၂ဝ၁၈၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ)

0
94
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အသေးအဖွဲကိစ္စလေးအတွက်နဲ့ အခင်မင်ရဆုံးသူငယ်ချင်းတွေနဲ့ စိတ်ဝမ်းကွဲရတတ်တယ်။ အ ပြောအဆို၊ အနေအထိုင်ဆင်ခြင်ပါ။ ကြားလူတွေကို သတိထားပါ။ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ငန်း တိုးချဲ့လုပ်ကိုင်ဖို့ အခွင့်အရေးကောင်းတွေတွေ့မယ်။ ဝန်ထမ်းဖြစ်ပါက နေမြဲအတိုင်းပါ။ အချစ်ရေးမှာ နားလည်မှုရှိသူနဲ့ဆုံရမယ်။

ယတြာ။         ။ ကြာဆံကြော်ပြီး အိမ်နီးချင်းဝေပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ 

အစားမှားပြီး ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တယ်။ အစားအသောက် ဆင်ခြင်သတိပြုပါ။ နေအိမ် ကို ရပ်ဝေးဧည့်သည့်တွေ အလာစိပ်နေမယ်။ သင့်အတွက် ပျော်ရွှင်စရာ သတင်းစကားတွေပါလာမယ့် ဧည့်သည်တွေဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းသစ်ချဲ့ထွင်ရန် အချိန်ကောင်း မဟုတ်သေးပါ။ အချစ်ရေးသာယာပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ရွှေပန်း၊ ငွေပန်းကပ်လှူပါ။

၃။ မေထုန်ရာသီဖွား (Gemini)     
မေလ(၂၂) မှ ဇွန်လ (၂၁)အတွင်း မွေးဖွားသူများ

စိတ်တွေပျံ့လွင့်နေတာကြောင့် အလုပ်ထဲ အမှားမှားအယွင်းယွင်းလေးတွေ ဖြစ်နေမယ်။ မလို သူတွေရဲ့စကားတင်းဆိုကဲ့ရဲ့မှုတွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်နေရမယ့်ကာလပါ။ ဘယ် အရာကိုပဲဖြစ်ဖြစ် အလောသုံးဆယ်မဆုံးဖြတ်ပါနဲ့။ စိတ်အေးအေးထားပြီး အချိန်ယူဆုံးဖြတ်ပါ။ မကြာ ခင်မှာ အခက်အခဲတွေကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးနံထောင့်မှာစံပယ်ပန်းကပ်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) ရက် မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

မိသားစုဝင်တစ်ဦးရဲ့ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကြောင့် ပူပန်သောကဖြစ်နေရမယ်။ ဝန် ထမ်းဖြစ်ပါက ရာထူးအပြောင်းအရွှေ့ရှိမယ်။ စိတ်ဖိစီးမှုတွေပိုနေတတ်တာကြောင့် သင့်ကိုယ်သင် အ နားပေးပါ။ ကျန်းမာရေးဂရုစိုက်ပါ။ ငွေကြေးကံ အထူးကောင်းနေပါတယ်။ ထီထိုးပါ။

ယတြာ။         ။ မွေးနံထောင့်မှာ နှင်းဆီပန်းလှူပါ။

၅။ သိဟ်ရာသီဖွား (Leo)

ဇူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

        အလုပ်နဲ့ကိုယ်ရေးကိုယ်တာကြားမှာ ဗျာများနေရမယ့်ကာလ ဖြစ်ပါတယ်။ လူမှုရေးကိစ္စတွေ ကလည်း များနေတာကြောင့် ပြေးပြေးလွှားလွှားဖြစ်နေမယ်။ ငွေကုန်ကြေးကျများနေမယ်။ မိတ်ဆွေ သစ်၊ မိတ်ဆွေကောင်းတွေ တိုးမယ်။ အချစ်ရေးမှာ အသက်ငယ်သူနဲ့ဆုံဆည်းရတတ်တယ်။

ယတြာ။         ။ နာမကျန်းသူတစ်ဦးကို ဆေးဖိုးဝါးခဒါနပြုပါ။

၆။ ကန်ရာသီဖွား (Virgo )  
သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

        အစစအရာရာအဆင်ပြေချောမွေ့နေတဲ့ ကာလဖြစ်ပါတယ်။ သင်လုပ်သမျှ မျှော်မှန်းထားတာ ထက် ပိုအောင်မြင်မှုရှိနေတာကြောင့်လည်း ကျေနပ်အားရနေမိလိမ့်မယ်။ ပညာရေးသမားများ နိုင်ငံ ရပ်ခြားကို ခရီးထွက်ရကိန်းရှိတယ်။ ကျန်းမာရေးအနေနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ ဝေဒနာခံစားရတတ် တယ်။ သတိပြုပါ။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၇။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

