အမြဲတမ်း မကောင်းမြင်တတ်တဲ့သူငယ်ချင်းကို ဘယ်လိုလုပ်ရမလဲ။

0
92

ကျွန်မက အသက် (၂၅) နှစ်အရွယ် မိန်းကလေးတစ်ယောက်ပါ။ ကျွန်မမှာ သိပ်ခင်ရတဲ့ သူငယ်ချင်းတွေရှိတယ်။ သွားအတူစားအတူနဲ့ တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းတွေရှိတာက ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါ။ ကျွန်မတို့အုပ်စုကိုလည်း အားလုံးက အားကျကြတဲ့ အုပ်စုတစ်စုပေါ့။ ဒါပေမဲ့ ကျွန်မတို့အုပ်စုမှာ မငြိမ်းချမ်းနိုင်တဲ့ အကြောင်းအရာလေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ ကျွန်မတို့သူငယ်ချင်းတစ်ယောက်က မကောင်းမြင်စိတ်တွေအရမ်းရှိပါတယ်။ စိတ်သဘောထားဆိုးတဲ့သူတစ်ယောက်မဟုတ်ပေမယ့် တစ်ခုခုဆိုရင် အပျက်သဘောဆောင်ပြီးတော့ပဲ တွေးတတ်ပါတယ်။ ခရီးတစ်ခုခုထွက်မယ်ဆိုပါစို့ အဲ့ဒီခရီးနဲ့ပတ်သက်ပြီး အားလုံးက ရင်ခုန်စိတ်လှုပ်ရှားနေချိန်မှာ သူကတော့ ခရီးမှာဘယ်လိုအန္တရာယ်တွေကြုံရနိုင်တယ်ဆိုပြီး တွေးပူနေတတ်သူကြီးပါ။ အစပိုင်းကတော့ သူက အရာရာကို ထောင့်စေ့အောင် တွေးပေးတတ်တယ်လို့ တွေးမိခဲ့ပေမယ့် အမြဲတမ်းအဲ့ဒီလိုဖြစ်နေတော့ အားလုံးအတွက် စိတ်ကသိကအောက်ဖြစ်လာရော။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သူငယ်ချင်းတစ်ယောက်ယောက်က တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း သူကအပျက်သဘောတွေပဲ အရင်ပြောပါတယ်။ သူ့အမြင်တွေကို နားထောင်ပြီးရင် တော်ရုံစိတ်မခိုင်တဲ့သူဆို ကြောက်ပြီးလုပ်မယ့်အရာတွေကို မလုပ်ဖြစ်တော့ဘူး။ တစ်ခုခုလုပ်လို့မဖြစ်ရင်လည်း သူများကိုအရင် အပြစ်တင်တတ်တယ်။ သူနဲ့ဖုန်းပြောဖြစ်ရင်လည်း စိုးရိမ်ပူပန်တဲ့စကားတွေ၊ အဆင်မပြေတဲ့အကြောင်းတွေအကြောင်းအရာတွေပဲ ပြောတယ်။ ကြာလာတော့ သူနဲ့ ဖုန်းပြောရမှာ ကြောက်လာတော့တယ်။

ကျွန်မလေ ကျွန်မရဲ့ သူငယ်ချင်းမလေးကို ချစ်လည်းချစ်တယ်။ သံယောဇဉ်းရှိတယ်။ သူ့ရဲ့ မကောင်းမြင်တတ်တဲ့ စိတ်ကိုလည်း မနှစ်မြို့ဘူး။ ကျွန်မဘာလုပ်ရမလဲဟင်။