ဘဝမှာ ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ ချစ်ခြင်း (၇)မျိုး

1
3263

လူတော်တော်များများကတော့ အချစ်ကို စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်မျိုးနဲ့ ဆက်နွယ်ထားကြပေမယ့် ဘဝမှာကြုံတွေ့နိုင်တဲ့ တခြားအချစ်မျိုးတွေ ရှိပါတယ်။ အချစ်နဲ့ဆင်တူတဲ့ ခံစားချက်မျိုးလည်း ခံစားဖူးခဲ့ရင် ခံစားဖူးခဲ့လိမ့်မယ်။ ဒါပေမယ့် ဒါကဘယ်လိုအချစ်မျိုးလည်းဆိုတာ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ တုံ့ပြန်ခြင်းမရှိတဲ့ ချစ်ခြင်း

တုံ့ပြန်ခြင်းမရှိတဲ့ ချစ်ခြင်းကတော့ တကယ့်ကိုစိန်ခေါ်တဲ့ ချစ်ခြင်းပါပဲ။ ဒီအချစ်မျိုးက ကိုယ့်ကို ခံစားစေပြီး ဆိုးရွားစွာနာကျင်စေပါတယ်။ ကိုယ်ချစ်တဲ့လူက ကိုယ့်လိုမခံစားရတာက ရင်နာစရာကောင်းလှပါတယ်။ ဒီအချစ်မျိုးက ကိုယ့်ကိုကြံ့ခိုင်စေပြီး အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်စေပါတယ်။ ကိုယ့်ရဲ့အစွဲအလမ်းနဲ့ ကိုယ့်ကိုမချစ်တဲ့လူဆီကနေ ဖြူစင်တဲ့ချစ်ခြင်းကို လိုလားတောင့်တစိတ်လေးတွေကို ထိန်းချုပ်နိုင်ဖို့ သင်ယူသင့်ပါတယ်။ နာကျင်ခံစားရတာတွေကို ကိုင်တွယ်နိုင်ဖို့ကြိုးစားပါ။ ဒုက္ခဖြစ်စေတဲ့ ခံစားချက်ပေါ်ကို အာရုံစိုက်ခြင်းကို ရှောင်ကြဉ်ပါ။ ရှေ့ဆက်လျှောက်လိုက်ပါ။ ကိုယ့်ရဲ့ဖူးစားရှင်ကို ရှာဖို့အတွက် အခွင့်အရေးတွေ အများကြီးကို ရှာတွေ့ပါလိမ့်မယ်။

၂။ တဏှာစိတ်ကင်းသော ချစ်ခြင်း

ဒီချစ်ခြင်းမျိုးကတော့ ကိုယ်ချစ်မြတ်နိုးတဲ့လူအပေါ် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ကူးယဉ်ဆန်ဆန် စွဲလမ်းမှုမျိုး မလိုအပ်တဲ့ ချစ်ခြင်းမျိုးပါ။ ဒီလိုအချစ်မျိုးက သူငယ်ချင်းတွေကြားမှာ တွေ့နိုင်ပါတယ်။ ဒီအချစ်မျိုးကတော့ တွေ့ရများတဲ့ အချစ်မျိုးပါ။ နေ့စဉ်လူတွေက လူပေါင်းများစွာနဲ့ တူတူ အလုပ်လုပ်တွဲလုပ်နေရတာတွေကြောင့်ပါ။ ကိုယ့်စိတ်ကို လှုံ့ဆောင်အားပေးတဲ့ လှပပြီး ချစ်ဖို့ကောင်းတဲ့ လူမျိုးအပေါ်မှာလည်း ချစ်သွားနိုင်သလို ကိုယ့်ကို ကောင်းမြတ်သောစိတ်ထားတတ်အောင် လမ်းပြပေးတဲ့ လူမျိုးအပေါ်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

၃။ ကိုယ့်ကိုယ်ကိုချစ်သော ချစ်ခြင်း

ကိုယ့်ကိုယ်ကို ချစ်စရာကောင်းတဲ့လူလို့ ထင်ပါသလား။ မထင်ဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို တန်ဖိုးထားခြင်းအပေါ်မှာ ပြဿနာတစ်ခုခု ရှိနေပါပြီ။ တစ်ခုခုလုပ်ဖို့တော့ လိုအပ်နေပါပြီ။ ပထမဆုံး ကိုယ့်ကိုယ်ကို အရင်ချစ်ပါ၊ ဒါမှ တခြားလူကိုချစ်ဖို့ အခွင့်အလမ်းတွေ ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့အခါမှ ကိုယ်ကတစ်ယောက်ယောက် အချစ်ကို လက်ခံဖို့ ထိုက်တန်ပါလားဆိုတာ နားလည်သဘောပေါက်ပါလိမ့်မယ်။