        ငွေကြေးကံအထူးပွင့်လန်းနေတဲ့ ကာလဖြစ်ပါတယ်။ လုပ်သမျှအလုပ်တိုင်းက အောင်မြင်မှု ရမယ်။ နေအိမ်သစ်ပြုပြင်ရမယ်။ စက်ပစ္စည်းအသစ်ဝယ်ရပါမယ်။ အလှူအတန်းပြုရမယ်။ ကျန်းမာ ရေးအနေနဲ့ အက်ဆီးဒင့်အသေးစားလေးတွေဖြစ်တတ်တယ်။ ကားမောင်း၊ ဆိုင်ကယ်မောင်း သတိ ပြုပါ။ အချစ်ရေး သင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငှက်လွှတ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

        ရောက်လေရာမှာ ချစ်ခင်သူတွေ ဝိုင်းဝိုင်းလည်နေပြီး အထူးစန်းပွင့်နေတဲ့ ကာလဖြစ်ပါတယ်။ ရည်မှန်းထားတဲ့အလုပ်လေးတွေကတော့ နည်းနည်းကြန့်ကြာနှောင့်နှေးနေပါဦးမယ်။ စိတ်ရှည်ရှည်နဲ့ သာ ဆက်လက်ကြိုးစားလိုက်ပါ။ မကြာခင်မှာ အခက်အခဲတွေပြေလည်သွားမှာပါ။ ကျန်းမာရေး သင့် ပါတယ်။

ယတြာ။         ။ မွေးရက်မှာ လူကြီးမိဘကို ငွေကြေးနဲ့ကန်တော့ပါ။

၉။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ       

မလိုသူတွေရဲ့တိုက်ခိုက်ထိုးနှက်မှုတွေကြောင့် အလုပ်မှာ စိတ်ကသိကအောက်ဖြစ်နေရမယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ သင်လုပ်စရာရှိတာကိုသာ လုပ်ပါ။ အချိန်တန်ရင် သင့်ကြိုးစားမှုနဲ့ထိုက်တန် တဲ့ နေရာကို သင်ရောက်သွားမှာပါ။ အချစ်ရေး အထူးကောင်းမွန်နေပါတယ်။ သင်သဘောကျသူဆီ က တုံ့ပြန်မှုကောင်းကို လက်ခံရရှိမယ်။
ယတြာ။         ။ မွေးရက်မှာ အခင်ဆုံးသူငယ်ချင်းကို မုန့်ကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြန့်ကြာနေတဲ့ ကြွေးဟောင်းတွေ မမျှော်လင့်ဘဲ ပြန်လည်ရရှိမယ်။ ကွဲကွာနေတဲ့ မိတ်ဆွေ ဟောင်းတွေနဲ့ ပြန်ဆုံဆည်းမယ်။ ပျော်စရာအလည်အပတ်ခရီးတွေ မကြာခဏထွက်ရမယ်။ ဝန်ထမ်း များ အပြောင်းအရွှေ့မရှိနိုင်သေးပါ။ အချစ်ရေးမှာ တစ်နယ်တစ်ကျေးကသူနဲ့ ချစ်ကြိုးသွယ်ရကိန်း ရှိတယ်။

ယတြာ။         ။ မွေးရက်မှာ ကြာဆံကြော်ဆွမ်းလောင်းပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )    

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

        ပြဿနာဟောင်း၊ အမှုဟောင်းတွေ ပြန်ပေါ်တတ်တယ်။ ပိုပြီး အမူကြီးသွားတတ်တာကြောင့် စိတ်လိုက်မာန်ပါ မတုံ့ပြန်ပါနဲ့။ စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်ဖြေရှင်းပါ။ ငွေရေးကြေးရေးကိစ္စတွေမှာ ထင်ထားတာထက် ပိုအဆင်ပြေနေတတ်ပါတယ်။ အချစ်ရေးအနေနဲ့ မျှော်လင့်မထားတဲ့သူနဲ့ ချစ် ကြိုက်ရတတ်တယ်။

ယတြာ။         ။ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

        ပျော်ရွှင်စရာလေးတွေ ဝေစည်နေတဲ့ကာလဖြစ်ပါတယ်။ မိသားစုအရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံအဆင်ပြေနေမယ်။ စီးပွားရေးအနေနဲ့ ဗုဒ္ဓဟူးနံနဲ့စတဲ့လုပ်ငန်းတွေ အကျိုးပေးမယ်။ ငွေလိမ်ခံရ တတ်တယ်။ သတိပြုပါ။ အချစ်ရေးလည်း ကောင်းပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ သောက်တော်ရေချမ်းကပ်လှူပူဇော်ပါ။

ယခုစာစောင်လေးကို LIKE & SHARE လုပ်ပြီး မိတ်ဆွေတွေကို ပြန်မျှဝေပေးလိုက်ပါဦးနော်။