လောကဓံရဲ့ အထုအထောင်းကြားမှာ တောက်ပနေတဲ့ စိန်ပွင့်များ (သို့မဟုတ်) အမျိုးသမီးများ

0
208

မိန်းကလေးတစ်ယောက်ဟာ…

သမီးတစ်ယောက်အဖြစ်နဲ့ လောကကြီးထဲကိုရောက်လာခဲ့တယ်။

ဇနီးတစ်ယောက်အဖြစ်နဲ့ သူမဘဝကို ပြောင်းလဲပစ်ခဲ့တယ်။

မိခင်တစ်ယောက်ဖြစ်လာတဲ့အခါ သားသမီးတွေအတွက် ကိုယ့်ကိုယ်ကိုမေ့ပစ်နိုင်ခဲ့တယ်။

မိန်းကလေးတစ်ယောက်ဟာ…

တစ်စုံတစ်ယောက်ရဲ့ ညီမဖြစ်မယ်။

တစ်စုံတစ်ယောက်ရဲ့ သူငယ်ချင်းဖြစ်မယ်။

တစ်စုံတစ်ယောက်ရဲ့ မိခင်၊ အဒေါ်၊ အစ်မ၊ ညီမ ၊ ချစ်သူ တစ်ယောက်ဖြစ်မယ်။

မိန်းကလေးတစ်ယောက်ရဲ့ အခန်းကဏ္ဍတွေက အမျိုးမျိုးရှိလိမ့်မယ်။

ဒါပေမဲ့ မိန်းကလေးဆိုတာကလေ…..

ထီးတစ်လက်လို မိဘတွေကို လုံခြုံမှုပေးစွမ်းနိုင်တယ်…

ဇနီးတစ်ယောက်အဖြစ် ခင်ပွန်းရဲ့ ဘဝခရီးကို အားဖြည့်ပေးနိုင်စွမ်းတယ်….

မိခင်တစ်ယောက်အဖြစ် သားသမီးတွေကို ထိန်းကျောင်းပဲ့ပြင်ပေးနိုင်တယ်…

အစ်ကိုတွေအတွက် ရင်ဖွင့်ဖော်…

မောင်လေးတွေရဲ့ တိုင်ပင်ဖော်…

သူငယ်ချင်းတွေအတွက် အကြံပေးဖော်… အဖြစ် နေရာတိုင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်တယ်။

နာကျင်စရာတွေကို မျက်ရည်နဲ့ဖော်ပြကြတယ်။ ဝမ်းနည်းမှုတွေကို ခါးစည်းခံကြတယ်။

ကြေကွဲမှုတွေကို တိတ်တဆိတ်ကျော်ဖြတ်ကြတယ်။

အားနွဲ့တယ်ဆိုတဲ့ မိန်းကလေးတွေဟာ အတောင်နှစ်ဆယ်ဝတ်ယောက်ျားသားတစ်ယောက် အားငယ်ဝမ်းနည်းတဲ့အခါ စိတ်ဓာတ်ခွန်အားတွေ မြှင့်တင်ပေးနိုင်ကြတယ်။

ပိုးဟပ်ကြောက်တတ်ပေမယ့် လောကဓံကိုကြုံရတဲ့အခါ ရဲဝံ့စွာရင်ဆိုင်နိုင်ကြတယ်။

ရေတံခွန်ကိုဖြတ်ကျော်ဖို့ ချစ်သူလက်ကို တွဲကိုင်တတ်ပေမယ့် ရန်စွယ်တွေကို ဖြတ်ကျော်ဖို့ ချစ်သူကို ခွန်အားပေးစွမ်းနိုင်တယ်။

ဖိအားတွေ၊ အခက်အခဲတွေ၊ အသည်းကွဲခြင်းတွေကို ကျော်ဖြတ်ပြီးတဲ့အခါ ပိုမိုသန်စွမ်းလာကြတယ်။

မိန်းကလေးတွေဆိုတာလေ ဖိအားတွေ၊ ရိုက်နှက်ချက်တွေကို ကျော်ဖြတ်ပြီးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုအလှပဆုံး ပြန်တည်ဆောက်နိုင်ကြတယ်။

နှစ်သန်းတစ်ထောင်ကျော် ဖိအားသက်ရောက်ပြီးမှ တောက်ပလာတဲ့ စိန်ပွင့်လေးတွေလိုပဲ လောကဓံရဲ့ အထုအထောင်းကို ကျော်ဖြတ်လာတဲ့ မိန်းကလေးတစ်ယောက်ဟာလည်းပဲ တောက်ပလာတတ်ကြပါတယ်။

မိခင်စိတ်တွေနဲ့၊ ကိုယ်ချင်းစာစိတ်တွေနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုတတ်တဲ့ မိန်းကလေးတွေ အားလုံးကို ဇွန်လ ၂၉ ရက်နေ့မှာ ကျရောက်မယ့် မြန်မာအမျိုးသမီးများနေ့မှာ ဂုဏ်ပြုပေးလိုက်ကြရအောင်။

သင့်ကိုစိတ်ဓာတ်ခွန်အားတွေ ဖြည့်စွမ်းပေးနေတဲ့ သင့်ရဲ့ဇနီး…

သင့်ဘဝကို အမြဲနားလည်ပေးတဲ့ သင့်ရဲ့ညီမလေး…

သင့်ကိုလောကကြီးထဲ ခေါ်ဆောင်လာခဲ့တဲ့ သင့်ရဲ့မိခင်ဟာ စိန်ပွင့်လေးတွေလို တောက်ပတန်ဖိုးကြီးတဲ့ အာဂအမျိုးသမီးတွေကို လေးစားမြတ်နိုးပါ။ ချစ်ခင်တန်ဖိုးထားပါ။ အချိန်တိုင်းကို နေပျော်စေခဲ့တဲ့အတွက် ဂုဏ်ပြုကျေးဇူးတင်ပေးပါနော်။

သင့်ဘဝကို အမှတ်တရဖြစ်စေခဲ့တဲ့ စိန်ပွင့်နဲ့တူတဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုဂုဏ်ပြုပေးဖို့အတွက် စိန်ပွင့်လေးတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် ရွှေမန္တလေးက တော်ဝင်စိန်တိုက်ရှိပါတယ်နော်။

သင်တန်ဖိုးထားမြတ်နိုးရတဲ့ အမျိုးသမီးတွေအတွက် လှပတဲ့ဒီဇိုင်းတွေကို အကောင်းဆုံးအရည်အသွေးနဲ့ ရရှိနိုင်တာကြောင့် အရည်အသွေးနဲ့ ဈေးနှုန်းအတွက် ခေါင်းစားစရာမလိုပါဘူးနော်။

ဝယ်သူတွေရဲ့ စိတ်ချမ်းသာမှုဟာ တော်ဝင်စိန်တိုက်ရဲ့ တန်ဖိုးထားရာဖြစ်တာကြောင့် သင်တန်ဖိုးထားတဲ့ အမျိုးသမီးတွေအတွက် စိန်ပွင့်လေးတွေကို ရွေးချယ်ဝယ်ယူဖို့ သင့်ကိုစောင့်နေပါတယ်။

ဒီနှစ် မြန်မာအမျိုးသမီးများနေ့ကို တော်ဝင်စိန်တိုက်နဲ့ အတူဆင်နွှဲပြီး တောက်ပတဲ့ အနာဂတ်အတွက် ခြေလှမ်းတွေစတင်ရအောင်။

စာချစ်သူများရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။