ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုအပေါ်ပြန်လည် သုံးသပ်ခြင်း

0
1052

မိန်းကလေးတစ်ယောက်က ဆေးဆိုင်တစ်ခုထဲကို ၀င်သွားခဲ့သည်။ ထို့နောက် ဆိုဒါဖာတစ်ခုကို တယ်လီဖုန်းရှိရာဆီသို့ ဆွဲလာခဲ့သည်။ သူ့အရပ်လေးကမရှည်သေးတော့ ဆိုဒါဖာလေးပေါ်တက်လိုက်မှ တယ်လီဖုန်း ခလုတ်လေးတွေကို နှိပ်လို့ရတယ်လေ။ ထို့နောက် နံပါတ်လေးတွေနှိပ်ပြီး ဖုန်းခေါ်ဆိုပါတယ်။ သူ့ကိုသတိထားမိသော ဆိုင်ပိုင်ရှင်က သူဖုန်းဆက်တာကို နားထောင်မိနေတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

မိန်းကလေး။     ။ကျွန်မကို အဒေါ့်ရဲ့ခြံထဲက မြက်တွေရိတ်ဖို့အတွက် အလုပ်ပေးနိုင်မလားရှင်။

ဖုန်းထဲမှမိန်းမကြီး။        ။စိတ်မကောင်းပါဘူး သမီးရယ်၊ အဒေါ့်မှာ လက်ရှိလုပ်နေတဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်။

မိန်းကလေး။     ။အဒေါ်အခုခန့်ထားတဲ့ မိန်းကလေးလစာရဲ့ တစ်ဝက်ပဲသမီးကိုပေးပါ။

ဖုန်းထဲမှမိန်းမကြီး။        ။အခုအဒေါ့်မြက်ခင်းတွေကို ရှင်းပေးတဲ့ မိန်းကလေးကိုအဒေါ်အလွန်စိတ်တိုင်းကျလို့ပါ သမီးရယ်၊ စိတ်မကောင်းပါဘူး။

မိန်းကလေး(မလျှော့သောဇွဲဖြင့်)။ ။အဒေါ်ရယ်၊ သမီးအဒေါ့်ရဲ့ ပလက်ဖောင်းတွေနဲ့ လမ်းလေးတွေကိုပါ လှည်းပေးပါ့မယ်။ ဖလော်ရီဒါမြို့မှာ အဒေါ့်ရဲ့မြက်ခင်းစိမ်းတွေက အလှဆုံးဖြစ်သွားအောင်လုပ်ပေးမှာပါ။

ဖုန်းထဲမှမိန်းမကြီး။        ။ရပါပြီသမီးရယ်၊ ကျေးဇူးတင်ပါတယ်။

မိန်းကလေးလဲ အပြုံးလေးနဲ့ပဲ ဖုန်းကိုချလိုက်တယ်။ မိန်းကလေးဖုန်းပြောနေတာတွေကို အားလုံးကြားလိုက်တဲ့ ဆိုင်ပိုင်ရှင်က သူမရှိရာကိုလာခဲ့ပြီ…

ဆိုင်ရှင်။                    ။သမီးလေး.. ဦးကသမီးရဲ့စိတ်နေသဘောထားလေးကို သဘောကျလို့ပါ။ သမီးမှာ အကောင်းမြင်တတ်တဲ့စိတ်ကလေးရှိလို့ ဦးကသမီးကို အလုပ်တစ်ခုပေးချင်ပါတယ်။

မိန်းကလေး။     ။ကျေးဇူးတင်ပါတယ်၊ သမီးမယူတော့ပါဘူး။

ဆိုင်ရှင်။                    ။ဒါပေမယ့် အခုသမီးအလုပ်တစ်ခုရဖို့ ကြိုးစားတောင်းဆိုနေတာမဟုတ်ဘူးလား။

မိန်းကလေး။     ။မဟုတ်ပါဘူး..ဦးလေး၊ ကျွန်မလက်ရှိလုပ်နေတဲ့အလုပ်မှာ ကျွန်မရဲ့စွမ်းဆောင်ရည်ဘယ်လောက်ရှိလဲဆိုတာ စမ်းသပ်နေတာပါ။ ကျွန်မဖုန်းပြောခဲ့တဲ့ အမျိုးသမီးဆီမှာလက်ရှိလုပ်နေတဲ့ မိန်းကလေးက ကျွန်မပါပဲ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။