ယောကျာ်းချုပ်ဆေး

0
170

ခင်ပွန်းနဲ့လက်ထပ်ပြီးကာစအချိန်တွေကို မှတ်မိသေးလား စာချစ်သူတို့။

ပျားရည်ဆမ်းကာလက တစ်ယောက်ကိုတစ်ယောက်မျက်စိရှေ့က အပျောက်မခံနိုင်ဘဲ ချစ်ခင်မြတ်နိုးနေတဲ့ကာလက ချစ်ခြင်းတွေအကြောင်း သတိရသေးလား…

အိမ်ထောင်ကျပြီး ကလေးငယ်တွေရလာတဲ့အခါ သားသမီးတွေဝေစည်ပြီး တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေခိုင်မာလာတယ်ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ “ခင်ပွန်းသည်က အရင်လိုမဟုတ်တော့ဘူး။ အရင်ကလို ချစ်မြတ်နိုးမှုတွေ ပျောက်ကုန်ပြီ။ ရင်ခုန်လှိုက်မောခြင်းတွေလည်း အေးစက်ကုန်ပြီ” စတဲ့  ညည်းတွားမှုတွေဟာ နှစ်ကြာလာတဲ့အခါမှာ ချစ်ခြင်းတွေကို ပူနွေးနေအောင် နွေးပေးဖို့လိုတယ်ဆိုတာ ပြသနေတဲ့အချက်လေးတွေပဲ မဟုတ်လား။ ဒါကြောင့် ဂန္ထဝင်စာချစ်သူ အိမ်ထောင်ရှင်မမများအတွက် ခင်ပွန်းသည်က အမြဲချစ်ခင်နေစေဖို့ ချုပ်ထားနိုင်မယ့်နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

ခင်ပွန်းသည်အတွက် ယုံကြည်ထိုက်တဲ့ ဇနီးသည်တစ်ယောက်ဖြစ်အောင်၊ ခင်ပွန်းသည်ကိုယုံကြည်တဲ့ ဇနီးသည်တစ်ယောက်ဖြစ်အောင်နေပါ။ (သူ့ကိုယုံတယ်ဆိုတာ တွင်တွင်ပြောပါ။ ကွယ်ရာမှာ လှမ်းပြီး ထောက်လှမ်းတယ်ဆိုတာလည်း သူမသိပါစေနဲ့)

ခင်ပွန်းသည်ရဲ့ ဝါသနာတွေအတွက် အချိန်ပေးနိုင်ဖို့ အားပေးကူညီပါ။ အိမ်ထောင်ကျပြီး တစ်ယောက်ကိုတစ်ယောက်အမြဲ မြင်နေရတဲ့အခါ တစ်ယောက်ကိုတစ်ယောက် လွမ်းဖို့အတွက် တစ်ခါတလေမှာ အဝေးမှာ နေကြည့်သင့်တယ်လေ။ (မောင်ဒီနေ့ ဘောလုံးသွားကန်ပါလားလို့ပြောပြီး သင်လည်း သူငယ်ချင်းတွေနဲ့ ရုပ်ရှင်သွားကြည့်တာ သူမသိပါစေနဲ့)

ခင်ပွန်းသည်ကို ကြင်နာစွာ ပြုမူပြောဆိုပါ။ အိမ်ထောင်သက်ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ကြင်နာစွာပြောဆိုဆက်ဆံတာတွေ လျော့နည်းလာတတ်ပါတယ်။ ( ယောက်ျားဆိုတဲ့အမျိုးက အချော့ကြိုက်တယ်လေ။ ချော့ချော့ပြီး ကိုယ်လိုရာတွေကို ပူဆာတတ်ပါစေ)

ခင်ပွန်းသည်ရဲ့ ဘက်မှာ အမြဲရပ်တည်ပါ။ ဘယ်လိုအကြောင်းတရားမျိုးတွေပဲ ကြုံတွေ့ရပါစေ ခင်ပွန်းသည်ရဲ့ ယုံကြည်ချက်တွေကိုအပေါ် ခြွင်းချက်မရှိရပ်တည်ပေးပါ။ (ကျွန်မမောင့်ဘက်မှာ အမြဲရှိတယ်ဆိုတဲ့ စကားလေးဟာ ခင်ပွန်းသည်ရဲ့ ရင်ခုန်သံကို အမြဲခုတ်မောင်းနေစေတဲ့ လောင်စာဆီလေးပဲဖြစ်ပါတယ်)

ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာ မိန်းကလေးတစ်ယောက် ဝတ်ဆင်နိုင်တဲ့ တန်ဖိုးအကြီးဆုံး ဝတ်ရုံလွှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစွာ နေထိုင်ကြင့်ကြံပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်နဲ့ ရဲရင့်တက်ကြွတဲ့ အသွင်အပြင်ဟာ ခင်ပွန်းသည်ရဲ့ စိတ်ကို လွှင့်ထွက်မသွားအောင် ချည်နှောင်ထားနိုင်တဲ့ ချည်တိုင်လေးပဲဖြစ်ပါတယ်)

ခင်ပွန်းသည်ကိုအမြဲနားလည်ပေးပါ။ မိမိကိုနားလည်စေချင်တဲ့ ကိစ္စတွေကိုလည်း ပွင့်လင်းစွာပြောပြပါ။ (သင့်ကို တကယ်ချစ်ရင် သင့်ရဲ့ခံစားချက်တွေကို နားလည်လိမ့်မယ်ဆိုတဲ့ လွဲမှားတဲ့အယူအဆတွေကို လွှတ်ချထားလိုက်ပါ။ ယောကျာ်းတွေဟာ ကွေ့ပတ်ပြီးပြောတဲ့စကားတွေကို စိတ်မရှည်တတ်ပါဘူး။ ပွင့်လင်းစွာပြောဆိုတတ်တဲ့အကျင့်ဟာ ခင်ပွန်းသည်နဲ့ နှလုံးသားကို တိုက်ရိုက်ရောက်တဲ့ ပေါင်းကူးတံတားလေးပဲဖြစ်ပါတယ်)

အလှအပဆိုတာ အိမ်ထောင်သက်ကြာလာရင် အရေးမကြီးဘူးလို့ ဘယ်တော့မှ မထင်ပါနဲ့။ ကိုယ့်ကိုယ်ကိုလှပအောင် အမြဲဂရုစိုက်ပါ။ အသားအရေကို ထိန်းသိမ်းပါ။ ခန္ဓာကိုယ်အလေးချိန်ကို ဂရုတစိုက်ထိန်းသိမ်းပါ။ (အလှအပဆိုတာ ခင်ပွန်းသည်ရဲ့ အချစ်လိပ်ပြာကို ဇနီးသည်ရဲ့ ဘေးနားမှာပဲ တဝဲဝဲလည်နေစေတဲ့ ပန်းဝတ်မှုန်လေးတွေပဲဖြစ်ပါတယ်။)

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ပြီးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်အလေးချိန်အပြောင်းအလဲကြောင့်ပဲ ဖြစ်ဖြစ် ဝမ်းဗိုက်မှာ၊ လက်မောင်းတွေမှာ အကြောပြတ်အရာလေးတွေ ထင်လာတတ်ပါတယ်။ မိသားစုအတွက် အချိန်ပေးပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်မှုအားနည်းလာတဲ့ အမျိုးသမီးတွေအနေနဲ့ အကြောပြတ်အရာတွေဟာ Relationship နဲ့ ဘာမှမသက်ဆိုင်ဘူးလို့လည်း ထင်နေတတ်ကြပါတယ်။ တကယ်တော့ ပြစ်မျိုးမှဲ့မထင်လှပတဲ့ ခန္ဓာကိုယ်နဲ့ စာနာနားလည်တတ်တဲ့ နှလုံးသားဟာ ခင်ပွန်းသည်ကို ချုပ်ဖို့အကောင်းဆုံးချုပ်ဆေးလေးပဲမဟုတ်လား။

ဒါကြောင့် ခင်ပွန်းသည်ရဲ့ နှလုံးသားကို တစ်သက်တာအတွက် ချုပ်ကိုင်ထားနိုင်တဲ့ ချုပ်ဆေးလေးကို ရချင်တယ်ဆိုရင်…။

ခင်ပွန်းသည်ကို ဂရုစိုက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။

ကိုယ့်ကိုယ်ကိုယုံကြည်မှု တည်ဆောက်ပါ။

လှလှပပနေပါ။ အသားအရေကိုလည်း ဂရုစိုက်ပါ။

အရေးအကြောင်းတွေ၊ အကြောပြတ်အရာတွေ ကင်းစင်နေတဲ့ အသားအရေတွေနဲ့ ခင်ပွန်းသည် သင့်ကိုတမ်းတမ်းစွဲဖြစ်နေအောင် ချုပ်ထားလိုက်ပါနော်။( အကြောပြတ်ရာတွေ ကင်းစင်ပြီး လှပချောမွေ့နေတဲ့ အသားအရေရဲ့နောက်ကွယ်မှာ Palmers ရှိတယ်ဆိုတာကိုလည်း ခင်ပွန်းသည်မသိပါစေနဲ့)

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက်  Palmers နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။

Leave a Reply