ကောင်လေးတစ်ယောက်ရေးတဲ့ ချစ်သူရှိတဲ့ ကောင်လေးတိုင်း ဖတ်ဖို့ စာလေးတစ်စောင်

0
357

ကျွန်တော်က သိပ်အတဲ့ ထဲမှာပါတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ကျွန်တော့်ချစ်သူကောင်မလေး ဘာတွေခံစားနေရလဲ၊ သူမဘာတွေဖြစ်နေလဲဆိုတာကို ကျွန်တော်မခန့်မှန်းတတ်ဘူး။ မိန်းကလေးဆိုတဲ့ အမျိုးကလည်း အခက်သားဗျ။ တစ်ခါတလေမှာ တက်ကြွရွှင်လန်းလို့၊ တစ်ခါတလေမှာ ဘာမှမလုပ်ရဘဲ ဝမ်းနည်းကြေကွဲလို့၊ တစ်ခါတလေမှာ ဘာမှမလုပ်ရဘဲ ဒေါသတွေထွက်လို့၊ တစ်ခါတလေမှာ ဘာမှမလုပ်ရဘဲ “ကို သဲကို ထားမသွားရဘူးနော်” လို့ပြောပြီး ငိုတာဆိုတာ ဒီကကောင်က ဘာလုပ်ရမှန်းမသိတော့ဘူး။ လတွေရဲ့ အချို့ရက်တွေမှာဆိုရင် လူကိုရစ်တာ ရစ်တာဆိုတာလေ ထိုင်တောင်ငိုချင်မိတဲ့အထိ။ ဘာတွေပြောမှန်းမသိ၊ အမူးသမားတောင် သူ့လောက်ရစ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော့်မှာလေ ရည်စားထားမိတာ မှားပြီလားလို့တောင် တွေးမိတဲ့အထိ။ ဘာဖြစ်ချင်တာလဲလို့ မေးမိတော့လည်း ကျွန်တော်သူ့ကိုနားမလည်လို့ဆိုပြီး ငိုသွားပါလေရောဗျာ။

ကျွန်တော့်ချစ်ချစ်ရဲ့ အကျင့်လေးတွေကို  အစ်မတစ်ယောက်ကို ပြောပြမိတယ်။ ကျွန်တော့်စကားကို နားထောင်ပြီး အစ်မကရယ်လိုက်တာဆိုတာ ကျွန်တော်တောင် ကြောင်သွားတယ်ဗျာ။ ရယ်လို့ဆုံးမပဲ အစ်မက ကျွန်တော့်ကို ပြုံးပြီး ရှင်းပြတယ်။ မောင်လေးရေ.. နားနဲ့မနာ ဖဝါးနဲ့နာပါတဲ့။ အစ်မတို့မိန်းကလေးတွေရဲ့ တစ်လတာဟာ ရာသီဥတုလေးမျိုးလိုပဲ နေသာလိုက်၊ မိုးရွာလိုက်၊ နှင်းကျလိုက် ဖြစ်တတ်တယ်တဲ့။ မိန်းကလေးတွေ မျိုးဥကြွေခါနီးတဲ့အချိန်မှာဆိုရင် သူတို့ကိုယ်တိုင်ထိန်းချုပ်လို့မရတဲ့ စိတ်ထိခိုက်လွယ်တာ၊ ဒေါသထွက်တာ စတာတွေဖြစ်တတ်တယ်။ တချို့မိန်းကလေးတွေက ရာသီစက်ဝန်းကာလတွေမှာဆိုရင် စိတ်အတက်အကျတွေမြန်ပြီး တငိုငိုတရီရီဖြစ်နေတတ်တယ်။ သူတို့ဖြစ်နေတာကို သူတို့သိပေမယ့် ထိန်းချုပ်တားဆီးလို့တော့ မရနိုင်ဘူးဖြစ်နေတတ်တယ်တဲ့။ ရာသီစက်ဝန်းကာလပြီးသွားပြီဆိုရင်တော့ မိုးတိမ်ကင်းလွတ်သွားတဲ့ ကောင်းကင်ကြီးလိုပဲ ပြန်ပြီး လန်းဆန်းဖျတ်လတ်လာတတ်တယ်။

