အွန်လိုင်းပေါ်က လူလိမ်လူညာများ၊ မယုံလေနဲ့ သတိထား

0
1051

မကြာသေးခင်က ဗြိတိန်အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းမှာ လှည့်စားခံရတယ်ဆိုပြီး အွန်လိုင်းပေါ်ကချစ်သူကို တရားစွဲဆိုခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ အွန်လိုင်းပေါ်မှာ အမျိုးသားတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းတာက သူမရဲ့အွန်လိုင်းချစ်သူဟာ ဘောလိဝုဒ်မင်းသားတွေရဲ့ ဓာတ်ပုံတွေကို မိမိပုံအဖြစ်အသုံးချပြီး သူမအချစ်ကိုရယူခဲ့တာဖြစ်ကြောင်း၊ လက်တွေ့ဘဝမှာ အဲဒီအမျိုးသားဟာ ရုပ်ဆိုးဆိုးကလေးအဖေတစ်ယောက်ဖြစ်နေကြောင်းကို နောက်မှ သိလိုက်ရပါတယ်။

ဒီလိုအဖြစ်အပျက်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ အွန်လိုင်းလောကမှာလည်း အများကြီးရှိနေပါတယ်။ အထူးသဖြင့် အရှက်အကြောက်ကြီးပြီး တရားစွဲဆိုဖို့မဝံ့ရဲလို့ အညာခံရတာကို မျိုသိပ်ကျိတ်မှိတ်နေရတဲ့ ရိုးသားတဲ့မိန်းကလေးတွေမှာ ပိုပြီးတွေ့ရပါတယ်။ ဒီလိုလှည့်စားခံရတာကြောင့် အချို့မြန်မာအမျိုးသမီးလေးတွေဘဝဟာ ရေတိမ်နစ်ပြီး အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ရပါတော့တာ်။ ဒီတော့ ဒီလိုလှည့်စားခံရတဲ့အဖြစ်မျိုး နောက်ထပ်မဖြစ်အောင် ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ကိုယ်အထီးကျန်နေတယ်ဆိုတဲ့အကြောင်းကို အွန်လိုင်းမှာ ခဏခဏထုတ်မပြောပါနဲ့။

ဒီလိုအွန်လိုင်းလိမ်ညာသူတွေက အထီးကျန်နေတဲ့သူတွေကို ပိုပြီးပစ်မှတ်ထားတတ်ပါတယ်။ အထီးကျန်ပြီး ချစ်သူလိုချင်နေတဲ့စိတ်ကို အခွင့်အရေးတစ်ရပ်အဖြစ်အသုံးချပြီး စကားလုံးလှလှလေးတွေနဲ့ အချစ်ကို ရယူတတ်ပါတယ်။

၂။ အပေါင်းအသင်းများတဲ့သူတွေကိုပဲ ရှာပါ။

အွန်လိုင်းမှာရော၊ အပြင်မှာပါ သူငယ်ချင်းများတယ်၊ ပြီးတော့ အဲဒီသူငယ်ချင်းတွေနဲ့ ကိုယ်နဲ့လည်းခင်တယ်ဆိုမှ အဲဒီလူနဲ့စကားပြောပါ။ သူငယ်ချင်းသိပ်မများတဲ့ facebook user တွေကို တတ်နိုင်သလောက် ရှောင်တာအကောင်းဆုံးဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ Facebook Profile က အတုအယောင်နဲ့သူတွေကို ရှောင်ပါ။

Facebook Profile ကို ကြည့်ပြီး အစစ်အမှန်လား၊ အတုအယောင်လားဆိုတာ ခွဲခြားနိုင်ဖို့ ယနေ့ခေတ်မှာ လွယ်ကူလာပါပြီ။ ပြီးတော့ အဲဒီလို လိမ်ညာဟန်ဆောင်ထားသူတွေဟာ video call ခေါ်ဖို့ အကြောင်းအမျိုးမျိုနဲ့ ငြင်းဆိုတတ်ကြပြီး ငွေကြေးတောင်းခံတာတွေလည်း လုပ်တတ်ပါတယ်။

၎။ အရာအားလုံးကို ထုတ်ဖော်မပြောပါနဲ့။

အွန်လိုင်းပေါ်မှာ ခင်တဲ့သူမပြောနဲ့၊ လက်တွေ့ဘဝမှာခင်မင်ပြီး မိတ်ဆွေသက်တမ်း တိုနေသေးတယ်ဆိုတဲ့ သူတွေကိုတောင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အကြောင်းအရာတွေကို ထုတ်ဖော်မပြောတာအကောင်းဆုံးပါ။ အထူးသဖြင့် နိစ္စဓူဝအကျင့်တွေ၊ နေထိုင်တဲ့နေရာ၊ မိသားစုအကြောင်း၊ ကိုယ်ရေးကိုယ်တာခံစားချက်တွေနဲ့ ငွေရေးကြေးရေးကိစ္စရပ်တွေပေါ့။

၅။ ချိန်းတွေ့တဲ့နေရာမှာ သတိထားပါ။

အွန်လိုင်းပေါ်ကလူနဲ့ အပြင်မှာ ပထမဆုံးအကြိမ်တွေ့ဆုံမယ်ဆိုရင် အခြားသူငယ်ချင်းတွေကို အဖော်ခေါ်သွားပါ။ ဘယ်တော့မှ တစ်ယောက်တည်းသွားမတွေ့ပါနဲ့။ တွေ့မယ့်နေရာကိုလည်း လူစည်ကားတဲ့နေရာကို ရွေးချယ်ပါ။

အထက်ပါအချက်လေးတွေက အွန်လိုင်းပေါ်ကလူလိမ်လူညာတွေရဲ့ရန်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ တကယ်လို့ သင့်မှာ လိမ်ညာခံနေတယ်ဆိုရင်၊ ဒါမှမဟုတ် လိမ်ညာခံနေရတယ်လို့ သံသယရှိနေတယ်ဆိုရင် Cyber Police Station (သို့) ရဲစခန်းမှာ သွားရောက်အကူအညီတောင်းနိုင်ပါတယ်။

အခြားသူတွေကို သတိပေးတဲ့အနေနဲ့ SHARE လိုက်ပါ။