ချောင်းဆိုးလွန်းရင် ခန္ဓာကိုယ်မှာ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာစေနိုင်သလဲ

0
160

ချောင်းဆိုးတယ်ဆိုတာ လေပြွန်နဲ့ လည်ချောင်းတစ်လျှောက်က ချွဲတွေ၊ ပြင်ပအမှုန်တွေ၊ အရည်တွေ၊ ဘက်တီးရီးယားတွေနဲ့ ဓာတ်မတည့်တဲ့အရာတွေကို ရှင်းထုတ်ဖို့ အဆုတ်ကနေ လေမြန်မြန်မှုတ်ထုတ်လိုက်ခြင်း တစ်မျိုးပါ။ ချောင်းဆိုးတဲ့ကာလ ၈ ပတ်ကျော်သွားရင် နာတာရှည်ချောင်းဆိုးရောဂါလို့ သတ်မှတ်နိုင်ပြီး ဆရာဝန်ဆီသွားပြသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။

ချောင်းဆိုးတဲ့အခါ ဘယ်လိုဆိုးကျိုးတွေရလဲလို့ မေးလိုက်ရင် လူတော်တော်များများက အိပ်ရေးပျက်တာ၊ လူကြားထဲ ကောင်းကောင်းသွားလာလို့မရတာ၊ ခေါင်းကိုက်တာလို့ပဲ ဖြေတတ်ကြတယ်။ အဲဒါတွေတင် မကသေးပါဘူး။ ရေရှည်ချောင်းဆိုးတဲ့အခါမှာ ခန္ဓာကိုယ်ကို ထိခိုက်လာနိုင်တာတွေတွေရှိပါတယ်။ ချောင်းဆိုးလွန်းရင် ခန္ဓာကိုယ်မှာဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာ ကြည့်ရအောင်။

၁။ ကြွက်သားနာကျင်ခြင်း

နာတာရှည်ချောင်းဆိုးတဲ့အခါ ဝမ်းဗိုက်ကြွက်သားနာကျင်တာဟာ ရောဂါတစ်ခုလို ခံစားလာရတတ်ပါတယ်။ ချောင်းဆိုးလိုက်တိုင်း ဗိုက်ကြွက်သားတွေက အဆုတ်ကိုဖိပေးရတာကြောင့် ဖိအားသက်ရောက်ပြီး ကြာလာတဲ့အခါ ဗိုက်နာတတ်ပါတယ်။

၂။ နံရိုးတွေ အက်ကွဲခြင်း

နာတာရှည်ချောင်းဆိုးလို့ နံရိုးတွေ အက်တာက အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အဆုတ်ဘေးနှစ်ဖက်မှာရှိတဲ့ အလယ်နံရိုးတွေက ဒီဒဏ်ကို ပိုပြီးခံစားရပါတယ်။ အရိုးသိပ်သည်းဆနည်းတဲ့သူတွေဆိုရင် ချောင်းဆိုးလွန်းတဲ့အခါ နံရိုးအက်နိုင်ခြေ ပိုများပါတယ်။

၃။ သွေးကြောနံရံတွေ ပျက်စီးခြင်း

ချောင်းတွေအရမ်းဆိုးတဲ့အခါ သွေးကြောနံရံတွေကို ဖိအားသက်ရောက်စေပြီး သွေးကြောလေးတွေ ပေါက်ကွဲထွက်စေတတ်ပါတယ်။ အထူးသဖြင့် နှာခေါင်းနဲ့ စအိုတစ်ဝိုက်က သွေးကြောတွေကို ပေါက်စေပြီး လိပ်ခေါင်းရောဂါတောင် ဖြစ်စေနိုင်ပါတယ်။

၎။ ရင်ဝမ်းခြားကန့်လန့်ကာကြွက်သား (diaphragm) ကို ထိခိုက်စေခြင်း

ချောင်းဆိုးတဲ့အခါမှာ diaphragm က အပေါ်ဘက်ကို တွန်းခံရပြီး နံရိုးတွေကတော့ အတွင်းဘက်နဲ့ အောက်ဘက်ကို တွန်းခံရပါတယ်။ ဒီလို ဦးတည်ဘက်မတူညီခြင်းတွေကြောင့် ကြာလာတဲ့အခါမှာ diaphragm ကို ထိခိုက်ပြီး စုတ်ပြဲစေပါတယ်။

၅။ ဝမ်းဗိုက်အူထွက်ခြင်း

ဝမ်းဗိုက်အူထွက်ခြင်း (abdominal hermia) ဆိုတာ ဝမ်းဗိုက်ကြွက်သွားအတွင်းနံရံက စုတ်ပြဲသွားပြီး အဲဒီအပြဲရာလေးထဲကို အူကဝင်သွားပြီး အဖုတွေလိုမျိုးဖြစ်နေတာမျိုးပါ။ ချောင်းဆိုးတဲ့အခါ ဝမ်းဗိုက်နံရံအတွင်းသားတွေ ကွဲထွက်တတ်တာကြောင့် ဒီလို ဝမ်းဗိုက်အူထွက်တာမျိုး ဖြစ်တတ်ပါတယ်။

၆။ လည်ချောင်းတစ်ဝိုက်က တစ်သျှူးတွေ ပျက်စီးခြင်း

ချောင်းဆိုးတာ ကာလကြာလာရင် လည်ချောင်းအတွင်းပိုးဝင်တာမျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းတွေကိုပါ ပိုးဝင်နိုင်ခြေများပါတယ်။ ပြီးတော့ လည်ချောင်းနားက တစ်သျှူးတွေကိုလည်း ပျက်စီးစေပါတယ်။

၇။ ချောင်းဆိုးသွေးပါခြင်း

ချောင်းဆိုးတာ အချိန်ကြာပြီးပြင်းထန်လာရင်၊ အသက်ရှူလမ်းကြောင်းတစ်လျှောက် ပိုးဝင်ရင် ချောင်းဆိုးတဲ့အခါ သွေးပါနိုင်ပါတယ်။ ချောင်းဆိုးတဲ့အခါ သွေးပါရင် ဆေးရုံဆေးခန်းသာ အမြန်ဆုံးပြေးပါတော့။

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ… လူတော်တော်များများက ချောင်းဆိုးပြီဆိုရင် သာမန်လောက်ပဲထင်ပြီး ပေါ့ပေါ့လျော့လျော့နေတတ်ကြတယ်။ သာမန်ချောင်းဆိုးတာလေးက ပျောက်သင့်တဲ့အချိန်မှာ မပျောက်ဘဲ ကာလကြာရှည်လာတော့ အထက်မှာဖော်ပြထားတဲ့အတိုင်း နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒီတော့ ချောင်းစဆိုးပြီဆိုကတည်းက ချောင်းဆိုးပျောက်ဆေးကို ဆေးပတ်လည်အောင် သောက်သင့်ပါတယ်။ ချောင်းဆိုးပျောက်ဆေးရွေးချယ်ရာမှာလည်း နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ထားပြီး ဘေးထွက်ဆိုးကျိုးတွေမရှိတဲ့ ချောင်းဆိုးပျောက်ဆေးကိုပဲ ရွေးချယ်သင့်ပါတယ်။

ဥပမာ – Woods ချောင်းဆိုးပျောက်ဆေးလိုမျိုးပေါ့။

စာဖတ်ပရိသတ်ကြီးတို့ရဲ့ ကျန်းမာရေးကောင်းမွန်စေဖို့ ရည်ရွယ်ပြီး ဂရုပြုတဲ့အနေနဲ့ ဒီဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Woods ချောင်းဆိုးပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်လိုက်ပါတယ်ရှင်။