိမ်းထားခြင်းကြောင့် စိတ်မလွတ်မလပ် ဖြစ်နေစရာလည်း မလိုတော့ပါဘူး။

ကဲ အထက်ပါ အကျိုးကျေးဇူးလေးတွေ ဖတ်ပြီးသွားတဲ့ အချိန်မှာတော့ မိတ်ကပ်လိမ်းရတာ ဝါသနာပါလွန်းသူတွေတောင် စဉ်းစားစရာလေး ဖြစ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ အမြဲတမ်းမဟုတ်တောင် ရုံးပိတ်ရက်လေးတွေမှာ မိတ်ကပ်မလိမ်းဘဲ သဘာဝအတိုင်းလေး နေကြည့်ပြီး အထက်ပါ အကျိုးကျေးဇူးလေးတွေ ခံစားကြည့်ဖို့ အကြံပေးလိုက်ရပါတယ်။ အကယ် သင့်မှာလည်း မိတ်ကပ်မလိမ်းခြယ်ခြင်းက ရရှိနိုင်တဲ့ အကျိုးကျေးဇူးလေးတွေ ရှိရင် Comment Box မှာ မျှဝေပေးဖို့ ဂန္ထဝင်မှ ဖိတ်ခေါ်ပါတယ်။

သဘောကျ နှစ်သက်ခဲ့ရင် Share ဖို့မမေ့နဲ့နော်။

Leave a Reply