၎။ ရာဂကြီးသော ချစ်ခြင်း

နေ့စဉ် အလုပ်သွားတဲ့ လမ်းမှာ ခန့်ညားတဲ့အမျိုးသား တစ်ယောက်ကိုမြင်ပြီး ချစ်မိသွားနိုင်ပါတယ်။ အချစ်နဲ့ပတ်သက်ပြီး ဘာမှမခံစားရဘဲ သူ့ကိုပဲအနမ်းပေးလိုတဲ့ ဆန္ဒရှိနေတယ် ဆိုပါစို့။ သူ့အကြောင်းဘာမှ မသိရင်တောင် ကိုယ့်စိတ်ကူးထဲမှာ သူ့ကိုမြင်ယောင်ပြီး စိတ်ကူးယဉ်နေရရုံနဲ့ ကျေနပ်နေတဲ့အချစ်မျိုးပါ။

၅။ ဖြူစင်သော ချစ်ခြင်း

ဒီလိုအချစ်မျိုးကိုတော့ ဇာတ်လမ်းတွေထဲမှာ မြင်ဖူးကြမှာပါ။ ဒီလိုအစွမ်းထက်တဲ့ အချစ်မျိုးက တစ်ဖက်လူရဲ့ နှလုံးသား၊ ခန္ဓာနဲ့ စိတ်ဝိညာဉ်ကို ချစ်မြတ်နိုးစေပါတယ်။ ချစ်စရာကောင်းတဲ့ လူနှစ်ယောက်ဟာ အထိန်းအချုပ်မရှိ ခံစားချက်လေးတွေ ပွင့်ထွက်လာတဲ့ အခါမျိုးပေါ့။ အချစ်စစ်ကို ခံစားဖူးတဲ့လူတွေဟာ ကမ္ဘာမှာ အပျော်ရွှင်ဆုံးလူတွေလို့ မှတ်ယူကြပါတယ်။ အချစ်စစ်ဆိုတာ တစ်ကြိမ်တစ်ခါပဲလာတယ်ဆိုတဲ့ ယုံကြည်မှုလေးတွေလည်း ရှိပါတယ်။

၆။ ကလေးတစ်ယောက်လိုအပြစ်ကင်းသော ချစ်ခြင်း

လူတိုင်း ဒီလိုအချစ်မျိုး ချစ်ဖူးကြမှာပါ။ ကလေးအရွယ် ငယ်စဉ်တုန်းက ခဏခဏကြုံတွေ့ ခဲ့ရဖူးတယ်မဟုတ်လား။ ဒီအချစ်က အပြစ်ကင်းပါတယ်။ လူတစ်ယောက်ကို ချစ်စရာကောင်းတဲ့ ခွေးလေးလို၊ ကလေးလေးလို ဆက်ဆံမယ်ဆိုရင် ဒီအချစ်မျိုးကို အပြစ်ကင်းသော ချစ်ခြင်း (puppy love) လို့ခေါ်ပါတယ်။

၇။ မရနိုင်သော ချစ်ခြင်း

ဂျော်နီ ဒပ် (Johny Depp) ကိုချစ်ဖူးကြပါသလား။ တကယ်အစစ်မဟုတ်ဘဲ စိတ်ကူးထဲကနေ ချစ်နေရတာမျိုး လူတိုင်းကြုံတွေ့ဖူးကြမှာပါ။ ဘယ်လောက်ပဲ မရနိုင်တဲ့ အချစ်ဖြစ်နေပါစေ သူ့အကြောင်းပဲ စိတ်ကူးယဉ်နေတယ်လေ။ ကိုယ်ချစ်ကြိုက်တဲ့ အနုပညာရှင် တစ်ယောက်နဲ့ တူတူနေနိုင်ဖို့ဆိုတာ လက်တွေ့မှာဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့်လည်း ဒီလိုစိတ်ကူးလေးတွေက တစ်ဖက်သက်ဖြစ်နေတဲ့ ကိုယ့်အတွေးတွေအတွက် ဘာမှမလုပ်ပေးနိုင်ပါဘူး။ ကိုယ်မကြိုက်ဘဲ မနေနိုင်လောက်အောင်ကို  မင်းသားတွေအားလုံးကတော့ အရမ်းကို ပြီးပြည့်စုံကြတာကိုး။

များပြားလှတဲ့ချစ်ခြင်းမျိုးတွေ များများကို ကြုံတွေ့ခံစားဖူးလေလေ ကိုယ်ကအသက်ကြီးလာလေလေပါပဲ။ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အချစ်မျိုးက ဘယ်လိုမျိုးလေးပါလဲ။ ဘယ်အချစ်မျိုးကရော အခိုင်မာဆုံးလို့ထင်ပါသလဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။

1 COMMENT

Comments are closed.