အစ်မပြောမှပဲ ကျွန်တော့်ကောင်မလေးဖြစ်နေတတ်တာတွေကို စဉ်းစားမိသွားပြီး သူမကို နားလည်သွားတော့တယ်။ အစ်မက မှာလိုက်သေးတယ်။ အဲ့ဒီအချိန်မှာဆိုရင် မောင်လေးရဲ့ နားလည်မှု၊ ချစ်ခင်ကြင်နာမှုနဲ့ နွေးထွေးမှုတွေကို သူမအလိုအပ်ဆုံးအချိန်တွေတဲ့။ သူမဝမ်းနည်းနေရင် သူမကိုထွေးပွေ့ထားပေးပါ။ သူမရစ်နေတဲ့အချိန်တွေမှာ သဘောထားကြီးကြီးနဲ့ ခွင့်လွတ်ပေးပါ။ သူမစားချင်တာတွေကို ကျွေးပါ။ အတတ်နိုင်ဆုံးအလျှော့ပေးပါတဲ့။ သိတယ်မဟုတ်လား ချစ်တဲ့သူဆိုတော့ လုပ်ပေးပြီးသားပဲ။ အခုဆိုသူမအဲ့လိုဖြစ်နေရင် ကျွန်တော်အစ်မမှာထားတာတွေကို တသဝေမတိမ်းလိုက်လုပ်ပေးဖြစ်တယ်။ သူမနေကောင်းသွားရင်တော့ လက်စားချေတဲ့အနေနဲ့ အာဘွားတွေ တောင်းပစ်လိုက်တယ်လေ။

အစ်မဆီက စနည်းနာပြီးနောက်ပိုင်း အစ်မညွှန်းတဲ့ Prim E ကိုလည်း တစ်လစာဝယ်ပေးထားလိုက်တယ်။ Evening Prim Rose နဲ့ GLA ပါဝင်ပြီး အမျိုးသမီးတွေကို လတိုင်း၊ အချိန်တိုင်း စိတ်ချမ်းသာသာ ဖြတ်သန်းစေဖို့ ကူညီပေးတဲ့ Prim E သောက်ပြီးတဲ့နောက်မှာ စိတ်အတက်အကျမြန်တာ၊ နာကျင်ကိုက်ခဲတာတွေ သိသိသာသာ လျော့လာသလိုပဲဗျ။ ကျွန်တော့်ကိုအရင်လို မရစ်တော့ဘူးလေ။ GLA က အာရုံကြောပျက်စီးတာတွေ၊ အဲလ်ဇိုင်းမားတွေ၊ ဆီးချိုရောဂါတွေ၊ သွေးဖိအား များတာတွေကိုလည်း လျော့ကျပေးတယ်ဆိုတော့ ကျွန်တော့်ချစ်လေးအတွက် သိပ်ကိုကောင်းတာပေါ့ဗျ။ ဆဲလ်ယောင်းယမ်းမှုတွေ သက်သာစေပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို ကူညီပေးတယ်ဆိုတော့ အမျိုးသမီးအများစုဖြစ်တတ်တဲ့  ဓမ္မတာလာချိန်နဲ့ မလာခင်နေ့တွေမှာဖြစ်တတ်တဲ့ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်း၊ ကိုယ်လက်နာကျင်ကိုက်ခဲခြင်း၊ ရင်သားနာကျင်ကိုက်ခဲခြင်း၊ စိတ်ဖိစီးမှုများခြင်း နှင့် ဝက်ခြံထွက်တာတွေလည်း လျော့စေတယ်လေ။ သိလာချည်လားလို့တော့ လာမမေးနှဲ့ဗျ။ ကောင်မလေးကို ချစ်တဲ့စိတ်နဲ့ အကုန်လေ့လာထားတာ။

ဗီတာမင်-အီးပါဝင်တာကြောင့် တစ်နေ့တစ်လုံး ပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်အတွင်း လျော့နည်းနေတဲ့ အဆီအက်စစ် ကို ပြန်လည်ပြည့်ဝစေပြီး အမျိုးသမီးတွေ လစဉ်ခံစားနေရတဲ့ ဝေဒနာတွေကို သက်သာစေတယ်ဆိုတော့ ခင်များတို့လည်း ချစ်လေးရစ်သမျှတွေကြောင့် စိတ်ညစ်နေတယ်ဆိုရင် Prim E လေးသာ ဝယ်တိုက်ကြပါဗျာ။ ဗီတာမင်အီးက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေတယ့်ပြီး GLA က စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်ဆိုတော့ မွေးရာပါ ရစ်တတ်တဲ့ ကောင်မလေးတွေကလွဲရင် ကျန်တာအားလုံးကို သက်သာစေပါတယ်။

စာချစ်သူတို့ရဲ့ ဗဟုသုတနဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Prim E တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ ဒီစာစောင်လေးကို သက်ဆိုင်သူဖတ်စေချင်တယ်ဆိုရင် ဝေမျှထားလိုက်ပါဦး။

 

Leave a Reply