ခေတ်သစ်အသည်းကွဲ ရောဂါကုသနည်းများ

0
1046

(၂၁) ရာစု ခေတ်သစ်ပျိုမေတွေဟာ မိမိအတွက် ငွေကြေးကိုကိုယ်တိုင်ရှာဖွေ၊ မိမိတို့ရဲ့လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်ဆည့်ပြီး၊ မိမိတို့ဘဝအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်တိုင်ချမှတ်နိုင်လာတဲ့ အမျိုးသမီးတွေဖြစ်လာပါပြီ။ ဒါပေမဲ့ ဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်တဲ့အမျိုးသမီးဖြစ်ပါစေ နှလုံးသားရေးရာရာနဲ့ပတ်သက်ပြီး ထိခိုက်နာကျင်စရာတွေ ကြုံတွေ့လာတဲ့အခါ ပြန်လည်နလန်ထူဖို့ ခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် ခေတ်သစ်ပျိုမေတစ်ယောက်အတွက် နှလုံးသားဝေဒနာကို ကုစားဖို့ နောက်ဆုံးပေါ်ဆေးနည်းလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

၁။ သင့်ချစ်သူပေးခဲ့ဖူးတဲ့ လက်ဆောင်ပစ္စည်းတွေ အားလုံးကို ထုပ်ပိုးပြီး ချို့တဲ့သူတွေကို လှူပစ်လိုက်ပါ။

၂။ သင့်ကိုစွန့်လွတ်ခဲ့တဲ့ သင့်ချစ်သူနဲ့ တစ်နေ့နေ့မှာ ပြန်ဆုံတဲ့အခါ သင့်ဘဝကို ယခုထက်ပိုမိုကောင်းမွန်နေအောင်  တည်ဆောက်ထားပါ။

၃။ သူ့ရဲ့ ဖေ့စ်ဘုတ်တွေ၊ ဖုန်းနံပါတ်တွေ၊ သင့်ဖုန်းထဲက သူ့ဓာတ်ပုံတွေအားလုံးကို ဖျက်ပစ်ပါ။

၎။ ဆံပင်အရောင်ပြောင်းတာ၊ တစ်ခါမှ မဆိုးဖူးတဲ့ နှုတ်ခမ်းနီအရောင်တွေဆိုးတာတွေ လုပ်ပါ။

၅။ သင့်ကိုကောင်းစွာနားလည်ပေးတဲ့ သူငယ်ချင်းတွေနဲ့ အချိန်တွေကုန်ဆုံးစေပါ။

၆။ ဘာသာစကားအသစ်တွေသင်ယူတာ၊ ပညာရပ်အသစ်သင်ယူတာ စတာတွေလုပ်ပါ။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ခရီးတိုတစ်ခုလောက်ဖြစ်ဖြစ် တစ်ယောက်တည်းထွက်ပစ်လိုက်ပါ။

၈။ မိမိနှစ်သက်တဲ့အစားအစာတွေ လျှောက်စားပါ။

၉။ တရားထိုင်ပါ။

၁ဝ။ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပါ။

အသည်းကွဲတဲ့ရောဂါကို မြန်မြန်ကုပြီး အနာဂတ်ကိုကောင်းမွန်စွာလျှောက်လှမ်းနိုင်ကြပါစေနော်။