တော်ဝင်မင်းသားလေး Royal Jelly ရဲ့ ကျန်းမာရေးကောင်းကျိုးများ

0
231

စာချစ်သူတို့ရေ….

Royal Jelly ဆိုတာ ကျွန်မတို့အားလုံးကြားဖူးနားဝရှိနေတဲ့ သက်စောင့်အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါပေမဲ့ Royal Jelly မှာ ဘယ်လိုမျိုးကျန်းမာရေး ကောင်းကျိုးတွေရှိနေတယ်ဆိုတာကိုတော့ သိသူနည်းကြပါတယ်။ နိုင်ငံတကာက ကျန်းမာရေးပညာရှင်တွေက တော်ဝင်မင်းသားလေးအဖြစ် တင်စားကြတဲ့  Royal Jelly မှာ ဘယ်လိုမျိုးကျန်းမာရေးကောင်းကျိုးတွေရှိနေလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

၁။ နိုင်ငံတကာကျန်းမာရေးပညာရှင်တွေက  Royal Jelly ဟာ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး  ဓာတ်မတည့်မှုတွေကိုလျော့ကျစေတယ်လို့ဆိုပါတယ်။

၂။ Royal Jellyမှာ ဦးနှောက်ရဲ့စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်တဲ့အတွက် Royal Jelly  စားသုံးခြင်းအားဖြင့် အဲလ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ Royal Jelly မှာပါဝင်တဲ့ bifidobacteria လို့ခေါ်တဲ့ ဘတ်တီးရီးယားတွေဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို များစွာအထောက်အကူပြုနိုင်ပါတယ်။ ဒါကြောင့် Royal Jelly ကို ပုံမှန်မှီဝဲခြင်းအားဖြင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။

၎။ Royal Jelly ဟာ  ရာသီစက်ဝန်းကာလ နာကျင်ကိုက်ခဲမှုတွေကို လျော့ပါးသက်သာစေပြီး ရာသီသွေးကြောင့် အမျိုးသမီးတွေဖြစ်ပေါ်တတ်တဲ့ စိတ်အပြောင်းအလဲမြန်ခြင်းတွေကို သက်သာစေနိုင်ပါတယ်။

၅။ Royal Jelly စားသုံးခြင်းအားဖြင့် အသားအရေရဲ့ ကိုလိုဂျင် (Collagen) ထုတ်လုပ်မှုကို အထောက်အကူပြုပေးပြီး အသားအရေကိုတင်းရင်းလှပစေပါတယ်။

၆။ Royal Jelly ဟာ အရိုးရဲ့ သိပ်သည်းဆတွေကို ကောင်းမွန်စေပြီး အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ Royal Jelly ဟာ ဒဏ်ရာအနာတရတွေကို လျော့ပါးစေပြီး အသားအရေပူစပ်ပူလောင်ဖြစ်ခြင်းတွေကို သက်သာစေပါတယ်။

၈။ Royal Jelly ဟာ အမျိုးသားတွေရဲ့ မျိုးပွားအင်္ဂါအဖွဲ့အစည်းကို အထောက်အကူပြုပါတယ်။ လေ့လာမှုတွေအရ Royal Jelly ဟာ သုတ်ပိုးအရေအတွက် တိုးပွားစေခြင်း၊ မျိုးအောင်စေဖို့အတွက် အထောက်အကူပြုနိုင်ခြင်းစတဲ့ အစွမ်းသတ္တိတွေရှိနေပါတယ်။

၉။ လေ့လာမှုတွေအရ Royal Jelly မှီဝဲခြင်းဟာ ဆီးချိုရောဂါဖြစ်ပွားမှုကို လျော့ကျစေပါတယ်။

၁ဝ။ Royal Jelly ဟာ ဓာတ်ရောင်ခြည်ကုထုံးခံယူနေတဲ့ လူနာတွေကို အားဖြည့်ပေးပါတယ်။

စာချစ်သူတို့ရေ….

ကျန်းမာရေးကောင်းကျိုးတွေများစွာရှိနေတဲ့ Royal Jelly ကို မှီဝဲစားသုံးချင်ပေမယ့် Royal Jelly ကြွယ်ဝစွာပါဝင်တဲ့ သက်စောင့်အားဆေးမျိုးကို ရှာရခက်နေတယ်ဆိုရင် Royal Jelly ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေအစုံပါတဲ့  Revicon အားဆေးရှိတယ်ဆိုတာကို ညွှန်းဆိုပါရစေ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြတ်လတ်တက်ကြွစွာ လုပ်ဆောင်နိုင်ဖို့နဲ့ ကျန်းမာရေးကောင်းမွန်ဖို့ ခြေလှမ်းလေးတစ်လှမ်းကို Revicon တစ်နေ့တစ်လုံးပုံမှန်သောက်သုံးခြင်းအားဖြင့်ရရှိလိုက်ရအောင်။

စာချစ်သူတို့အတွက် ဗဟုသုတရစေဖို့ Revicon နဲ့ ဂန္ထဝင်မဂ္ဂဇင်းတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE ပေးလိုက်ပါဦးနော်။