ကမ္ဘာကြီးကို ပြောင်းလဲချင်သူ

0
1006

ကျွန်တော်ငယ်တုန်းကပေါ့၊ ကမ္ဘာကြီးကို စိတ်ကြိုက်ပြောင်းလဲချင်ခဲ့တယ်လေ။

ကျွန်တော် နဲနဲအရွယ်ရောက်လာတော့ ကမ္ဘာကြီးက ပြောင်းလဲဖို့မလွယ်ကူဘူးဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ကျွန်တော်လည်း နိုင်ငံကိုတော့ပြောင်းလဲနိုင်အောင် ကြိုးစားခဲ့တယ်လေ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံကိုလည်း ပြောင်းလဲရခက်ခဲမှန်း ကျွန်တော်သိလိုက်ရတော့ ကိုယ်မြို့ကိုပဲပြောင်းလဲနိုင်ဖို့အာရုံစိုက်ခဲ့တယ်။ ဒီလိုနဲ့ အသက်လေးရလာတာနဲ့အမျှ မြို့ကိုလည်းမပြောင်းလဲပေးနိုင်ဘူးဆိုတာသိလာတော့ ကိုယ်ရဲ့မိသားစုကိုပဲ ပြောင်းလဲပေးတော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်။

အခု ကျွန်တော်လည်း အဘိုးအို တစ်ယောက်ဖြစ်နေပါပြီ။ ကျွန်တော်ဘယ်သူ့ကိုမှမပြောင်းလဲနိုင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုပဲ ပြောင်းလဲနိုင်တော့တယ်လေ။

ဒီလိုစဉ်းစားမိပြီးတဲ့အခါ ကျွန်တော်သဘောပေါက်သွားတယ်။ ကျွန်တော် ငယ်တုန်းက ကိုယ့်ကိုယ်ကို အရင်ပြောင်းလဲခဲ့ရမှာ။ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်မှ မိသားစုကို ပြောင်းလဲပေးရမယ်၊ မိသားစုကို ပြောင်းလဲနိုင်ရင် ကိုယ်နေထိုင်တဲ့မြို့အတွက်ကြိုးစား ပြီးမှကိုယ့်နိုင်ငံအတွက်လုပ်ဆောင်ပေးပြီး၊ နောက်ဆုံးတော့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်သွားပြီလေ။ ကျွန်တော်ဒီအတွေးလေးကို ကျွန်တော့တစ်ဘ၀လုံးရင်းပြီးမှ ရခဲ့တာပါ။ ကျွန်တော့အတွက်တော့ အသုံးမ၀င်တော့ပေမယ့် ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့သူတွေရှိခဲ့ရင် ကျွန်တော့လို တစ်ဘ၀လုံးမရင်းနှီးဘဲ ကျွန်တော့သင်ခန်းစာလေးကို သတိရကြပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။