ဖြည့်စွက်အားဆေးတွေကို ဘာကြောင့် နေ့တိုင်းသောက်သုံးသင့်တာလဲ။

0
206

စာချစ်သူတို့ရေ…။

ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ဆိုရင် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ဖို့၊ ကောင်းမွန်စွာ အိပ်စက်အနားယူဖို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ဖို့ လိုပါတယ်။ ဘဝအတွက်လှုပ်ရှားရုန်းကန်နေရတဲ့အခါမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေစုံလင်အောင် ရွေးချယ်မစားသုံးနိုင်တဲ့အခါမှာ ကျန်းမာရေးချို့ယွင်းမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်ဖြည့်စွက် အားဆေးတွေကို နေ့တိုင်းသောက်သုံးပေးဖို့လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့….

အာဟာရဓာတ်တွေအစုံပါတဲ့ အားဆေးတွေနေ့တိုင်းသောက်သုံးခြင်းအားဖြင့်….

ခန္ဓာကိုယ်က အာဟာရဓာတ်တွေကို အလွယ်တကူစုပ်ယူနိုင်တဲ့အတွက် အာဟာရဓာတ်ပြတ်လပ်နိုင်ခြေလျော့နည်းလာမယ်။

Vitamin B1, B2, B6, K1, B3 ), CoQ10 နဲ့ မဂ္ဂနီယမ်ဓာတ် စတဲ့ သက်စောင့်ဓာတ်တွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေတဲ့အတွက် နှလုံးရောဂါဖြစ်ပွားနိုင်ခြေလျော့နည်းလာမယ်။

အသက် (၅ဝ) ဝန်းကျင် အမျိုးသားတွေကို လေ့လာကြည့်လိုက်တဲ့အခါ ဖြည့်စွက်အားဆေးတွေ သောက်သုံးတဲ့အမျိုးသားတွေဟာ ကင်ဆာရောဂါဖြစ်နိုင်ခြေလျော့နည်းတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ဖြည့်စွက်အားဆေးနေ့တိုင်းသောက်သုံးခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကိုလည်း လျော့နည်းလာစေပါတယ်။

ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပြီး ဓာတ်မတည့်မှုတွေကို လျော့ကျစေပါတယ်။

အမြင်အာရုံကို ကြည်လင်စေပြီး ကြွက်သားနာကျင်ရောင်ယမ်းမှုတွေကိုလည်း ကာကွယ်ပေးပါတယ်။

ဆံပင်တွေကို သန်စွမ်းစေပြီး အသားအရည်ကို တင်းရင်းလှပစေပါတယ်။

စာချစ်သူတို့ရေ…။

ပျော်ရွှင်ကျန်းမာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြတ်လတ်တက်ကြွစွာလုပ်ဆောင်နိုင်ဖို့အတွက် ကျန်းမာဖို့လိုပါတယ်။ ကျန်းမာရေးကောင်းမွန်မှသာ စိတ်ချမ်းသာပျော်ရွှင်ပြီး ဘဝအတွက်လိုအပ်တဲ့ ပန်းတိုင်ကိုအရောက်လှမ်းနိုင်မှာမဟုတ်လား။ ဒါ့ကြောင့် နေ့စဉ်ဘဝအတွက်လိုအပ်တဲ့ သက်စောင့်အာဟာရဓာတ်တွေကို ဂရုတစိုက်ဖြည့်စွမ်းကြစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းစီစဉ်တင်ပေးလိုက်ပါတယ်ရှင်။