၂ဝ၁၈ ၏အပတ်စဉ်ဂန္ထဝင်ဗေဒင် (ဖေဖော်ဝါရီ ၂၆-ရက်နေ့မှ မတ် ၄-ရက်နေ့အထိ)

0
429
၁။ မိဿရာသီဖွား (Aries )
 မတ်လ (၂၁)  မှ ဧပြီလ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

ကြီးကြီးမားမားမဟုတ်ပေမဲ့ အသေးအဖွဲပြဿနာလေးတွေကြောင့် စိတ်ဖိစီးမှုလေးတွေ ဖြစ်နေ မိမယ့်ကာလပါ။ ချစ်ခင်သူတွေနဲ့ဝေးနေပြီး အထီးကျန်သလိုခံစားမိနေမယ်။ စိတ်ဓာတ်မကျပါနဲ့။ ရှေ့ ကိုတိုးဖို့ နောက်ကိုခြေတစ်လှမ်းဆုတ်နေရတာပါ။ သင့်ကို အခက်အခဲကြားက လွတ်မြောက်အောင် ကူညီပေးမယ့်မိတ်ဆွေကောင်းတွေတွေ့မယ်။ အချစ်ရေးမှာ မျက်လုံးချင်းစကားပြောတဲ့ အဆင့်မှာပဲရှိ နေဦးမှာပါ။

ယတြာ။         ။ သက်တော်ကြီးရင့်တဲ့ သံဃာတစ်ပါးကို ဝတ္ထုငွေငါးထောင်ကပ်လှူပါ။

၂။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

ကြိုးစားနေပေမယ့် အရာမရောက်သလို ခံစားမှုကြောင့် အတန်ငယ်စိတ်ပျက်မိနေမယ်။ လုပ် ငန်းသစ်တွေမတိုးချဲ့ပါနဲ့ဦး။ ငွေကြေးရင်းနှီးမြှုပ်နှံရမယ့်ကိစ္စတွေမှာ အကောင်းဆုံးအကြံဉာဏ်ပေးနိုင် မယ့် လူကြီးမိဘ၊ ဆရာသမားများနဲ့ တိုင်ပင်ဆုံးဖြတ်ပါ။ ကျန်းမာရေးသင့်ပါတယ်။ အချစ်ရေးမှာ ချစ်တဲ့ သူဆီက အဖြေကောင်းရမယ်။

ယတြာ။         ။ မွေးရက်မှာ အိမ်နီးချင်းလူကြီးသူမများကို အားဆေးဒါနပြုပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁)ရက်အတွင်း မွေးဖွားသူများ

အလုပ်လုပ်ရတာ စိတ်မပါသလိုဖြစ်ပြီး စိတ်တွေပျံလွင့်သလို ဖြစ်နေမိမယ့်ကာလပါ။ မွေးချင်း မောင်နှမတွေကြောင့် ဂုဏ်တက်ရမယ်။ ငွေကြေးတွေ အစုလိုက်အပြုံလိုက်ဝင်မယ်။ နေအိမ်ပြုပြင်ရ မယ်။ အလှူဒါနတွေပြုရမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။ ကျန်းမာရေးမှာ အစာအိမ်ဒုက္ခပေးတတ် တယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ယတြာ။         ။ မွေးနံထောင့်မှာ မွေးနေ့နံပန်းကပ်လှူပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)

ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အရင်းနှီးဆုံးသူတစ်ယောက်ရဲ့ ကျန်းမာရေးကိစ္စကြောင့် စိုးရိမ်ပူပန်ရတတ်တယ်။ စီးပွားရေး ကောင်းမယ်။ ခရီးတိုတွေ ဆက်တိုက်ထွက်ရကိန်းရှိတယ်။ သင့်အတွက် ကံကောင်းခြင်းတွေ သယ် ဆောင်လာပေးမယ့် ခရီးတွေဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းပါတယ်။

ယတြာ။         ။ မွေးနံထောင့်မှာ စံပယ်ပန်းကပ်လှူပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ပျော်ရွှင်စရာနဲ့ စိတ်ညစ်စရာတွေ တစ်လှည့်စီဒွန်တွဲနေတဲ့ ကာလဖြစ်ပါတယ်။ ငွေကြေးအဝင် ကြမ်းနေသလို ကုန်ကျစရာတွေလည်း များနေတဲ့အတွက် စိတ်မောနေရမယ်။ ဝန်ထမ်းဖြစ်ပါက ရာထူး တိုးနဲ့ ပြောင်းရွှေ့ရတတ်တယ်။ အချစ်ရေးမှာ မျှော်လင့်ထားသူနဲ့ ဝေးနေပြီး မမျှော်လင့်ထားသူနဲ့ ပိုနီး စပ်သလို ဖြစ်နေမယ်။

ယတြာ။         ။ မွေးရက်မှာ ကြောင်လေးတွေကို ငါးကြော်ကျွေးပါ။

၆။ ကန်ရာသီဖွား (Virgo )  

သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်းမွေးဖွားသူများ

သင့်ဆီကနေ အကူအညီတောင်းခံသူတွေ၊ အကြံဉာဏ်တောင်းခံသူတွေ ထူးထူးခြားခြားများ နေမယ်။ လုပ်ငန်းတွေမှာလည်း သင်ဦးဆောင်လုပ်ကိုင်ရမယ်။ သင့်ရဲ့အရည်အချင်းတွေကို ပြသနိုင် မယ့် အခွင့်ကောင်းဖြစ်တာကြောင့် ကြိုးစားလုပ်ကိုင်လိုက်ပါ။ အချစ်ရေးမှာ စိတ်ဓာတ်ခံယူချက်ချင်း နီးစပ်သူနဲ့ ချစ်ကြိုးသွယ်ရတတ်တယ်။

ယတြာ။         ။ မွေးရက်မှာ နေအိမ်ရှေ့မှာ အပင်စိုက်ပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စုဆောင်းထားတဲ့ငွေကြေးလေးတွေ အလိမ်ခံရတာကြောင့် ဆုံးရှုံးရတတ်တယ်။ အချေးအငှား တွေ မလုပ်ပါနဲ့။ စုပေါင်းစပ်ပေါင်းလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နားလည်တဲ့ လူကြီးသူမတွေ နဲ့ အရင်တိုင်ပင်ပါ။ တနင်္လာနံနဲ့စတဲ့ လုပ်ငန်းတွေအကျိုးပေးမယ်။ အချစ်ရေးမှာ ကြားလေသွေးလို့ ခဏဝေးနေရမယ်။

ယတြာ။         ။ မွေးနံထောင့်မှာ ဘုရားရေသပ္ပာယ်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

စိတ်ချမ်းသာစရာလေးတွေနဲ့ ပြည့်နေတဲ့ကာလဖြစ်ပါတယ်။ ရာထူးတိုးဖြေထားသူများ အောင် မြင်မယ်။ ပညာရေးလိုက်စားသူများ နိုင်ငံရပ်ခြားအထိ ပညာသင်ခွင့်ကြုံမယ်။ ဆရာသမားကောင်းများ ရဲ့ လက်တွဲခေါ်ယူကူညီမှုတွေ ရရှိမယ်။ အချစ်ရေးမှာ နေမြဲအတိုင်းပါပဲ။

ယတြာ။         ။ မွေးရက်မှာ နာမကျန်းသူများကို ဆေးဝါးလှူပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

ပြီးပြီးသား ကိစ္စတွေပြန်ပေါ်တတ်တယ်။ ရန်ကိုရန်ချင်းမတုံ့နှင်းပါနဲ့။ မေတ္တာတရားနဲ့သာ တုံ့ပြန်လိုက်ပါ။ စိတ်ညစ်စရာတွေအားလုံး သူ့အလိုလို ပြန်ပြေလည်သွားမှာပါ။ စီးပွားရေးလုပ်ငန်း လေးတွေ အောင်မြင်နေမယ်။ အချစ်ရေးမှာ ချစ်တဲ့သူဆီက နားလည်မှုလေးတွေပိုရလာမယ်။

ယတြာ။         ။ မွေးရက်မှာ လမ်းဘေးခွေးလေးတွေကို အစာကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)

ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

မိသားစုထဲမှာ ပျော်စရာသတင်းကောင်းလေးတွေ ကြားရမယ့် ကာလဖြစ်ပါတယ်။ ဆွေမျိုးထဲ အလှူကိစ္စ၊ မင်္ဂလာကိစ္စပေါ်မယ်။ စီးပွားရေးအနေနဲ့တော့ ကြိုးစားသလောက်အရာထင်မယ်။ အချစ် ရေးမှာ ကြားဝင်သွေးထိုးသူကြောင့် ချစ်သူနှစ်ယောက်ကြား အထင်လွဲစရာလေးတွေ ဖြစ်တတ်တယ်။ ကြားစကား သတိထားပါ။

ယတြာ။         ။ မွေးရက်မှာ ငါးတွေကို အစာကျွေးပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )

ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်းမွေးဖွားသူများ

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်နေရမယ့်ကာလပါ။ လုပ်ကိုင်သမျှလေးတွေလည်း အရာထင်နေမယ်။ ငွေကြေးကံ အသင့်တင့်ပါပဲ။ ကျန်းမာရေးအနေနဲ့ ဒူးနာ၊ ခါးနာဖြစ်တတ်တယ်။ လှေကား၊ အမြင့်အတက်အဆင်းသတိပြုပါ။ အချစ်ရေးသင့်ပါတယ်။

ယတြာ။         ။ မွေးရက်မှာ ငါးသက်စေ့လွှတ်ပါ။

၁၂။ မိန်ရာသီဖွား (Pisces)

ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

အခင်မင်ဆုံးမိတ်ဆွေတွေနဲ့ စကားအငြင်းအခုံဖြစ်ရတတ်တယ်။ စကားအပြောအဆို ဆင်ခြင် သတိပြုပါ။ မနာလိုသူတွေ ကြားဝင်သွေးထိုးတတ်တာကြောင့် ပြဿနာပိုကြီးတတ်ပါတယ်။ ငွေကြေး အများအပြားဝင်ကိန်းရှိတယ်။ ထီထိုးပါ။ အချစ်ရေးမှာ သင့်ထက်ငယ်တဲ့သူနဲ့တွေ့တတ်တယ်။

ယတြာ။         ။ ဘေးဘယာတွေကျော်လွှားနိုင်စေဖို့ ဘယာကြော်ဆွမ်းလောင်းပါ။

တိုက်ဆိုင်မှုလေးတွေပါရင် LIKE & SHARE လေးလုပ်လိုက်ပါနော်။